Moving on

1.7K 142 4
                                    

Lisa Pov

Lisa နဲ့ Bam တို့ဘီယာဗူးတွေအကုန်သောက်ပြီးကြပြီးနောက် မှောက်သွားကြတယ်။ Lisa သူ့ကိုဖြစ်ပျက်ခဲ့တာတွေ အကုန်ပြောပြလိုက်တယ်။ အဲ့ဒါက သူ့ကို Lisa အခြေအနေကိုပိုနားလည်လာစေတယ်။ သူကတော့ စီးပွားရေး အကြောင်း ပဲ အများကြီးပြောတယ်။

Lisa အဖေကလာမယ့်နှစ်မှာ အနားယူတော့မယ်လို့သူ့ကိုပြောတယ်တဲ့။ အဲ့ဒါကြောင့် Bam က Lisa ကိုအိမ်ပြန်လာဖို့ မဖြစ်ဖြစ်အောင်လုပ်ခဲ့တာလို Lisa ထင်တယ်။

Lisa အိမ်ကထွက်ပြေးပြီးတဲ့နောက် သူ့အဖေက သူ့အမေနဲ့အိမ်မှာပဲအမြဲနေပေးတယ်တဲ့။ သူ့တစ်ဉီးတည်းသောကလေး ထွက်ပြေးသွားပြီးတဲ့နောက် ကုမ္ပဏီအရေးက အရေးမကြီးတော့တာသဘောပေါက်သွားလို့ထင်တယ်။ Lisa အချုပ် ကျတဲ့ ညက အဖြစ်အပျက်အမှန်ကိုသူတို့သိသွားကြတယ်။

Miyeon ကိုအတင်းအကြပ်ဖြေပြီးဝန်ခံခိုင်းလိုက်တော့မှ သူတို့မိသားစုက Lisa ကိုတရားစွဲဖို့ရုတ်သိမ်းလိုက်ကြတယ်။ အဲ့ဒီနေ့ညက အစီအစဉ်ကို Minnie ပြောပြတော့ Lisa သူတို့မျက်နှာတွေကို ထိုးပစ်ချင်လာတယ်။ အဲ့ဒီနေ့ညက Miyeon က Lisa ကိုအပိုင်ဖမ်းဖို့ကြံစည်ထားကြတာတဲ့။ ဒါပေမယ့် သူမမိဘတွေပြန်ရောက်လာပြီး သူမအဖေ သူမတို့ နှစ်ယောက်ကိုမိသွားတာတော့ အကြံအစည်ထဲမပါလောက်ဘူး။

Miyeon အဖေက သူ့သမီးကို ဖြူစင်တဲ့အပျိုစင်လေးလို့ထင်နေပုံရတယ်။ သူမက နတ်သမီးမျက်နှာဖုံးစွတ်ထားတဲ့ မကောင်းဆိုးဝါးဆိုတာသူမသိဘူး။ ပြီးတော့ Lisa ကျ တော်တော်လေးဆော်ခံလိုက်ရတယ်။ အဲ့ဒါကြောင့် Lisa မိဘတွေက အမှုပြန်ဖွင့်ခဲတယ်။

နောက်ပြီးတော့ အဲ့အမှုတွေအတွက် Lisa ဖြူစင်ကြောင်းသက်သေမပြရသေးခင် ထွက်ပြေးလာခဲ့တယ်။ Lisa အဖေက Lisa ဘယ်ရောက်ပြီး ဘယ်သူတွေနဲ့ ဘာတွေလုပ်နေတယ်ဆိုတာ သိပြီးသားဖြစ်တယ်။ ဒါကိုသူမသိသလိုနေခဲ့တယ်။

ပြီးတော့ Lisaနဲ့ Carlos တွေ့ခဲ့တယ်။ Lisa တစ်ယောက်ထဲနေတဲ့ကာလတစ်လျှောက်လုံး Lisa ကို စောင့်ရှောက်ဖို့ Lisa အဖေငှားထားတဲ့လူဖြစ်နေခဲ့တယ်။ Lisa နဲ့တစ်ခါမှ မသိတဲ့လူတစ်ယောက်က နှစ်ခါမတွေးပဲ Lisa ကိုကူညီတယ်ဆိုတာ တစ်ကယ်ကို အစီအစဉ်တကျစီစဉ်ထားတာပဲ။

Cross Roads (Jenlisa)(Translation)Where stories live. Discover now