2

1.1K 110 0
                                    


"ရှင်းမ်ဂျယ်ယွန်း .....ငါ့ပစ္စည်းတွေကိုအဲ့လို လက်လွတ်စပယ် ကိုင်တာမကြိုက်ဘူးလို့ပြောထားတယ်မလား"

Debutလုပ်ပြီးတာ 1နှစ်လုံးသူတို့မတည့်ဘူးဆိုပေမဲ့ ပတ်ဆောင်းဟွန်းသူ့ကို ဒီလောက်အသံမာမာ နဲ့ မပြောဖူး ဘူး

"ဆောင်း..ဆောင်းဟွန်း ငါမရည်ရွယ်ပါဘူး မင်းဖုန်းလာနေလို့မင်းကိုပေး မလို့ ဆိုပြီ ယူလာတာပါ"

"မင်းနဲ့ငါရဲ့ဆက်ဆံရေး က ဖုန်းယူပေးလောက်တဲ့ အထိ မရင်းနှီးဖူး ထင်တယ်နော် ရှင်းမ်ဂျယ်ယွန်း "

အရင် က စိတ်ဆိုး ရင် ရှင်းမ်ဂျိတ် လို့ပဲ ခေါ်တယ်
အခုက
သူနာမည်အရင်း ကို ခေါ်နေပုံထောက်ရင် ပတ်ဆောင်းဟွန်းတော်တော်မှစိတ်ဆိုးနေပုံပဲ ဆိုတာ ဂျယ်ယွန်းသတိထားမိပါတယ်

"နောက်တစ်ခါငါ့ ပစ္စည်းတွေ တစ်ခုမှမထိနဲ့ "
ဆိုပြီး သွေးအေးအေး နဲ့ ထွက်သွားတဲ့သူ

လက်ပေါက်ကတ်လိုက်တာ တကယ်ပဲ

ထိုလူထွက်သွားပြီး မှ jay က ဝင်လာပြီး

"ဟေ့ကောင်တွေ မနက်စောစောစီးစီး ဘာတွေဖြစ်နေကြတာလဲ ဆူညံနေတာပဲ ကွာ ရန်ဖြစ်ကြပြန်ပြီလား မင်းတို့ကလည်းမကြီးမငယ်နဲ့ "

"ဘာမှ မဟုတ် သူ့ဖုန်းလာ‌နေလို့ သူကို ဖုန်း‌သွားပေးတာ ကို ဘာတွေ အဲ့လောက်တောင် ဒေါသ ထွက်သွားလည်းမသိ ပတ်ဆောင်းဟွန်း ဒါကြီးကတော့မမိုက်ဘူးကွာ "

"မင်းတို့ နှစ်ယောက် ဘယ်တော့မှ တည့်ကြမှာလည်း ကွာ တစ်ရက်တစ်ရက် မင်းတို့ပြဿနာချည်း ပဲ မင်းလည်း romemate ပြောင်းတော့ "

"Roommate ကတော့မပြောင်းနိုင်ဘူး ဒီ အခန်း ကို အကုန်လူနဲ့အတိုက်အခံလုပ်ပြီးယူထားရတာ
ပြီးတော့ပြဿနာက သူဖြစ်နေတာလေ ငါက ဘာလည်းမလုပ်ပဲ ငါ ကိုပဲကွက်ပြီးမုန်းနေတာ ကျန်တဲ့memberတွေ နဲ့ကျ အဆင်ပြေလို့ "

"မသိဘူး ကွာ အဲ့ကောင်နဲ့ ကအရင်ကတည်းကသိတယ်ဆိုပေမဲ့သူစိတ်ကမှန်းရခက်တယ် မင်းနဲ့တောင် အကြိုက်တော်တော်မျာများ တူလို့ဆိုပြီး engeneတွေ က ship ကြတာ ဒါပေမဲ့ငါစဉ်းစားလို့မရတာက ဘယ်လိုများ မင်းတို့otpကဘာလို့အဲ့လောက်နာမည်ကြီးသွားလည်း စဉ်းစားလို့မရ sunooနဲ့nikiလို real momentsတွေ ရှိရင်တောင်မပြော ကွာ "

"မသိဘူး ကွာ ဒီနေ့ ကုမ္မဏီ သွားရမယ် မလား memberတွေကိုနှိုးလိုက်အုံး ငါတော့ပြင်ဆင်တော့မယ် သွေးစုပ်ဖုတ်ကောင် ကတော့ထွက်သွားပြီ "

"ခွီး...မင်း ဘယ်လို့ခေါ်လိုက်တယ်"

"တော်ပြီ သွားတော့ မြန်မြန်သွားနှိုးကျန်တဲ့ လူတွေ ကို "


_____________________

ထိုင်းအစိုးရရေ fuck U ပါ👍🙂

mamo_9

Love=Sim JakeWhere stories live. Discover now