Lisa Pov
Lisa ထိုင်ခုံမှာထိုင်ရင်း ခြေထောက်လှုပ်နေမိတယ်။ Shit! ငါဖျားတော့မယ်နဲ့တူတယ်။ Lisa အခုကားပေါ်မှာထိုင်ပြီး Kim Corporation ဆီသွားနေတာဖြစ်တယ်။ Lisa ဟိုတယ်မှာနားနေတုန်း မနက်အစောကို Somi ဖုန်းခေါပြီး အစည်းအဝေး ရှိကြောင်း သတိလှမ်းပေးတယ်။
Somi ပါအစည်းအဝေးတက်မယ်ပြောတယ်။ ဒါက Lisa အတွက်စိတ်သက်သာရာရတာပဲ။ Lisa သူမကိုလိုအပ်တယ်။ Lisa Jennieကိုတစ်ယောက်တည်းမျက်နှာခြင်းမဆိုင်ရဲဘူး။ Lisa ချက်ချင်းကြောက်လန့်နေတဲ့ ကြောင်လေးလိုဖြစ်သွား တယ်။
Lisa စစ်တပ်ထဲမှာတာဝန်ထမ်းတုန်းက ပေါက်ကွဲမှုမှာ သတ္တိရှိရှိ သေခြင်းတရားကနေ ရှောင်နိုင်ခဲ့ပေမယ့် နှစ်တွေအကြာ ကြီး မတွေ့ရတာကြာတဲ့ Jennie နဲ့တွေ့ဖို့ကျ သတ္တိမရှိဘူးဖြစ်နေတယ်။ ဒီခံစားချက်က ဗိုက်ပဲအောင့်လာတာ လိုလို မသက်မသာကြီးခံစားရတယ်။
"Boss အဆင်ပြေလား" Bruno ကနောက်ကြည့်မှန်ကနေကြည့်ပြီးမေးလိုက်တယ်။
"အင်း အခုလောက်အဆင်ပြေတာမရှိတော့ဘူး" လို့ Lisa ညာလိုက်တယ်။
"သေချာလို့လား Boss ကြည့်ရတာအသားအရေတွေဖျော့နေသလိုပဲ။ ဆေးရုံပဲမောင်းလိုက်ရမလား" လို့သူက စိုးရိမ်ပြီး မေးလိုက်တယ်။
"ဆေးရုံသွားစရာမလိုဘူး။ ငါအဆင်ပြေတယ်" လို့ Lisa ပြုံးပြီးပြောလိုက်တယ်။
Lisa အိတ်ထဲကတဖုန်းတုန်ခါလာတယ်။ ကားထဲကဖုန်းဖြေတဲ့ခလုတ်ကိုနှိပ်လိုက်တော့ Lisa ဖုန်းကိုလက်ကကိုင်စရာ မလိုတော့ဘူး။
"Yes!" Lisa ဖြေလိုက်တယ်။
"Lisa! ရှင်အခုဘယ်မှာလဲ" ပြာယာခတ်နေတဲ့အသံနဲ့ Somi မေးတာကိုကြားလိုက်ရတယ်။
"ကိုယ်လမ်းမှာလာနေပြီ okay?" လို့သူမကိုပြောလိုက်တယ်။
"Boss ကနေလို့သိပ်မကောင်းဘူး။ ကျွန်တော်သူ့ကို ဆေးရုံလိုက်ပို့ပေးမလို့" လို့ Bruno ကသူ့ခုံကနေ အော်လိုက်တယ်။
"Bruno တိတ်လိုက်တော့" လို့ သူ့ကိုပြောလိုက်တော့ လှောင်ပြုံးပြုံးလိုက်တာကိုတွေ့ရတယ်။
"What? ရှင့်အဆင်ပြေလား" Somi ရဲ့စိုးရိမ်တကြီးမေးလိုက်သံကိုကြားရတယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...