Lisa Pov
"မင်းနောက်တစ်ခါထပ်ထွက်ပြေးပြန်ပြီလား Lisa! ဒီအသံကရင်းနှီးနေလို့ Lisa လှည့်ကြည့်လိုက်တယ်။
"Bam" တိုးတိုးလေးရေရွတ်မိတယ်။
"နောက်ထပ်တစ်နေရာရာထွက်ပြေးအုံးမလို့လား Lisa?" သူကပြောပြီး Lisa လမ်းကိုပိတ်လိုက်တယ်။
"ဒါမင်းနဲ့ဘာမှမဆိုင်ဘူး" လို့ Lisa ပြောပြီး သူ့ပုခုံးကိုခပ်ကြမ်းကြမ်းတွန်းလိုက်တော့ သူနည်းနည်းဝေးဝေးရောက်သွား တယ်။
"ဒါပဲလား" လို့သူပြောတော့ သူ့ကို Lisaကြည့်လိုက်တယ်။
ခန္ဓာကိုယ်တောင့်တောင့် British ကောင်က Lisa လက်မောင်းကိုချုပ်လိုက်တော့ Lisa သူ့ကိုဒေါသတကြီး ကြည့်လိုက် တယ်။
"ငါ့ကိုလွှတ်စမ်း" လို့ Lisa ပြောပေမယ့် သူကတုတ်တုတ်တောင်မလှုပ်ဘူး။
သူက Bam ကိုကြည့်လိုက်ပြီး Bam ခေါင်းညိမ့်ပြလိုက်တော့ Lisa ကိုလွှတ်လိုက်တယ်။
Lisa ကျောပိုးအိတ်ကို ပုခုံးပေါ်ပြန်တင်ပြီး Lagguage နဲ့ ဂိတ်ထဲဝင်မယ်လုပ်တော့ Bam ပြောလိုက်တဲ့စကား တခွန်း ကြောင့် ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားတယ်။
"မင်းအမေနေမကောင်းဘူး Lis!" Lisa သူ့ဘက်ပြန်လှည့်ကြည့်လိုက်တယ်။ Lisa အမေက Lisaအတွက် ပျော့ကွက် ဆိုတာသူသိတယ်။
"မင်းအိမ်ပြန်ဖို့လိုတယ်" လို့သူပြောတော့
"ငါ့ကိုအဲ့ဒီကဒ်သုံးပြီး လာမကစားနဲ့ Bam။ ဒါကပျော်စရာမကောင်းတော့ဘူး" လို့ပြောလိုက်တယ်။
"ငါအတည်ပြောနေတာ Lis! မင်းအမေ မင်းကိုနေ့တိုင်းလွမ်းနေတာ" လို့သူပြောလိုက်တော့ Lisa မျက်လုံးမှိတ်လိုက်မိ တယ်။ Lisa လဲ အဝေးကနေ သူမကိုမလွမ်းတဲ့နေ့မရှိခဲ့ဘူး။ သူမကိုဒီလိုထားခဲ့တာ Lisa အတ္တကြီးမှန်း သိတယ်။ Lisa ဘာမှဆက်မတွေးနိုင်တော့ဘူး။
"ငါတို့ထိုင်းကိုပြန်မလို့" Bam လက်ကနာရီကိုကြည့်ပြီးပြောလိုက်တယ်။
"လေယာဉ်ထွက်ဖို့တစ်နာရီလောက်လိုသေးတယ် အဲ့ဒါ" လို့သူ Lisa ကိုပြောလိုက်တယ်။ သူပြောလိုက်တဲ့စကားနဲ့ ပတ်သက်ပြီး Lisa မငြင်းဘူးဆိုတာသူသိတယ်။ Lisa အမေကနေမကောင်းနေပြီး သူမ Lisa ကိုတွေ့ချင်နေတယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...