.
.
.
.
.
.
."အဲ့ဆို ဒီနေ့ကစပြီး ငါတို့တစ်ရက်နော် ဆောင်းဟွန်း..."
*ဘုတ်*
ဂျယ်ယွန်းလက်ထဲမှာကိုင်ထားတဲ့ ရေဗူးပင် လွတ်ကျသွားမိသည် သူမလာခဲ့သင့်ဘူး ဒီကို .......ထိုနေရာမှအဝေးဆုံးပြေးထွက်လာခဲ့မိသည် လှေကား တွေတောင် ဘယ်နှထစ်ကျော်ဆင်းခဲ့မှန်းတောင်မသိမိတော့......တစ်ကိုယ်လုံးဟာလည်း ချွေးတွေရွှဲနေခဲ့သည်...ဒါပေမဲ့ သူ ခေါင်မိုးထပ်ကနေ practice room အထိ elevator မသုံးပဲ ရိုးရိုး လှေကားမှ ပြေးဆင်းလာခဲ့သည် ။
လာမိသည့်သူ့အမှားပင် စိတ်ပြေလက်ပျောက်ဖြစ်အောင် ခေါင်မိုးထပ်သွားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ သူအမှားပင်..
ပြီးပြီ အားလုံးပြီးသွားပြီ သူ့မျှော်လင့်ချက်တွေအားလုံး သွားပြီ~
ပင်ပန်းလိုက်တာ ချစ်ရတာ
•••••••••••••••
"ဟင့်.."
ဟီဆွန်း toilet ထဲလာတုန်း ရှိုက်သံလေးကြားတော့ ဟိုဖက်ဒီဖက်ပတ်ရှာမိသည်။
"ဟေးးးဘယ်သူလဲ.."
အသံက အနည်းငယ်ဟနေတဲ့ toilet တံခါးနောက်ကအသံဖြစ်သောကြောင့် သူတံခါးကိုဆွဲဖွင့်လိုက်တော့ ငိုနေတဲ့ ဂျယ်ယွန်းကိုမြင်လိုက်ရသောကြောင့် ပူထူသွားမိသည်။
ဂျယ်ယွန်းဟာ တော်ရုံမငိုတဲ့ ကလေးမျိုးပါ ဒါမျိုးငိုတာမြင်ရတော့ ဟီဆွန်းတကယ်လန့်သွားမိတယ်"ဂျယ်ယွန်း..ဘာဖြစ်လို့လဲ hyung ကိုပြောလေ..."
စကားပင်ပြန်မပြောပဲငိုနေတဲ့ ဂျယ်ယွန်းကို သူဖက်ထားပေးမိတယ်....
မနည်းကြာမှ ငိုလို့ဝသွားပြီး
"ဆောရီး hyung မျက်ရည်တွေ hyung အိင်္ကျီမှာ ပေကုန်ပြီ.."
"ဟာ ရပါတယ် ဂျယ်ယွန်းကလည်း.."
"......"
"ဂျယ်ယွန်း မင်း ဘာလို့ငိုတာလဲဆိုတာ ပြောလို့ရမလား..."
"အဲ့...အဲ့ဒါကကျနော်ပြောလိုက်ရင် hyung ကျနော်ကို တစ်မျိုး ထင်သွားလောက်တယ်....."
"ဂျယ်ယွန်း မင်း hyung ကိုပွင့်ပွင့်လင်းလင်း ပြောလို့ရတယ် အစ်ကိုကြီး ပီပီ hyung က လက်ခံပေးနိုင်တယ်..."