Jennie Pov
ကျွန်နဲ့ Robby တို့အဖြစ်အပျက်တွေပြီးတဲ့နောက် မမျှော်လင့်တဲ့နေ့တစ်နေ့မှာ Chaeyoung ကျွန်မရုံးခန်းထဲကို ဝုန်းဒိုင်းကြဲပြီး ဝင်လာခဲ့တယ်။
Lisa နဲ့ပတ်သက်နေတာ Chaeyoung သိလိုက်ရတော့ ကျွန်မတို့နှစ်ယောက်ငြင်းခုန်နေတာ ရပ်လိုက်ကြတယ်။
ကျွန်မဉီးစားပေးရမယ့်အရာနဲ့ပတ်သက်ပြီး စကားများကြတဲ့နောက်မှာ ကျွန်မ Robby နဲ့လမ်းခွဲခဲ့တယ်။ သူက အရမ်းခေါင်းမာတာကို ကျွန်မသိတယ်။
သူနဲ့လမ်းခွဲပြီး ကျွန်မ Lisa ဆီပြန်သွားမယ်လို့သူထင်နေတာ။ ဒါကရူးမိုက်တာပဲ။ Lisa မှာ Irene ရှိနေပြီး ကျွန်မမှာ သူရှိနေတာကို သူဘာလို့အဲ့ဒီလိုတွေးရတာလဲဆိုတာ ကျွန်မနားမလည်ဘူး။
"နင်အခုဘာဆက်လုပ်မှာလဲ Jen" Chaeyoung မေးလိုက်တယ်။
"ငါမသိဘူး။ ငါအခုမှ Robby ကိုတရားစဆွဲဖို့လုပ်ရမှာ" သူကျွန်မကိုရိုက်ခဲ့ပြီးတဲ့နောက်မှာ သူကျွန်မအိမ်ကိုလာပြီး လူကောင်းလာယောင်ဆောင်နေသေးတယ်။ ကျွန်မ Lisa အကြံအတိုင်း သူ့ကိုအမှုဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မနဲ့ Liam အတွက် ကျွန်မစိုးရိမ်တယ်။
"Lisa ကိုရော Jen။ နင်ကအရမ်းတကိုယ်ကောင်းဆန်တာပဲ။ သူ့ကိုအမှန်တရားအကုန်လုံးပြောပြလိုက်" သူမပြောလိုက် တယ်။
"ဒါကဘာမှမပြောင်းလဲသွားတော့ဘူး Rose။ သူက ငါ့ကိုမေ့လိုက်ပြီ။ ပြီးတော့ သူ့မှာ Irene ရှိနေပြီ။ Irene က ငါ့ညီမလေးလေ" ကျွန်မ သူမကိုပြောလိုက်တယ်။ ကျွန်မတို့အကြာကြီးခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းသံယောစဉ်ကို Lisa အတွက်နဲ့ မဖျက်ဆီးချင်ဘူး။
အယောင်ဆောင်မှုတွေက ကျွန်မ Lisa နဲ့ ကျွန်မသူငယ်ချင်းတွေကြားမှာ ပျော်မွေ့နေတယ်ထင်ပါရဲ့။ ပထမ Somi အခု Irene။ ကျွန်မသူတို့ကို ဘယ်တော့မှ မမေးတော့ဘူး။ မေးခွင့်လဲကျွန်မမှာမရှိဘူး။ Lisa နဲ့ကျွန်မက အစကတည်းက တစ်ကယ် relationship မရှိခဲ့ကြဘူး။
"အဲ့ဒါဆို သူနဲ့သူငယ်ချင်းပြန်လုပ်ပြီး နောက်မကျခင် နင်အရင်ကဘာတွေဖြစ်ခဲ့တာရော၊ ဘာတွေခံစားခဲ့ရတာတွေရော သူ့ကိုအကုန်ပြောပြလိုက်"။ သူကျွန်မအပေါ်ထင်နေခဲ့တဲ့သံသယတွေက တစ်ခုမှမဟုတ်ဘူးဆိုတာ ပြောပြလိုက်ချင် တယ်။ အချိန်တိုင်း ကျွန်မသူ့ကိုလွမ်းနေခဲ့ရတာတွေ သူနဲ့အတူရှိတဲ့အချိန်တိုင်း ကျွန်မအရမ်းချစ်နေခဲ့ရတာဆိုတာ ပြောပြချင်လိုက်တာ။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...