"ပြန်လာပြီထင်တယ်..."
အပြင်က တံခါးpw ရိုက်သံ တတီတီ ကြားသည်နှင့် ဂျယ်ယွန်းတို့ပြန်လာပြီ ဖြစ်ကြောင်းကောက်ချက်ချမိကြ၏။
"ဟာ..အနံ့တွေက မွှန်ထွန်နေတာပဲ..."
နှာခေါင်းကို လက်ဖြင့်ပိတ်ကာ တုံပြန်မှုပြုတဲ့ဂျေး"မင်းတို့ ကလေးတွေဝင်တော့သွား..."ဟုဆိုကာ ဆောနူ၊နီခီနှင့် ဂျောင်ဝန်းကို အခန်းထဲ အတင်းဝင်ခိုင်းတဲ့ဂျေးဟာ
သူသားတွေအတုယူမှားမှာစိုးရိမ်နေတဲ့အမေတစ်ယောက်လိုပင်။ဂျေးတို့ဝင်သွားသည်နှင့် သူတို့လည်းအခန်းထဲဝင်ရန်ပြင်လိုက်၏။
"ဟျောင်းသွားနားတော့လေ ကျနော်ပဲခေါ်သွားလိုက်တော့မယ်.."
ဟုဆိုကာ roommateဖြစ်တဲ့သူကပဲ ဆောင်းဟွန်းကို ခေါ်သွားမည်ဖြစ်ကြောင်းပြောလိုက်တယ်။
"အင်း..အဲ့ဆိုလည်း.ဟျောင်းဝင်တော့မယ်နော်.."
"ဟုတ်ဟျောင်း...."
________________
"Arhhhhshi..လေးလိုက်တာ..."
ထို့နောင်ဆောင်းဟွန်းကို ကုတင်ပေါ်တင်ပေးပြီးသည်နှင့် ဖိနပ်တွေချွတ်ပေးလိုက်သည်။ အနံ့အသက်ကြောင့် အိင်္ကျီလှယ်ပေးမှ ဖြစ်မည် ဆိုတာသိပေမဲ့ ဂျယ်ယွန်းတွန့်ဆုတ်နေမိတယ်။
"လုပ်ပေးလိုက်ရမလား...မနက်ကျမှ ငါ့ကိုစိတ်ဆိုးနေရင်ရော...အားးးးမိုလာ..ရူးတော့မယ်..."
ဂျယ်ယွန်းတစ်ယောက်ဆောက်တည်ရာမရဖြစ်နေသည်။"ဒီတိုင်းနှိုးလိုက်ရမလား..."
"ဟုတ်ပြီ နှိုးလိုက်မယ်..."
"ဆောင်းဟွန်း...ဆောင်းဟွန်း.."ဟုဆိုကာ ပုခုံးကို ခပ်ဖွဖွ လှုပ်နှိုးပေမဲ့ သကောင့်သားက ခုထိထမလာ
"ဆောင်းဟွန်း..ဆောင်း...အာ့.."
နောက်တစ်ဖန် နှိုးတော့ ဂျယ်ယွန်းလက်ကိုဆွဲလိုက်သောကြောင့် ဂျယ်ယွန်းမှာ ဟန်ချက်မထိန်းနိုင်ပဲ ဆောင်းဟွန်းကိုယ်ပေါ်သို့ အိခနဲ ကျသွားရ၏။ဆောင်းဟွန်းရဲ့အသက်ရှုသံနွေးနွေးဟာ လည်ပင်းမှာထိရောက်နေသည်ကိုခံစားမိ၏ ။