Strong

1.5K 150 2
                                    

Lisa Pov

Lisa ခြေထောက်တွေနာကျင်လာတဲ့ထိဆက်လျှောက်နေမိတယ်။ Jennie ဆီကထွက်လာခဲ့တာ တစ်နာရီလောက်ကြာပြီ ထင်တယ်။ ကောင်းကင်မှာ လျှပ်စီးတွေလက်လာပြီး မိုးသံတွေကြားနေရတယ်။

မိုးစက်တွေ Lisa ပေါ်ကိုကျလာတော့ လမ်းလျှောက်တာရပ်လိုက်ပြီး လမ်းဘေးမှာထိုင်ချလိုက်တယ်။ Lisa ဘယ်ရောက် နေလဲမသိသလို စိတ်လဲမဝင်စားတော့ဘူး။

အရာရာဟာဗလာတစ်ခုလိုခံစားနေရတယ်။

မိုးစက်တွေကခန္ဓာကိုယ်ပေါ်ကိုစိုရွဲသွားခဲ့တယ်။ Lisa ခေါင်းကိုငုံ့ထားလိုက်တယ်။

ရုတ်တရက်ကားတစ်စီး Lisa ဘေးရပ်လိုက်တာကိုသတိထားမိလိုက်တယ်။ ဒါပေမယ့် ဘယ်သူလဲဆိုတာ Lisa မကြည့် ဖြစ်ဘူး။ တစ်ယောက်ယောက်ကားပေါ်ကဆင်းလာပြီး ထီးဖွင့်လိုက်တာကို ကြားရတယ်။ Lisa ရှေ့ခြေထောက် တစ်စုံ ရပ်လိုက်ပြီး ကိုယ်ပေါ်ကိုမိုးစက်တွေကျနေတာရပ်သွားတော့ မော့ကြည့်မိတယ်။

"Lisa ရှင့်ကိုယ်ရှင်ဘာတွေလုပ်နေတာလဲ" သူမမေးလိုက်တာကိုကြားရတယ်။

"အိမ်ပြန်တော့ Somi ငါ့တစ်ယောက်တည်းနေပါရစေ" သူမခန္ဓာကိုယ်ကိုကိုင်းလိုက်ပြီး Lisa လက်မောင်းကို ဆွဲထူလိုက်တော့ Lisa ရုန်းလိုက်တယ်။

"ရှင်ဒီနေရာကနေကိုယ့်ဟာကိုယ်လိုက်မလား ကျွန်မဆွဲခေါ်ပြီးကားထဲသွင်းရမလား" သူမဒေါသထွက်နေတာကို တွေ့ရတယ်။

"မင်းကဆွဲခေါ်မှာ" Lisa မေးလိုက်တယ်။ သူမ Lisa ကိုဘယ်လိုနိုင်မှာလဲ။

"ဟုတ်တယ်။ ပြီးတော့သူနဲ့ဆွဲခေါ်မှာ" သူမကားထဲလက်ညှိုးထိုးပြလိုက်တယ်။ Bruno ကပြုံးပြီး Lisa ကိုလက်ယမ်းပြတယ်။

"ရှင်ဟာရှင်ထမလား။ ဆွဲခေါ်ခံချင်တာလား။ ရှင်ကြိုက်တာရွေး" သူမက အသံမာမာနဲ့ပြောလိုက်တယ်။

"okay, Okay ကိုယ့်ဟာကိုယ်ထမယ်။ မင်းတို့ငါ့ကိုအကြမ်းဖက်စရာမလိုဘူး" Lisa မတ်ရပ်ရပ်ပြီးထလိုက်တော့ Somi ကလက်မောင်းကိုဆွဲပြီး ကားထဲကိုတွန်းပို့လိုက်တယ်။

"Bruno, ကားတံခါးလော့ချလိုက်" သူမကားထဲကိုဝင်လာပြီးပြောလိုက်တာကိုတွေ့ရတယ်။ Lisa သူမကို နားမလည်နိုင်သလို ကြည့်မိတယ်။

Cross Roads (Jenlisa)(Translation)Where stories live. Discover now