Lisa Pov
Jennie ကိုအိမ်ပြန်လိုက်ပို့ပြီး Lisa Ireneကိုဖြစ်ပျက်ခဲ့တာတွေပြန်ပြောပြတော့ Lisa အဲ့ဒီနေရာမှာ ရှိနေခဲ့တဲ့အတွက် သူမကျေးဇူးတင်နေတယ်နေတာကို သိလိုက်ရတယ်။
Lisa သူမကိုအကုန်ပြောပြခဲ့ပေမယ့် Jennie Lisaကားပေါ်နေဝင်ချိန်ထိနေခဲ့တယ်ဆိုတာတော့မပြောဖြစ်ခဲ့ဘူး။ သူမ အထင်လွဲသွားမှာ Lisa မလိုချင်ဘူး။ အဲ့ဒီနေရာမှာ Jennie ကိုသူငယ်ချင်းတစ်ယောက်လိုကူညီလိုက်တာပဲ သိစေချင်တယ်။
Irene နဲ့ဆက်ဆံရေးကိုပိုခိုင်မြဲချင်တယ်။ အတိတ်ကရှုပ်နေခဲ့တဲ့အရာတွေ ပြီးဆုံးချင်ပြီ။ Lisa ဒီလိုအမှားမျိုး ထပ်လုပ်မိရလောက်အောင် မတုံးသေးဘူး။ (ပြောတာပဲ)
Liam ကိုလဲ Irene ကသူ့ကောင်မလေးဆိုတာ Lisa ပြောပြချင်တယ်။ ပြီးတော့ Mommy Jennie ရဲ့သူငယ်ချင်းဖြစ် ကြောင်းလဲ မိတ်ဆက်ပေးချင်တယ်။
နောက်နှစ်ရက်နေတော့ Lisa Jennieရုံးခန်းကိုသွားပြီး သူမစားဖို့ဖို့တစ်ခုခုဝယ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ Lisa သူမအခန်းတံခါးကိုခေါက်မယ်လုပ်တော့ တံခါးနည်းနည်းပွင့်နေတာတွေ့လိုက်ရတယ်။ Jennie တစ်ယောက်ယောက်နဲ့ စကားပြောနေတာကိုကြားလိုက်ရပြီး အသံကရင်းနှီးနေတယ်။
"နင်အခုဘာလုပ်မှာလဲ Jen" တခြားတစ်ယောက်ကမေးလိုက်တယ်။
"ငါမသိဘူး။ ငါအခုမှ Robby ကိုတရားစွဲဖို့စလုပ်နေတုန်း" သူမပြောလိုက်တယ်။ Lisa အထင်ဒီကိစ္စက တရားစွဲပြီးသား ထင်နေတာ။
"Lisa ကိုရောဘယ်လိုလုပ်မှာလဲ Jen။ နင်ကအရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ။ သူ့ကိုအမှန်တရားအကုန်ပြောပြလိုက် တော့" တခြားအမျိုးသမီးကပြောလိုက်တယ်။
"ဒါကဘာမှပြောင်းလဲမသွားတော့ဘူး Rose, သူကငါ့ကိုမေ့လိုက်ပြီ။ ပြီးတော့ သူ့မှာ Irene ရှိနေပြီ။ Irene ကငါ့ ညီမလေး" Jennie ပြောလိုက်တာကိုကြားရတယ်။
"အဲ့ဒါဆို သူနဲ့သူငယ်ချင်းဖြစ်အောင်ပြန်လုပ်ပြီး နောက်မကျခင် အရင်ကဘာတွေဖြစ်ခဲ့တာရော နင်ခံစားခဲ့ရတာတွေ ရော ပြောပြလိုက်" ဒါတွေကိုကြားလိုက်ရတော့ Lisa သူတို့တွေဘာတွေပြောနေကြတာလဲဆိုတာ ရှုပ်ထွေးသွားတယ်။
YOU ARE READING
Cross Roads (Jenlisa)(Translation)
Fanfictionကျွန်တော်တို့ကသက်ဆိုင်တဲ့လူတွေကို မတော်တဆတွေ့ကြတာမဟုတ်ဘူး။ သူတို့က အကြာင်းပြချက်တစ်ခုနဲ့ ကျွန်တော်တို့လမ်းကိုဖြတ်သွားကြတာ။ သဝန်တိုမှုတွေ။ နာကျင်မှုတွေ။ ဆုံးရှုံးမှုတွေနဲ့ သူတို့နှစ်ယောက်ရဲ့အတိတ်။ ၄နှစ်ကြာပြီးတဲ့နောက် Lisa နဲ့ Jennie တို့ရဲ့ချစ်ခြင်း...