Jennie Pov
အဲ့ဒီနေ့က Lisa ရုံခန်းမကို ကျွန်မဝင်သွားတော့ သူကောင်မလေးတစ်ဖြစ်လဲ ကျွန်မသူငယ်ချင်း Irene နဲ့သူနမ်းနေကြ တာကို တွေ့လိုက်ရတယ်။ ကျွန်မထင်တာ သူတို့နှစ်ယောက် ပြဿနာတက်နေကြတယ်ထင်ထားတာ။ အခုကျ သူတို့က ပိုတောင်အဆင်ပြေနေကြတာပါလား။ ကျွန်မအသည်းတွေအစိတ်စိတ်အမွှာမွှာကွဲကြေသွားသလို ခံစားရတယ်။
Lisa ကိုပဲရစ်သွားဖို့အကြောင်းပြောချင်လို့လာခဲ့တာဖြစ်တယ်။ တစ်ကယ်လို့ Lisa နဲ့သာအခြေအနေကောင်းခဲ့မယ်ဆိုရင် ပဲရစ်သွားဖို့ကို ဖျက်ဖို့လာခဲ့တာဖြစ်တယ်။ ဒါပေမယ့် ကျွန်မဆုံးဖြတ်ချက်မချရသေးပဲ ပဲရစ်ကိုပြောင်းတော့မှာလို့ပဲ သူ့ကိုပြောဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မအထင် ဒါကအကောင်းဆုံးစွန့်စားမှုတစ်ခုပဲမလား။ သူနဲ့အဝေးကိုထွက်သွားတာ အကောင်းဆုံးပဲမလား။ သူကျွန်မကိုချစ်နေပြီး ပြန်လိုချင်နေတုန်းပဲလို့ ထင်နေမိတဲ့အတွက်တော့ နာကျင်ရပြီး ရှက်မိ တယ်။ ကျွန်မသူ့ကိုတောင်းပန်ခဲ့တာတောင် သူဘာမှမခံစားရတော့တဲ့အတွက် ကျွန်မနှလုံးသားတွေကွဲကြေရတယ်။
ဟုတ်တယ်။ ကျွန်မဝဋ်တွေလည်နေတာ။ ကျွန်မခံစားရတယ်။ ပြီးတော့ ငိုကြွေးနေရတယ်။ အခုတော့ ကျွန်မအဝေးကို ထွက်သွားဖို့အချိန်ကျလာခဲ့ပြီ။ ကျွန်မသူ့အဝေးကိုပြေးဖို့ကြိုးစားရမယ်။ ကျွန်မ Liam မွေးနေ့ကို သပ်သပ်စီခွဲလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မအတ္တကြီးမှန်း ကျွန်မကိုယ်ကျွန်မသိတယ်။ ကျွန်မသူ့အဝေးကိုထွက်သွားတာက ပျော့ညံ့လို့ မဟုတ်ပဲ ကျွန်မသန်မာချင်လို့ပဲဖြစ်တယ်။ ပြီးတော့ ကျွန်မသူ့ကိုဘယ်တော့မှ မပိုင်ဆိုင်ရတော့ဘူးဆိုတာ လက်ခံရတော့ မယ်။
ပဲရစ်။ ကမ္ဘာပေါ်မှာ romantic အဆန်ဆုံးမြို့တော်။ ကျွန်မတစ်ယောက်ထဲရောက်နေရပြန်ပြီ။ ဒီရောက်တာ တစ်လ လောက်နေတော့ ကျွန်မရင်ထဲကဒဏ်ရာတွေတဖြည်းဖြည်းချင်းသက်သာလာခဲ့တယ်။ ကျွန်မသားလေးကိုတော့ လွမ်းနေခဲ့တယ်။ ကျွန်မမရှိတုန်း Lisa ကသားလေးအနားမှာရှိနေပြီး စောင့်ရှောက်နေမှာသိရတဲ့အတွက်တော့ စိတ်သက်သာရာရစေတယ်။ ဒါပေမယ့် Lisa သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သားလေးကိုဒီကိုခေါ်နိုင်ဖို့ ကျွန်မစီစဉ်နေခဲ့တယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...