Hurt

1.7K 148 3
                                    

Lisa Pov

"ကိုယ်အခုဘာလုပ်မိပြန်ပြီလဲ၊ မင်းသိလား Jennie ကိုယ်ရန်ဖြစ်ရတာတွေ စိတ်ကုန်နေပြီ။ ကိုယ်ဒီလိုတွေကြီး ဖြစ်နေရတာတွေ စိတ်ကုန်နေပြီ။ မင်းဘာဖြစ်ချင်နေတာလဲ။ ကိုယ်မင်းကို နားမလည်နိုင်တော့ဘူး။ အဲ့ဒါကြောင့် မင်းအခုဘာဖြစ်ချင်နေတာလဲသာ ကိုယ့်ကိုပြော" Lisa သူမဘက်နောက်ကျောပေးလိုက်ပြီး မေးလိုက်တယ်။

"ရှင့်ကိုလိုချင်တာ"

"ရှင့်ကိုလိုချင်တာ" ဆိုတဲ့သူမစကားကိုပဲ Lisa ခေါင်းထဲအကြိမ်ကြိမ်ကြားယောင်နေမိတယ်။

သူမက Lisa ကို သူမကိုပဲ ရွေးချယ်စေချင်တာ။

"Hon! ဘာတွေတွေးနေတာလဲ" Irene မေးတာကြားလိုက်ရတယ်။

"အိုး ဘာမှမဟုတ်ပါဘူး။ ကိုယ်အဆင်ပြေပါတယ်။ ဘာလို့လဲ" Lisa သူမကိုကြည့်လိုက်တယ်။ သူမကြည့်ရတာ Lisa တွေးနေတာတွေကို သိချင်နေပုံရတယ်။

"ကျွန်မရှင့်ကိုစကားပြောနေပေမယ့်လည်း ရှင်တစ်ခုခုကိုအာရုံရောက်နေတာ" သူမ Lisa လက်ကိုဖျစ်ညှစ်ပြီးပြောလိုက် တယ်။

"အဆင်ပြေလား" သူမဆက်ပြီး ခုနကပြောနေတဲ့အကြောင်းကိုဆက်ပြောနေပေမယ့်လည်း Lisa သူမဘာပြောနေလဲ ဆိုတာ အာရုံမရဘူးဖြစ်နေတယ်။

Jennie ပဲရစ်ကိုပြောင်းတော့မယ်ပြောပြီကတည်းက Lisa ခေါင်းအေးအေးထားလို့မရခဲ့ဘူး။

Jennie နဲ့ပဲရစ်အကြောင်းပြောတဲ့နေ့က သူမထွက်သွားတဲ့ထိ Lisa ကြောင်တောင်တောင်နဲ့ရပ်နေမိခဲ့တယ်။ သူမလိုချင် တာ Lisa ဆိုတာသူမပြောပေမယ့် ဘာမှမတုံ့ပြန်လိုက်မိဘူး။

သူမဒီစကားလုံးကိုပြောလိုက်တော့ Lisa ဘာမှမခံစားရဘူးလို့ပြောရင် လိမ်တာပဲဖြစ်လိမ့်မယ်။ သူမဒီစကားလုံး ပြောလာအောင် Lisa ဘယ်လောက်စောင့်ခဲ့ရလဲဆိုတာ Lisa ပဲသိတယ်။

ဒါပေမယ့် အခု Lisa မှာ Irene ရှိနေပြီး Jennieနောက်တစ်ကြိမ်နာကျင်အောင်လုပ်မှာကို စွန့်စားပြီး သူမကိုမချစ်ချင် တော့ဘူး။

ဒါပေမယ့် မနာကျင်ရဘူးဆိုရင် အချစ်လို့ဘယ်ခေါ်တော့မလဲ။

"Lisa" Irene အသံကျယ်ကျယ်နဲ့ခေါ်လိုက်တော့ Lisa လန့်သွားခဲ့တယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now