Jennie Pov
ကျွန်မ Lisa ကိုဆက်ရှာခဲ့တယ်။ ဒါပေမယ့် သူဘယ်မှာလဲ ကျွန်မမသိရဘူး။ ကျွန်မသူ့သူငယ်ချင်းတွေကိုဆက်သွယ်ပြီး မေးသေးတယ်။ သူတို့လဲ Lisa ကိုဘယ်မှာလဲ မသိလို့ စိတ်မကောင်းတဲ့အကြောင်းပြန်ပြောကြတယ်။
ကျွန်မသူ့ကိုလိုက်ရှာရတာ စိတ်ပျက်လာတယ်။ သူ့ကိုအကုန်ရှင်းပြချင်ပေမယ့်လဲ နောက်ကျသွားခဲ့တယ်။ သူက ဒီလိုပဲ ထွက်သွားခဲ့တယ်။ ခြေရာခံလို့မရအောင်ကိုထွက်သွားခဲ့တာ။
နောက်ဆုံး Somi တောင်ဘယ်ရောက်နေလဲ ကိုရီးယားမှာရောရှိနေသေးလား မသိခဲ့ရဘူး။
ကျွန်မအထင် သူတို့အတူထွက်သွားကြတာထင်တယ်။ Urgghhhh Lisa ဒီလိုမလုပ်ဘူးဆိုတာ ကျွန်မသိတယ်။ ဒါပေမယ့်လဲ ကျွန်မမသိဘူး။ ကျွန်မဒီလိုသံသယတွေအမြဲရှိနေတယ်။ ကျွန်မကပဲ မှားနေတာလား။
သူက ကျွန်မတို့နှစ်ယောက်ရဲ့ relation ကိုအရှုံးပေးပြီး ပူဖောင်းတစ်လုံးလိုပဲ လေထဲကိုပျောက်သွားတာ။
သူထွက်သွားပြီး ရက်သတ္တပတ်တွေအကြာမှာ ကျွန်မ Kai နဲ့လမ်းခွဲခဲ့တယ်။ ကျွန်မဒီစေ့စပ်ပွဲကို ဆက်မလုပ်နိုင်ဘူး။ ကျွန်မအဖေနဲ့ မိသားစုကိုငဲ့ပြီး ကျွန်မဒါကိုလက်မလွှတ်ခဲ့တာကိုသိတယ်။ ဒါပေမယ့် ကျွန်မဘာကိုမှ ဂရုမစိုက်တော့ဘူး။
ကျွန်မကိုယ်ကျွန်မချစ်ဖို့ပဲရွေးချယ်ခဲ့တယ်။ Kai နဲ့လမ်းခွဲလိုက်တာက ကျွန်မဘဝအစဖြစ်တယ်။
ကျွန်မနောက်ဆုံး ကျွန်မအဖေကုမ္ပဏီဘာကြောင့် ဒေဝါလီခံရခါနီး ဖြစ်ခဲ့ရတာလဲအကြောင်းသိခဲ့ရတယ်။ ကျွန်မအဖေ က လောင်းကစားကိုစွဲနေခဲ့ပြီး အကြွေးတွေတက်နေတာကိုတွေ့ရတယ်။ သူအနှစ်နှစ်အလလက ကြိုးကြိုးစားစား ရှာဖွေခဲ့တာတွေက လျှပ်တပြတ်အတွင်းသူ့လက်ထဲမှာ ပျက်စီးသွားတယ်။
ပြီးတော့ ကျွန်မကသူ့အကြွေးဆပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးတော့ သူက သူတော်ကောင်း ယောင်ဆောင်နေတယ်။
ကျွန်မသူ့အကြွေးအနည်းငယ်ကိုဆပ်ပေးလိုက်တော့ ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု 40% က ကျွန်မဟာဖြစ်လာခဲ့တယ်။ ကျန်တဲ့% ကိုတော့ ရင်းနှီးမြှုပ်နှံတဲ့သူအသစ်က ယူလိုက်တယ်။ သူပေးတဲ့ စိတ်သောကတွေကို ကျွန်မတစ်ချိန်လုံးခံစားခဲ့ရ တယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...