Forward

1.6K 131 1
                                    

Lisa Pov

Jennie ကို Lisa နောက်ဆုံးတွေ့ခဲ့ရတာ ၄၅လ၊ ၁၆နာရီနဲ့ ၈မိနစ်ရှိခဲ့ပြီ။

နောက်ဆုံးတွေ့ခဲ့ရက်ကနေ ရေတွက်ခဲ့ရတာ ဒါကအရမ်းကြာလွန်းတယ်။

တော်တော်များများအရာတွေ ပြောင်းလဲသွားတယ်။

Lisa စာပြန်လေ့လာခဲ့တယ်။ ပြီးတော့ ကိုရီးယားစကားသင်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါမှ Lisa ကိုရီးယားမှာ စီးပွားရေး ပါတနာတွေရဲ့ အရူးလုပ်တာမခံရမှာ။ Jennie ကိုနှုတ်ဆက်ပြီးတဲ့နောက်မှာ Lisa အလုပ်ထဲကို အာရုံနှစ်ဖို့ ဆုံးဖြတ်လိုက် တယ်။ သူမကို Lisa ခေါင်းထဲကထုတ်လိုက်တယ်။

Lisa ခန္ဓာကိုယ်ကသာ Jennie အဝေးကိုရောက်သွားပေမယ့် Lisa နှလုံးသားကတော့ Jennie ဆီမှာပဲဖြစ်နေတယ်။ သူမအကြောင်းကိုမကြာခနအိမ်မက်မက်တယ်။ Lisa အိမ်မက်ကနိုးလာတဲ့ထိလဲ သူမအကြောင်းပဲတွေးနေခဲ့တယ်။

Lisa သူမအကြောင်းရှာမိမှာမို့ Google တောင်မသုံးဘူး။ နောက်ပြီး social media တွေအကုန်လုံးကိုလဲ အဆက် အသွယ်ဖြတ်လိုက်တယ်။ ဒါကအကောင်းဆုံးနည်းလမ်းပဲ။ ဒါမှ Lisa သူမဆီပြန်မသွားမိမှာ။

Lisa ထိုင်းကိုပြန်ပြောင်းလာခဲ့တယ်။ ဒါပေမယ့် Somi နဲ့ Lisaရဲ့ချစ်စရာကောင်းတဲ့တူမလေးဆီကိုတော့ မကြာခနသွား လည်ဖြစ်တယ်။

Somi ကအရမ်းလှပြီးချစ်စရာကောင်းတဲ့သမီးလေးမွေးပြီးသွားပြီ။ သူမက Somi နဲ့တူပြီး Somiထက်ပိုလှတယ် လို့ Lisa ပြောရဲတယ်။ ဒီကလေးလေးက Lisa တို့အတွက် ပျော်စရာတွေသယ်ဆောင်လာတဲ့ ပူဖောင်းလေးပဲ။

သူမကအခု သုံးနှစ်ထဲရောက်လာပြီ။ Lisa ထိုင်းကိုပြန်တိုင်း သူမ Lisa ကိုအမြဲဖုန်းခေါ်တယ်။ သူမ မအိပ်ခင် Lisa နဲ့ Vcall ခေါ်ပြီးမှအိပ်လေ့ရှိတယ်။

Eun Ae ဒါကသူမရဲ့ကိုရီးယားလို လှပတဲ့နာမည်လေး။ ချစ်ခြင်းနဲ့ ဂုဏ်ကျက်သရေရှိခြင်းလို့အဓိပ္ပာယ်ရတယ်။ Eun Ae နဲ့မကြာခနအချိန်ဖြုန်းခွင့်ပေးလို့ Somi ကို Lisa ကျေးဇူးတင်မိတယ်။ ဒါပေမယ့် Lisa သူမကို 딸기 (Ttlagi) (စတော်ဘယ်ရီ)" လို့ပဲခေါ်တယ်။

သူမကစတော်ဘယ်ရီသီးလေးလိုပဲ ချိုမြိန်တယ်။ ဒါက Somi ကိုယ်ဝန်ရှိစဉ် စတော်ဘယ်ရီ ချဉ်ခြင်းတတ်တာကို သတိရ စေ တယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now