Jennie Pov
Lisa နဲ့နေ့လည်စာစားပြီးနောက်ရက်တွေမှာ ကျွန်မစားပွဲပေါ် ပစ္စည်းတစ်ခုမဟုတ်တစ်ခု နေ့တိုင်းရောက်နေတာကို သတိထားမိတယ်။ ပန်းစည်းတွေတင်မကဘူး တခါတလေ အချိုပွဲ ဟင်းပွဲတွေပါ ရောက်နေတတ်တယ်။
Lisa ကြိုးစားအားထုတ်နေပုံပဲ။ ဒါက ကျွန်မကိုနောက်ရက်တွေမှာ ဘာတွေရောက်လာမလဲမျှော်လင့်မိစေတယ်။ သူကျွန်မဆီ မကြာခနလည်းလာလည်တတ်တယ်။ တစ်ခါတစ်လေ ကျွန်မမအားတဲ့အချိန်တွေမှာ ကျွန်မအတွင်းရေးမှူး ကို ကျွန်မတစ်ခြားနေရာရောက်နေတယ်လို့ မှာထားရတယ်။
အချိန်နှစ်လအတွင်းမှာ သူနေ့တိုင်းကျွန်မကိုကြိုးစားနေတယ်။ ဒီအတွက်နဲ့ပတ်သက်ပြီး ကျွန်မအိုဗာဖြစ်နေတယ်လို့ ကျွန်မကိုအပြစ်တင်ကြမယ်ဆိုရင် အပြစ်တင်လို့မရဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်မအများကြီးတွေ့ကြုံ ဖြတ်သန်းခဲ့ရ တယ်။ ကျွန်မသား Liam လေးကိုကာကွယ်ရမယ်။ ကျွန်မတို့သား Liam။ သူ Liam ဘဝထဲကိုဝင်လာပြီး ပြန်ထွက်ပြေး သွားမှာကို ကျွန်မမလိုချင်ဘူး။
ကျွန်မစိတ်ထဲဘာတွေတွေးမိနေလဲကျွန်မမသိဘူး။ ဒါပေမယ့် ကျွန်မဘဝကိုမရှုပ်ချင်တော့ဘူး။ ကျွန်မကြောက်နေပြီ။
အလုပ်တွေပြီးလို့ ရုံးကပြန်မယ်လုပ်တော့ lobby က ထိုင်ခုံမှာထိုင်နေတဲ့ ရင်းနှီးနေတဲ့လူတစ်ယောက်ကိုတွေ့ရတယ်။ ကျွန်မလက်ကနာရီကိုကြည့်မိတော့ ညနေ ၆နာရီထိုးနေပြီ။ Lisaက ထိုင်ခုံမှာ ငိုက်နေတာကိုတွေ့ရတယ်။ ပြီးတော့ သူ့ဘေးမှာ အဝါရောင်ဒေစီပန်းစည်းကိုတွေ့ရတယ်။
"Lisa! Lisa!" ကျွန်မသူ့ပုခုံးကိုလှုပ်နှိုးလိုက်တော့ သူနှိုးလာတယ်။
"Uh!Oh! Jennie" သူရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ကျွန်မကိုပန်းစည်းလှမ်းပေးတယ်။
ကျွန်မသူ့ကိုလျှစ်လျှူရှုထားလည်း သူရဲ့နေ့တိုင်းကြိုးစားအားထုတ်မှုတွေပဲ။
"ကိုယ်ပန်းစည်းပေးဖို့ မင်းပြန်လာတာစောင့်နေတာ။ မင်းအတွင်းရေးမှုးက မင်းအစည်းအဝေးသွားတယ်ပြောလို့ ကိုယ်စောင့်နေမယ်လို့ပြောလိုက်တာ" လို့သူပြောတယ်။ Oh! Gosh.
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...