Always

1.7K 151 6
                                    

Lisa Pov

Liam မွေးနေ့ပြီးလို့ နောက်တစ်ရက်မှာ Jennie ပဲရစ်သွားဖို့ဆုံးဖြတ်လိုက်တာကိုသိရတယ်။

Liam မွေးနေ့ကို Jennie လုပ်စေချင်တဲ့အတိုင်း သီးသန့်တစ်ပွဲစီလုပ်ပေးခဲ့တယ်။ အဲ့ဒီနေ့က Lisa ရုံးခန်းမှာ Jennie နဲ့စကားပြောခဲ့ပြီးတဲ့နောက်မှာ သူမက Lisa အဝေးကိုထွက်သွားဖို့ကြိုးစားခဲ့တယ်။ နောက်ပြီး သူမ Lisa ကိုစကား မပြောတော့သလို ရှိတယ်လို့လဲ မသတ်မှတ်တာကိုတွေ့လိုက်ရတယ်။

Lisa လဲသူမခံစားချက်ကိုလျစ်လျူရှုထားလိုက်တယ်။ Irene နဲ့ Lisa တို့တွဲနေကြလို့ သူမဒီလိုဖြစ်နေရတာလို့လဲ သံသယဝင်မိတယ်။ Jennie ကသူမခံစားချက်နဲ့ပတ်သက်လာရင် အတ္တကြီးတာကို Lsia သိတယ်။ ဒါမမဟုတ် Lisaလည်း သူခံစားခဲ့ရသလို နာကျင်မှုမျိုး Jennie ခံစားစေချင်လို့ဒီလို လုပ်မိတာဖြစ်မယ်။

Lisa ကလေးဆန်မိတာလား။ ဟုတ်ချင်လဲဟုတ်မှာပါ။ Lisa ထပ်ပြီးမနာကျင်ချင်တော့ဘူး။ ဒါပေမယ့် သူမ Lisa ကို လိုချင်တယ်လို့ပြောတုန်းက အမှန်အတိုင်းဝန်ခံရင် ဝမ်းသာဝမ်းနည်းဖြစ်မိတယ်။ ဘာလို့ဝမ်းနည်းသွားရလဲဆိုရင် Irene နဲ့တွဲနေတုန်း သူမခံစားချက်ကိုသိလိုက်ရတဲ့အတွက်ဖြစ်တယ်။

သူမဆီကနောက်ဆုံး ဝန်ခံလာတဲ့ခံစားချက်ကိုသိလိုက်ရတဲ့အတွက်တော့ Lisa ဝမ်းသာမိတယ်။

Lisa ခံစားချက်နောက်ကိုပဲလိုက်ရမလား။ ကံကြမ္မာအတိုင်းပဲလက်ခံရမလားဆိုတာ ဝေခွဲမရဖြစ်နေတာ ရက်ပေါင်း ၉၀ ကြာသွားခဲ့တယ်။ နောက်ဆုံးမှာ အသိစိတ်တစ်ခုရလာခဲ့တယ်။ အခုရောက်နေတဲ့နေရာကို ထွက်လာခဲ့ဖို့ Lisa အတွက် တစ်လကြာခဲ့တယ်။

Lisa လက်တွေချွေးစေးတွေပြန်နေပြီး ခြေထောက်ကိုလှုပ်နေပြီး ဂနာမငြိမ်ဖြစ်နေမိတယ်။

"Urgh. ငါဆေးသောက်ထားမှဖြစ်မယ်" Lisa ကိုယ့်ကိုကိုယ်ရေရွတ်မိတယ်။

"Good afternoon ခရီးသည်များခင်မျာ။ အခုပြောနေတာ သင်တို့လေယာဉ်မှူးဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့လေကြောင်းလိုင်း Flight 86B ကနေကြိုဆိုပါတယ်။ အခုဆိုရင် အမြင်ပေ ၃၃၀၀၀ ကနေ တစ်နာရီ မိုင် ၄၀၀ နှုန်းနဲ့ပျံသန်းနေတာဖြစ်ပါတယ်။ အချိန်ကတော့ ၁နာရီ ၂၅မိနစ်ဖြစ်ပါတယ်။ ရာသီဉတုကောင်းမွန်နေတဲ့အတွက် ပဲရစ်ကို ဆိုက်ရောက်ချိန်ထက် ၁၅မိနစ် စောရောက်မယ်လို့ခန့်မှန်းရပါတယ်။ ဘလက် ဘလက် ဘလက်...."

Cross Roads (Jenlisa)(Translation)Where stories live. Discover now