14

569 39 2
                                    

"ဆောင်းဟွန်း မင်းအဆင်ပြေရဲ့လား"

"ပြေပါတယ် ဟျောင်း"

"သေချာလို့လားကွာမင်းကြည့်ရတာ ပစ်လဲတော့မယ့်ပုံနဲ့.."
ဂျယ်ယွန်း သြဇီ ကိုသွားကတည်းက ဆောင်းဟွန်းတစ်ယောက် နဂိုထက်အလုပ်တွေဖိလုပ်နေတာကိုသတိထားမိကြပါတယ်မပြောကြရုံသာ..........

"တကယ်ပါ ဘာမှမဖြစ်ဘူးမနက်စာမစားရသေးလို့ဖြစ်မယ်...."

...................
မနေ့ညကလည်း justin bieber ရဲ့ghost သီချင်းကို ဖွင့်တာတောင် သီချင်းမကောင်းဘူး ပြောင်းလိုက် ဆိုပြီး ထထွက်သွားရဲ့

ကျန်ခဲ့တဲ့ဂျေးမှာတော့ "ဒီကောင်ဘာလား"ဆိုပြီး အူတူတူနဲ့

~~~~~~~~~~~~~~

*အိုပါးတို့ စိတ်မပူပါနဲ့ဂျယ်ယွန်းနီး မြန်မြန်သက်သာလာမှာပါ*

*နူးနားတို့ ဂျယ်ယွန်းနီးက သန်မာပါတယ် ကလေးတို့ စိတ်မကောင်းမဖြစ်ကြပါနဲ့*

"အရမ်းစိတ်မပူပါနဲ့
ဂျယ်ယွန်း ကျော်ဖြတ်နိုင်ပါတယ်*

*ဝုန်း*

V live မှာ စကားပြောကြရင်း တက်လာတဲ့ engenge တွေရဲ့cm တစ်ချို့ကို နီခီ က ဖတ်ပြနေတုန်း ထထွက်သွားတဲ့ဆောင်းဟွန်း....

*ဟဲ့ဟဲ့ကြည့်ကြပါအုံး ငါ့ဟွန်းနီးဘာဖြစ်သွားတာလဲ*
*စိတ်ပူသွားလို့များလား ခိခိ*
*ဆောင်းဟွန်းကဘာဖြစ်တာလဲ*
*ငါတို့ဟွန်းနီးဘာဖြစ်သွားတာလဲ*
ဆိုပြီး စတဲ့cm တွေအများကြီးတက်လာတော့
ဂျောင်ဝန်းက leader ပီပီအခြေအနေကိုထိန်းတဲ့အနေနဲ့...
"Pizza လာပို့လို့သွားယူတာနေမယ် အားလုံးပဲ ကျနော်တို့ ညစာစားတော့မှာကြောင့်နှုတ်ဆက်ပါတယ် " ဆိုပြီးlive ကိုရပ်လိုက်ရတယ်.......

~~~~~~~~~~~~~~~

သတိရ ရချင်း အိုမားကို member တွေနဲ့ vc ပြောချင်တယ်လို့ပြောတော့ အိုမား က labtop ကို သေချာ ပြင်ပေးတယ်

ခေါ်လိုက်တာနဲ့

"ဂျယ်ယွန်း သက်သာသွားပြီလား ဘယ်လိုနေသေးလဲ"

"ဟျောင်းရာ သတိရနေတာ"

"မင်းမရှိတော့ ငါ့မှာ ရာမြောင် စားဖို့လူမရှိဖြစ်နေတာ"

ဆိုတဲ့ တစ်ယောက်တစ်ပေါက်အသံတွေထွက်လာပေမဲ့ ဆောင်းဟွန်းဆီက အသံထွက်မလာခဲ့

ခဏကြာတော့ ဂျေးက

"မင်းအခုနေမကောင်းသေးလို့ နေကောင်းသွားရင် မင်းကို ငါ ထိုးမိမှာ 02 liners ဆိုပြီး ၃ယောက်တည်းရှိတာကို ဘယ်သူကိုမှ ဘာမှ မပြော......."

"ဟေ့ရောင် ဂျေး နေမကောင်းတဲ့သူကို ဘာလို့ ဆူနေတာလဲ"​ စကားပြောနေတုန်း ဖြတ်ပြော လိုက်တဲ့ ဟီဆွန်းကြောင့် ဂျေးတစ်ယောက်အင် တင်တင် တော့ ဖြစ်သွားသည်

"ဟျောင်းကလည်း .............နည်းနည်းတော့ခံပြင်းတာပေါ့ မပြောမဆိုနဲ့ ထွက်သွားတာကို... "

"ဒါပေမဲ့လည်း နေမကောင်းတဲ့သူတစ်ယောက်ကို အဲ့လိုမပြောသင့်ဘူးလေကွာ"

"ကဲကဲ ဟျောင်းတို့ရယ်တော်ကျပါတော့ ဂျယ်ယွန်း ဟျောင်း အိပ်ချိန်ရောက်တော့မယ် ​မှာစရာရှိတာမြန်မြန်မှာ"

လီဒါ ယန်းဝင်ပြောမှပဲ ရပ်သွားတဲ့နှစ်ယောက်ကို
ဂျယ်ယွန်းကတော့ ပြုံးစိစိနဲ့ကြည့်နေလေရဲ့

အားလုံးက သတိရနေကြောင်းအမျိုးမျိုး ပြောကြပေမဲ့
ဒါပေမဲ့ဆောင်းဟွန်းဆီက စကားသံ တစ်ခွန်းမှထွက်မလာခဲ့

ထိုအခါမှ ဆောနူက ဆောင်းဟွန်း ဟျောင်း ပြောစရာရှိရင်
ပြော လေ လို့ပြောတော့

"အင်း..."လို့ခပ်တိုးတိုးရယ်သာပြန်ဖြေလိုက်တယ်....

ဂျောင်ဝန်းကအခြေအနေကိုသဘောပေါက်ဟန်နဲ့
"ကဲ .....အားလုံးပဲ ကျွန်တော်တို့ပီဇာ စားဖို့သွားကြမယ် ဆောင်းဟွန်း ဟျောင်းက ခုဏက မစားဘူး လို့ပြောတော့ ဟျောင်း ကျန်ခဲ့ ....." လို့ပြောပြီး members တွေကိုဆွဲခေါ်သွား‌လေ ရဲ့...

ဒါတောင်အရိပ်အကဲမသိတဲ့ ဂျေးက "ဂျယ်ယွန်းနဲ့ပြောပြီးမှသွားမယ်"ဆိုပြီး လုပ်နေသေးတာ နီကီက လာပါ ဟျောင်းဆိုပြီးဆွဲခေါ်လို့ပါသွားတာ......

_______________________

တိုတယ်မလား ဒီရက်ပိုင်း စိတ်အခြေအနေမကောင်းလို့ရေထားတာတွေ အားမရလို့ မတင်တာပါ.......💔

mamo_9

Love=Sim JakeWhere stories live. Discover now