16

464 35 2
                                    

*2 weeks later*
ဂျယ်ယွန်း ဟန်ဂုကိုပြန်ရောက်ပြီး 2 weeks later ပါ

"ဂျယ်ယွန်း.."
"ဂျယ်ယွန်း..."

ဂျယ်ယွန်းတစ်ယောက် အိမ်မက်ထဲမှာ ပတ်ဆောင်းဟွန်းနဲ့ ဒိတ်နေတုန်း တစ်ယောက်ယောက်က လားနှိုး လို့ လန့်နိုးသွားရတယ်

"ဟင်....ဆောင်းဟွန်း"

ဒါပေမဲ့ လာနှိုး တဲ့ လူကသူ့ရဲ့roomateပတ်ဆောင်းဟွန်းဖြစ်နေတော့ လည်း......စိတ်ချော့ ဂျယ်ယွန်း.... စိတ်ချော့

"အစောကြီး ဘာလို့ လာနှိုးတာလဲ......"

"ဟာ.....ဘယ်မှာစောလို့ လဲ ဂျယ်ယွန်းရဲ့ 12နာရီတောင်ထိုးတော့မယ်...ညမဟုတ်ဘူးနော် မနက် 12နာရီ ထိုးတော့မှာ....."

"အာ.....ဆောင်းဟွန်းကလည်း တစ်မိနစ်...မဟုတ်ဘူး
ဆယ်မိနစ်ပဲ....ခဏလေးအိပ်ဦးမယ်လေကွာ နော်နော်..."

အိပ်ချင်မူးတူး နဲ့ ဆယ်မိနစ်ကို မှားပြီးလက် 8ချောင်းထောင်ပြနေတဲ့ ‌ဂျယ်ယွန်းကြောင့်....ဆောင်းဟွန်းခပ်ဖွဖွလေး ရယ်လိုက်ပြီးတော့သာထွက်သွားတော့တယ်.....

အိပ်ချင်နေတယ်သာပြောတယ်ပတ်ဆောင်းဟွန်းရဲ့ သွားစွယ်‌ ဖွေးဖွေးလေးတွေကိုမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်........

အားးးးပတ်ဆောင်းဟွန်းဘာလို့အဲ့လောက်ကြည့်ဖို့ကောင်းရ‌တာလဲ....

ဆောင်းဟွန်းကိုချီးမွမ်းခန်း ဖွင့်တာကိုရပ်ပြီး ရေချိုးဖို့ပြင်တော့သည်......

~~~~~~~~~~~~~~~~~~~~~~~~~~

"ဟျောင်းလာလေ...."
ဂျယ်ယွန်းအောက်ထပ်ကိုဆင်းလာတာနဲ့ မနက်စာစားဖို့ လှမ်းခေါ်လိုက်တဲ့ဆောနူ ........

"ဂျောင်ဝန်းလေးနဲ့ နီကီ ရော...."။ ဆိုတဲ့ ဂျယ်ယွန်းအမေးကို
ဂျေးက
"mix and max ရိုက်ရမှာ ကြောင့် မနက်ကတည်းက
ကုမ္မဏီကိုသွားပြီ ငါတို့က scheduleမရှိဘူး "

"အော်....."

"ဂျယ်ယွန်း ကော်ဖီ သောက်အုံးမလား"
ဆိုတဲ့ ‌ဂျေး ရဲ့အမေးကို ဝင်ဖြေလိုက်သူက ဆောင်းဟွန်း

"မသောက်ရပါဘူး...ကျန်းမာရေးထိခိုက်တယ်...ညကလည်းသောက်တာ 2ခွက်တောင်....နွားနို့ပဲသောက်....."

"အယ်....မင်းကလည်း ငါဘယ်တုန်းကနွားနို့သောက်လို့လဲ....မကြိုက်ဘူးကွာ မသောက်ဘူး....."

"ရှင်းမ်းဂျယ်ယွန်း...ငါမင်းကျန်းမာရေးကြောင့်ပြောနေတာနော်......"

"ဟုတ်သားပဲ...ဂျယ်ယွန်းရယ်..မင်းဒီရက်ပိုင်းကော်ဖီသောက်တာများနေတာကို...." ဟီဆွန်းဟျောင်းက ပါဝင်ပြောတော့
ဂျယ်ယွန်း စိတ်တိုတိုနဲ့ နှုတ်ခမ်းဆူလိုက်မိတယ်

"ပေး..ပေး သောက်မယ်" လို့ဆူဆောင့်ဆောင့်နဲ့ပြောတဲ့
ဂျယ်ယွန်း......

"နွားနို့ သောက်ပြီးရင် ငါနဲ့ ကုမ္မဏီကို သွားရမယ်.... weverse liveလွှင့်ရမှာ..." ဆိုတဲ့ဆောင်းဟွန်းရဲ့ စကားကြောင့်
ဂျယ်ယွန်း နွားနို့သောက်နေရာမှ ဆောင်းဟွန်းကိုကြည့်လိုက်မိတယ်.....

"မင်းနဲ့ ဆိုတော့ ငါတို့နှစ်ယောက်တည်းလား"

"အင်း ဟုတ်တယ်..ဂျာကြီးက moment ရိုက်ရမယ်လို့
ပြောလို့"

"အော်...အင်းလေ သွားတာပေါ့"

_______________________

ရိုက်သတ်ချင်လည်းသတ်ကြပါတော့ ပံ့သကူကောက်ချင်လည်း ကောက်သွားကြပါတော့ကွယ်...🥹✌️

SimJvee

Love=Sim JakeWhere stories live. Discover now