Lisa Pov
Concert ပြီးနောက်တစ်ရက်
Lisa Jennieဆီကထွက်လာတော့ နှလုံးသားကလေးလံနေခဲ့တယ်။ LIsa ဉီးနှောက်ကမှန်ကန်တဲ့ရွေးချယ်မှုလုပ်ခဲ့တယ် ပြောနေပေမယ့်လဲ့ နှလုံးသားကတော့ တစ်ခြားတစ်နည်းပြောနေခဲ့တယ်။
သူမနဲ့အတူတူရှိဖို့ဆိုတာက ရှုပ်ထွေးလွန်းတယ်။ ခုထိ Lisa သိထားတာက သူမ အဲ့ဒီကောင်နဲ့စေ့စပ်ထားသေးတာပဲ သိထားတာ။
သူမက Lisa ဆုံးရှုံးလိုက်ရတဲ့တစ်ယောက်ပဲ။
Lisa သူမနဲ့အတူရှိတဲ့အချိန်တိုင်းက Lisa အတွက် adrenaline rush ရသလိုပဲ။ (adrenaline rush = နှလုံးခုန်မြန်တာ။ အသက်ရှုမြန်တာ၊ ချွေးတွေထွက်လာတာ။ နာကျင်မှုကိုခံနိုင်ရည်ရှိလာတာ။အစသဖြင့်။ ခန္ဓာကိုယ်ကထုတ်တဲ့ adrenaline hormone ကြောင့်ဖြစ်တယ်။ Fight hormone လို့လဲခေါ်တယ်။ ဒါက ဗဟုသုတရေးပေးတာပါ။ မှားနေရင်လဲ ပြင်ပေးကြပါ။)
Lisa နှလုံးခုန်သံတွေအရမ်းမြန်ပြီး မျက်နှာတခုလုံးနီရဲနေမယ်လို့ခံစားရတယ်။ သူမကိုထိလိုက်တဲ့အချိန်မှာ Lisa တို့နှစ်ယောက်ကိုလျှပ်စစ်စီးကြောင်းနဲ့ဆက်သွယ်လိုက်သလို ခံစားရတယ်။ သူမနဲ့ရှိတဲ့အချိန်တိုင်းက Lisa ဘဝက အဓိပ္ပာယ်ရှိသလိုခံစားရတယ်။
Lisa သူမမျက်လုံးကိုကြည့်လိုက်တော့ Lisa ပြောလိုက်တဲ့စကားလုံးတွေက သူမကိုနာကျင်သွားစေမှန်း သိလိုက်တယ်။ Lisa ထင်တာက သူမနဲ့အဲ့ဒီကောင်ပြတ်သွားကြပြီလို့ ပြောမယ်ထင်ထားတာ။ ဒါပေမယ့်သူမ အရင်တုန်းကလိုပဲ ဘာမှ မပြောခဲ့ဘူး။ သူမကို ၂လကျော်အဆက်အသွယ်ဖြတ်ခဲ့လို့ Lisa ကိုပဲဒေါသထွက်နေခဲ့တာကိုပဲ တွေ့ရတယ်။ သူမ Lisa ကိုထွက်မသွားဖို့တားလိမ့်မယ်လို့မျှော်လင့်မိပေမယ့် သူမ မတားခဲ့ဘူး။ ဘယ်တော့မှလဲ မတားခဲ့ဖူးဘူး။
Concert ပြီးနောက်တစ်နေ့မှာ Lisa Somiကိုရှာဖို့လုပ်ခဲ့တယ်။ James ရဲ့အကူအညီနဲ့ Somi ကိုရှာဖို့လမ်းကြောင်း ရှာခဲ့ တယ်။ Lisa ဒီအရာတွေကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုအပ်နေတယ်။
Lisa နေတဲ့နေရာနဲ့နည်းနည်းဝေးတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို Alex ကမောင်းပို့ပေးတယ်။ Lisa ပန်းစည်းနဲ့ ချောကလက်တစ်ချို့ သူမအတွက် ဝယ်လိုက်တယ်။ ဒါကအပိုလုပ်သလိုဖြစ်နေမှန်း Lisa သိပေမယ့် အနည်းဆုံးတော့ လုပ်ပေးနိုင်တာတစ်ခုအနေနဲ့ဝယ်လိုက်တယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...