3

1K 108 0
                                    

‌"ဆောင်းဟွန်းရေ ကြက်ချဉ်စပ် ကတအားစပ်တယ် ဟ"

"‌‌အင်း မှန်တယ် အဲ့ဒါတော့လက်ခံတယ်"

"ဆောင်းဟွန်း ငါကိုရေဗူးလေး တစ်ချက်လောက် "

"ရော့ ဂျယ်ယွန်း တစ်သျှူးရော ယူအုံးမလား"

"ရပြီ မယူတော့ဘူး ငါဘေးနားမှာ တစ်ဗူးရှိတယ်"

ခဗျားလေးတို့တွေးနေကြမှာပဲ ရေခဲကောင် ဘာ လို့ အဲ့လောက် ကျနော်အပေါ်ကောင်းပေးနေလဲဆိုတာ

အဲ့အကြောင်းတွေ ကိုသေချာသိဖို့ဆို လွန်ခဲ့တဲ့3နာရီ ကို ပြန်သွားဖို့လိုတယ်

လွန်ခဲ့သော 3 နာရီ က

မန်နေဂျာ hyung က ရုတ်တရက်ကြီး practice လုပ်နေရင်း သူနဲ့ဆောင်းဟွန်း ကို ပြောစရာရှိတယ်ဆိုပြီး practice room အပြင်ကိုခေါ်လို့ လိုက်သွားတော့

"ဂျယ်ယွန်းနဲ့ ဆောင်းဟွန်း မင်းတို့ နှစ်ယောက် practiceပြီး ရင် မပြန်ကြနဲ့အုံး"

"ဘာလို့လဲhyung "ဆောင်ဟွန်းရဲ့အမေးကို
Hyung က

"ပြီးရင် မင်းတို့နှစ်ယောက် V live လွှင့်ရမယ်"

သူတို့နှစ်ယောက်v live အတူလွှင့်တာက မဆန်းတော့ဘူးဆိုပေမဲ့
အခု လို ရုတ်တရက်ကြီး လာပြောတော့ ကြောင်နေမိတာတော့အမှန်

"Hyung ကလည်း ရုတ်တရက်ကြီး ပါလား schedule ထဲမှာ ပါတာ ကလည်းနောက်လမှ လေ " လို့ ဂျယ်ယွန်းကပြောတော့

"မင်းတို့ sns တွေ ဘာတေရော မကြည့်ဘူးလား
ပြီးတော့ ပတ်ဆောင်းဟွန်း မင်းရယ်ဂျီ နဲ့ရော မတွေ့ ဖြစ်တာလား ဟင်"

ရယ်ဂျီ ဆိုတာနဲ့ သိသိ သာသာ ပျက်သွားတဲ့ဆောင်းဟွန်းရဲ့မျက်နှာ
နှစ်တွေကြာပြီးတာတောင် သူမ ကမင်းကို အဲ့လိုဖြစ်စေတုန်းပဲ‌နော်

"ဘယ်လိုကြည့်ရမှာလည်းhyung ရဲ့ comeback ရှိလို့ ည တောင် သေချာမအိပ်ရတာ.............."

ဆောင်းဟွန်းမျက်နှာပျက်နေတဲ့အတွက် သူကပဲ ပြောလိုက်တော့သူစကားမဆုံးခင်ဖြတ်ပြီးမေးလိုက်တဲ့ဆောင်းဟွန်း

"ရယ်ဂျီရော ဘာဖြစ်လို့လဲ "

"အေး မင်းသူငယ်ချင်းမက date လုပ်တာမပိရိလို့ ဟေ့ အခုသူနဲ့ ဟို soloist ကောင်လေး jino နဲ့ dateလုပ် တာ သတင်းထောက်တွေ မိကုန်လို့ အခု ကုမ္မဏီက ဖြေရှင်း ဖို့ လုပ်နေတယ် အဲ့ဒါ မင်းတို့ live လွှင့်ပြီး အာရုံလွှဲထား လို့ ပြောမလို့ "

Love=Sim JakeWhere stories live. Discover now