19

399 28 8
                                    

မနက်ပိုင်း နိုးလာတဲ့အချိန်တွင် ဘေးကုတင်၌ဆောင်းဟွန်းရှိမနေ ၍ဂျယ်ယွန်းအနည်းငယ်အလိုမကျဖြစ်မိသွားသည်....

ညက ရယ်ဂျီ ဖုန်းဆက်တာနဲ့ဆက်စပ်တွေး‌မိတော့ ဝဲဘက်ရင်အုံက အောင့်လာသလို...

ဟူး...မင်းကိုချစ်ရတာ နာကြ‌င်ရတယ်တကယ်ပဲ.....

"အားးးအိုမား ခါပ်ကျာ့ဂီရားးး"
(A/N:အိခုရဲ့အသံလေးမြင်ယောင်မိမယ်ထင်ပါတယ်🤭)

ဂျယ်ယွန်းကုတင်ပေါ်မှာထိုင်နေတုန်း.ရေချိုးခန်းထဲက
သဘတ် ကိုခါးမှာ ဝတ်ကာအ‌ပေါ် ခြမ်းကဗလာနှင့် ထွက်လာတဲ့ဆောင်းဟွန်းကြောင့် လန့်ပြီးအော်မိတော့ သကောင့်သားကခပ်ဖွဖွ ရီတယ်

"ဘာလဲ ကိုယ်ကသရဲကျလို့.."

"မင်း..မင်းမရှိဘူးထင်..ထင်လို့.လေ"
အရေးအကြောင်းဆိုစကားက ထစ်တတ်တဲ့အကျင့် ကိုလည်းဂျယ်ယွန်းစိတ်ပျက်မိပါသည်။

"ရှက်နေတာလား မင်း..."

"ဘာကိုရှက်ရမှာလဲ..ယောင်္ကျားလေးအချင်းချင်းပဲ.."

မုသားပါ ပတ်ဆောင်းဟွန်းရဲ့ဒီလိုပုံစံကို အခုမှမြင်ဖူးသည့်အတွက်ဂျယ်ယွန်းတကယ်တော့ရှက်ပါသည်

"Hak"
နေပါအုံး ပတ်ဆောင်းဟွန်းငါ့ကို လှောင်သွားတာလား သူကတော့တွေးနေတုန်းရှိသေး သကောင့်သားက အိင်္ကျီလဲပြီး ထွက်သွားပြီ...

______

"ဝါးးးဂျေးဟျောင်းမွှေးနေတာပဲ ဘာတွေချက်နေတာလဲ..."

ဂျယ်ယွန်းအောက်ထပ်ကိုဆင်းလာတုန်း ဆောနူက အပေါ်ကနေအသံဆာဆာနှင့် အော်ကာ ပြေးဆင်းလာ၏

"ညစာအတွက် Curry ချက်ထားခဲ့မလို့ "

"ဝါးးးcurry ဆိုတော့ ကြိုက်ပြီဟျောင်း များများ ချက် ကျွန်တော်အများကြီးစားပစ်မှာ...."ဒါကတော့ဆောနူမဟုတ်တဲ့ ဂျောင်ဝန်းစီက အသံထွက်လာခြင်း...

ထမင်းဝိုင်းမှာလူစုံတော့ ဂျေးက breakfast ပြင်ထားတဲ့ပန်းကန်တွေလာချပေးတယ်....

Tingဆိုတဲ့ noti ဝင်သံပြီးနောက် ဆောင်းဟွန်းဆီက

"အာ...ငါအရင် ကုမ္မဏီကိုသွားနှင့်မယ်.." ဆိုပြီးစကားဆိုလာတယ်

"ဘာလို့လဲ မနက်စာအရင်ဝအောင်စားသွားလေကွာ.."လို့ဟီဆွန်းဟျောင်းကပြောတော့...

"မစားတော့ဘူးဟျောင်း...သွားတော့မယ် အရေးကြီးလို့..."ဆိုပြီး ကောက်ထွက်သွားတဲ့ဆောင်းဟွန်း.....

"ဟာ..ဒီကောင် နှမြောစရာကြီး ငါ့မှာတော့အချိန်ကုန်ခံပြီးလုပ်ပေးထားတာကို"
သူပြင်ပေးတာကိုမစားပဲထွက်သွားလို့ နှုတ်ခမ်းစူကာ ပွစိပွစိပြောနေတဲ့ဂျေးပါလေ

"သူမစားလည်း ကျနော်စားမယ်"ဆိုပြီး ယူစားနေတဲ့ ဂျောင်းဝန်းကိုတော့ ဂျေးတစ်ယောက်က ပြုံးပြုံး ကြီးကြည့်နေလေရဲ့....

__________

မနက်စာစားနေရင်း ဝင်လာတဲ့ message ကြောင့်

*ရှုခင်းကကြည့်လို့ကောင်းတယ်နော် ဆောင်းဟွန်း *
ဆိုတဲ့စာနဲ့အတူ အထက်မြင့် အဆောက်အဦးပေါ်ကနေရိုက် ထားတဲ့ ဓါတ်ပုံတစ်ပုံ ကိုပို့လာတဲ့ ရယ်ဂျီကြောင့် ဆောင်းဟွန်း ပြေးထွက်လာခဲ့မိတယ် ထွက်မသွားခင် ရှုံ့မဲ့နေတဲ့မျက်နှာလေးကိုတော့မြင်ဖြစ်အောင် မြင်ခဲ့ပါသေးတယ် သို့ပေမဲ့ ရယ်ဂျီ စီကိုတော့ ဖြစ်အောင်သွားရမည်
ဒီကောင်မလေးက ထင်ရာလျှောက်လုပ်တတ်တဲ့အတွက် ဖြစ်၏။

"ရယ်ဂျီ...."

"ဟာ.... ဆောင်းဟွန်းးနင်ဘယ်လိုရောက်...yahh"
ရယ်ဂျီစကားမဆုံးခင် ရိုက်လိုက်တဲ့ ဆောင်းဟွန့်း

"လန့်သွားတာပဲ နင်ဟာ "

"ဘာလို့လန့်တာလည်း ငါကရှုခင်းပုံလေးပို့တာကို..."

"နင်သတ်သေဖို့လုပ်နေတယ်ထင်လို့..."

"ဟယ်...ဖွဖွ...အဖန်ငါးရာငါး ကမ္ဘာခံရမှာပေါ့ လုပ်စရာလား..."

"ဟူး...တော်သေးတာပေါ့ လန့်သွားတာ..."

"ငါ့ကိုအဲ့လောက်တောင်စိတ်ပူလား နင်...."

"အေးပေါ့ တစ်ယောက်တည်းရှိတဲ့သူငယ်ချင်းကို..."

"ဆောင်းဟွန်း...နင်အရင်တုန်းကပြောတဲ့စကား အခုအကျုံးဝင်သေးလား"

"ဘာကိုလဲ...."

"ငါပြန်လာချင်ရင် ဘယ်အချိန်ဖြစ်ဖြစ်ရတယ်ဆိုတာလေ...."

"အဲ့..အဲ့..ဒါက......"

_____________

အကြာကြီးပစ်ထားမိသွားပြီထင်တယ်🥺😞

mamo

Love=Sim JakeWhere stories live. Discover now