Liam

1.6K 139 3
                                    

Jennie Pov

အရာအားလုံးမှောင်မိုက်သွားခဲ့တယ်။

North America ရှိုးပွဲအပြီး Lisa ကျွန်မအဝတ်အစားလဲတဲ့အခန်းထဲကနေထွက်သွားပြီးတဲ့နောက် ကျွန်မမှတ်မိတာ ဒါအကုန်ပဲ။

ကျွန်မ ပြန်သတိရလာတော့ ဆေးရုံရောက်နေခဲ့တယ်။ ကျွန်မဘာလို့ဆေးရုံရောက်သွားမှန်းမသိခဲ့ဘူး။ ကျွန်မလက်ကို ကြည့်လိုက်တော့ ဆေးသွင်းထားတာကိုတွေ့ရတယ်။ ဒါကကျွန်မကိုရှုပ်ထွေးစေတယ်။ ကျွန်မမန်နေဂျာ အခန်းထဲ စိုးရိမ်တစ်ကြီး ဝင်လာတာကိုတွေ့ရတယ်။

"ကျွန်မဘာလို့ဒီရောက်နေတာလဲ" လို့သူ့ကိုမေးလိုက်တယ်။

မနေ့ညကမင်းအဝတ်အစားလဲတဲ့အခန်းထဲမှာ မေ့လဲနေတာတွေ့တယ် Jen။ ငါတာဝန်ကျဆရာဝန်နဲ့ စကားမပြောရသေး ဘူး" လို့သူ့အိတ်ကို ဘေးကစားပွဲပေါ်ချလိုက်ပြီး ပြောလိုက်တယ်။

ကျွန်မခုတင်ပေါ်ကထမယ်လုပ်တော့ လျှပ်စီးလက်သလိုခံစားလိုက်ရပြီး ခေါင်းမူးလာတယ်။ ကျွန်မမန်နေဂျာ ဖုန်းဖြေဖို့ ထွက်သွားတော့ နေ့လည်ရောက်နေပြီ။

ကျွန်မ fan တွေက ရှိုးပွဲဒုတိယနေ့ကို မလုပ်ဖြစ်တဲ့အကြောင်းရင်းကို ကျွန်မကုမ္ပဏီကိုမေးနေကြတယ်။ ကျွန်မ fan တွေက ဒေါသထွက်နေကြပြီး ကျွန်မဘယ်မှာလဲသိချင်နေကြတယ်။ ကျွန်မ ဆိုရှယ်မီဒီယာတွေရော ဖုန်းတွေရော text တွေရော နဲ့ဆိုတော့ ကျွန်မဖုန်းနိုတီအဆက်မပြတ်မြည်ပြီး ပေါက်ကွဲထွက်တော့မယ်။

ကျွန်မဒီနေရာကိုဘာလို့ရောက်နေလဲ ကျွန်မကိုယ်တိုင်မသိသေးပဲ ဖုန်းတွေဖြေလို့မဖြစ်သေးဘူး။ ဆရာဝန်ကုတ် ဝတ်ထား တဲ့ ခပ်ချောချောအမေရိကန် အာဆီယံကပြား ဆရာဝန်ဝင်လာပြီး ကျွန်မကိုပြုံးပြတယ်။

"Good morning Miss Kim။ ကျွန်တော်က ဒေါက်တာ Lee ပါ။ ကျွန်တော်ကဒီနေ့ဂျူတီကျဆရာဝန်ပါ" လို့ သူပြောပြီး ကျွန်မဆေးမှတ်တမ်းကိုကြည့်လိုက်တယ်။

"Miss Kim ဒီနေရာမှာဘာလို့ရောက်နေလဲဆိုတာ အံ့သ​ြကောင်းအံ့သ​ြလိမ့်မယ်" သူကဆေးမှတ်တမ်းကိုပိတ်ပြီး ပြောလိုက်တယ်။ ကျွန်မခေါင်းညိမ့်လိုက်ပြီး ခေါင်းထဲမှာ မေးခွန်းတွေပြည့်နေခဲ့တယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now