Lisa Pov
နောက်ရက်တွေကျ Lisa ဆီ Jennie's assistant က Miss Kim နဲ့တွေ့ဖို့အကြောင်း အကြောင်းကြားချက်ရခဲ့တယ်။ Lisa ဒီတွေ့ဆုံမှုကို အတည်ပြုလိုက်တယ်။ သူ Miss Kim နဲ့တစ်ကယ်တွေ့ချင်နေတယ်။ သူမအတွက် Lisa လူကြီးလူကောင်း ဆန်ဆန်ဖြစ်နေရမယ်။
Lisa ကြည့်ကောင်းတဲ့ဝတ်စုံကောင်းကောင်းဝတ်လိုက်ပြီး ဒေစီပန်းစည်းအကြီးကြီးဝယ်လိုက်တယ်။ သူမ ဒေစီပန်း ကြိုက်တယ်ဆိုတာ Lisa လေ့လာထားတယ်။ Lisa တို့တွဲခဲ့တဲတစ်လျှောက်လုံး သူမကို ဒီလိုတစ်ခါမှ မဝယ်ပေးခဲ့ဖူးဘူး။
ဒီတစ်ကြိမ်တော့ Lisa အမှန်ကန်ဆုံးလုပ်နိုင်မယ်လို့ယုံကြည်တယ်။ ဒီတစ်ကြိမ်လုပ်မှဖြစ်မယ်။ အလုပ်မဖြစ်ရင်လဲ Lisa မှာဆုံးရှုံးစရာဘာမှမရှိတော့ဘူး။
Bruon ကိုဒီနေ့တစ်ရက်အနားပေးလိုက်တယ်။ Lisa ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တယ်ဆိုတာ သူသိတယ်။
နေ့လည်စာစားချိန်မတိုင်ခင် Jennie ရုံးကိုသွားတော့ သူမအတွင်းရေးမှူးက Lisa ကိုဝင်ခွင့်ပြုလိုက်တယ်။ ကြီးမားတဲ့ စားပွဲရှေ့ သူမထိုင်ခုံမှာ ထိုင်နေတာကိုတွေ့ရတယ်။ Lisa သူမရုံးခန်းထဲဝင်လာတော့ အပြင်ကောင်းကင်ဘက်ကို မျက်နှာမူထားပြီး သူမဖုန်းပြောနေတာကိုတွေ့ရတယ်။
Lisa တံခါးနားမှာ ပန်းစည်းကိုင်ပြီးရပ်နေတာကို သူမသတိမထားမိသေးဘူး။ သူမပြန်လှည့်လာပြီး Lisa ကိုမြင်လိုက် တော့ မင်သက်သွားတာကိုတွေ့ရတယ်။
"Lisa! ဒီမှာဘာလာလုပ်တာလဲ" သူမဖုန်းကိုင်ထားရင်းမေးလိုက်တာကိုတွေ့ရတယ်။
"ငါပြန်ခေါ်လိုက်မယ်။ ဒီမှာစကားပြောစရာလေးရှိလို့၊ bye" လို့သူမပြောပြီး ဖုန်းကိုစားပွဲပေါ်ချလိုက်တာကိုတွေ့ရတယ်။ သူမကြည့်လိုက်တာ တစ်ခုခုထူးဆန်းနေသလိုပဲ။ ပြီးတော့ သူမစားပွဲပေါ်က ထောင်ထားတဲ့ဓာတ်ပုံကို ယူလိုက်ပြီး သူမ အံ့ဆွဲထဲထည့်လိုက်တာတွေ့ရတယ်။
ဒါကထူးဆန်းတာပဲ။
သူမ Lisa ကိုမျက်မှောင်ကြုံ့ပြီး ကြည့်လိုက်တာကိုတွေ့ရတယ်။
"Lisa! ကျွန်မအလုပ်ရှုပ်နေတယ်။ ဒါတွေအတွက် ကျွန်မမှာအချိန်မရှိဘူး" လို့သူမပြောလိုက်တယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanficကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...