Lisa Pov
အဲ့ဒီနေ့ညက Lisa တို့ညစာစားပြီးတဲ့နောက် Irene ကို Club လိုက်ပို့ပေးခဲ့တယ်။ ဒါပေမယ့် သူမပိုက်ဆံအိတ် Lisa ကားပေါ် ကျန်နေခဲ့တာကိုတွေ့ရတယ်။
သူမသူငယ်ချင်းတွေနဲ့တွေ့တာကို အနှောင့်အယှက်မဖြစ်စေပဲ သွားပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ Lisa ထင်ထားတာ က သူမသူငယ်ချင်းတွေ ကို တစ်ယောက်မှမသိလောက်ဘူးထင်ထားမိတာ။
အံ့ဩစရာကောင်းတာက Jennie Kim, Lisa သားလေးရဲ့အမေ, Lisa အသည်းကိုအကြိမ်ကြိမ်ခွဲခဲ့သူကို တွေ့လိုက်ရတာပဲ။ သူမက Irene ရဲ့သူငယ်ချင်းပဲပေါ့။ Lisa ကံအတော်ကောင်းနေတာပဲ။ Huh?
ပိုပြီးအံ့ဩစရာကောင်းတာက Lisa ရောဂါအကြောင်းကိုပြောပြမိတာပဲ။ Jennie ဒါကိုပထမဆုံးအကြိမ်ကြားဖူးတာမှန်း Lisa သိတယ်။ ဒါပေမယ့် ဒီအချန်မှာ သူမအမှန်ကိုသိတယ်တယ်လို့ Lisa ထင်တယ်။ ဒါပေမယ့် အရမ်းနောက်ကျနေပြီပဲ မလား။
Lisa ဘာကိုမှပြောင်းလဲလို့မရတော့ဘူးမလား။
Lisa တို့နှစ်ယောက်ကိုယ့်လမ်းကိုယ်လျှောက်နေကြပြီမလား။ ဒါပေမယ့်လဲ Liam ကြောင့်တော့ လမ်းဆုံမှာ တွေ့ဖြစ်နေ ကြသေးတယ်။ Lisa သူမအနားထပ်မနေချင်တော့ပေမယ့် သူမက Liam အမေမဟုတ်လား။ ပြီးတော့ သူမနဲ့ပတ်သက် လာရင် ဘာတွေပဲဖြစ်နေပါစေ ဂရုစိုက်နေမိသေးတယ်။
Jennie အရမ်းသောက်နေတာကိုတွေ့ရတယ်။ သူမနဲ့ alcohol ဆိုတာ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ။ သူမဆက်တိုက် သောက်နေတာကို Lisa မျက်နှာလွှဲမနေနိုင်ဘူး။ သူမဘာတွေဖြစ်နေတာလဲ။ Lisa ကိုယ့်ကိုကိုယ်မေးလိုက်မိတယ်။
Lisa သူမကိုနောက်ထပ်နားမလည်နိုင်တော့ဘူး။
သူမကြည့်ရတာ သန်မာသလိုထင်ရပေမယ့် တစ်ကယ်ကျ ကြေမွလွယ်တဲ့ဖန်ခွက်လေးလိုပဲ။
သူမသန့်စင်ခန်းကိုသွားတော့ Lisa နောက်ကလိုက်လာမိတယ်။ ဒီမှာ မူးနေကြတဲ့လူတွေအများကြီး တွေ့ရတယ်။ သူမကို မထိခိုက် မနာကျင်စေချင်ဘူး။
သူမကိုမူးနေတဲ့လူတစ်ယောက်ဆွဲလားရမ်းလားလုပ်နေတာကိုတွေ့လိုက်ရတယ်။ သူမရဲ့မတော်တဲ့နေရာကို အမူးသမား ကထိနေတာကို မြင်လိုက်ရတော့ Lisa ဒေါသထွက်သွားခဲ့တယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...