Outburst

1.5K 138 3
                                    

Jennie Pov

မျက်နှာပေါ်ကို နေရောင်ခြည်ဖျာကျလာတော့ ကျွန်မအိပ်ယာနိုးလာခဲ့တယ်။ မျက်လုံးဖွင့်ကြည့်မိတော့ နေမြင့်နေပြီကို တွေ့လိုက်ရတယ်။

ကျွန်မအိပ်ယာဘေးကိုစမ်းကြည့်လိုက်တော့ ဘယ်သူမှမရှိတာကိုတွေ့ရတယ်။ Liam ထသွားလောက်ပြီထင်တယ်။ ကျန်မအိပ်ယာပေါ် ခနလှဲနေမိတယ်။ မနေ့ညက Lisa နဲ့ပြောခဲ့တာတွေသတိရသွားတယ်။ ကျွန်မတို့စကားတော်တော် ပြောဖြစ်ခဲ့ကြတာပဲ။ ကျွန်မပြုံးလိုက်မိတယ်။

ကျွန်မအိပ်ယာပေါ်ထိုင်လိုက်တယ်။ ပြီးတော့ ခေါင်းအုံးတွေစောင်တွေပြန်စီလိုက်တယ်။ ရေချိုးခန်းဘက်ကို မျက်နှာသစ်သွားတိုက်ဖို့ ထွက်လာလိုက်တယ်။ မှန်ကြည့်မိတော့ ကျွန်မရှက်နေတာကိုတွေ့ရတယ်။ ကျွန်မဘာတွေ ဖြစ်နေတာလဲ။

Lisa နဲ့တစ်အိမ်ထဲအတူတူနိုးလာတာ စိတ်ကူးကြည့်မိတော့ ကျွန်မရင်တွေခုန်လာခဲ့တယ်။

ကျွန်မခေါင်းဖီးပြီး လက်ကောက်ဝတ်နဲ့လည်ပင်းနား ရေမွှေးစွတ်လိုက်တယ်။

ကျွန်မအခန်းကနေထွက်ပြီး မီးဖိုခန်းဘက်ထွက်လာတော့ စကားပြောသံတွေကြားလိုက်ရတယ်။ သူတို့ မနက်စာ စားနေကြတာထင်တယ်။

မီးဖိုခန်းထောင့်ချိုးရောက်တော့ Liam က Lisa ပေါင်ပေါ်ထိုင်ပြီး တစ်ယောက်ယောက်နဲ့စကားပြောနေတာ တွေ့လိုက်ရ တယ်။

"Momma နိုးလာပြီလား" Liam ကျွန်မကိုနှုတ်ဆက်လိုက်တယ်။ ပြီးတော့ Lisa ပေါင်ပေါ်ကနေဆင်းလာပြီး ကျွန်မပါးကို နမ်းလိုက်တယ်။

"Good Morning Jen" Lisa နှုတ်ဆက်လိုက်တာကိုကြားရတယ်။

"Hello Jen" Irene ကျွန်မဆီလျှောက်လာပြီး နှုတ်ဆက်ရင်းဖက်လိုက်တယ်။

"နင်ဘယ်အချိန်တုန်းက ဒီရောက်တာလဲ" ကျွန်မမေးလိုက်တယ်။

"လွန်ခဲ့တဲ့တစ်နာရီလောက်ကမှရောက်တာ။ ငါမနေ့က လုပ်စရာရှိတာတွေပြီးအောင်လုပ်ခဲ့လိုက်တာ။ အဲ့ဒါမှ ဒီနေ့စောစော ငါ့ဟန်နီနဲ့တွေ့လို့ရမှာ" Irene က ထိုင်ခုံပေါ်ထိုင်နေတဲ့ Lisa ကိုဖက်လိုက်တယ်။

"ပြီးတော့ ငါဒီကောင်လေးသေးသေးလေးနဲ့လဲတွေ့ချင်သေးတယ်" Liam က Irene ကိုပြုံးပြနေတယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now