17

473 36 4
                                    

"ကဲ...အဲ့ဆိုikeuhoon ရဲ့ live ကိုဒီမှာပဲရပ်လိုက်ပါမယ်
ယော်တော်ဘွန်း နောက်မှ တွေ့ကြတာပေါ့ အာညော်..~"
ဆိုပြီးဆောင်းဟွန်းရဲ့နှုတ်ဆက်သံပြီးနောက် live ကိုရပ်တန့်လိုက်ကြတယ်

Moment ရိုက်ပြီး နောက် dorm ကိုပြန်ဖို့ပြင်တော့ မန်နေဂျာhyungက အမြန်ရောက်လာပြီး..
"ကလေးတို့ hyung အမေ ဆေးရုံတင်ထားရတယ်တဲ့"

"ဟာ.. hyung စိုးရိမ်ရလား" ဆိုတဲ့ jakeရဲ့အမေးကို hyung က
"အဲ့ဒါတော့ hyung လည်းမသိသေးဘူး hyung လည်း ဆေးရုံကို အမြန်လိုက်သွားရမယ် အဲ့ဒါကြောင့် driver ဦးလေးက လိုက်ပို့လိမ့်မယ် .."

"Hyung ကလည်း driver ဦးလေးနဲ့ပဲသွားလိုက်လေ အခုချိန်taxi ငှားဖို့ခက်တယ် "

"မင်းတို့ကဘယ်လိုပြန်မှာလဲ အဲ့ဆို" ဆိုတဲ့ ဂျာကြီးအမေးကို Jake က

"ရတယ်hyung ကျနော်တို့ လေညင်းခံရင်းလမ်းလျှောက်ပြန်မယ်လို့ လုပ်ထားတာ အစကတည်းက ဟုတ်တယ်နော် ဆောင်းဟွန်း..."

"ဟုတ်တယ် စိတ်ချပါ hyung ရာ ကျနော်တို့ dormကို တိုက်ရိုက်ပြန်မှာ စိတ်ချ"

" တကယ်နော်"

"အင်း"

"စိတ်ချမယ်နော်.."

"အော်...hyung စိတ်ချ hyung သာ မြန်မြန်သွား"

ဆောင်းဟွန်းရဲ့စကားအဆုံး ဂျာကြီး က "အေးအေး" ဟုနှုတ်ဆက်သံပြုကာ တော့ အပြေးသွားတော့သည်.....

"ဘယ်လဲ ဆောင်းဟွန်း"

"လမ်းလျှောက်ပြန်မယ်ဆို မင်းပဲ "

"ဟာ အဲ့ဒါက ဒီတိုင်း hyung စိတ်‌ဖြောင့်အောင်ပြောလိုက်တာလေဒီလောက် နောက်ကျနေပြီကို taxi ပဲ ငှားသွားမှပေါ့ လမ်းလျှောက်သွားရင် ဒီတသက် dorm ကို ရောက်ပါအုံးမလား.."

" taxi က ငှားရခက်တယ်လေ ဒီအချိန် ... ပြီးတော့ ဒါမျိုး လွတ်လွတ်လပ်လပ် မထွက်ရတာ ကြာပြီပဲကို..."

ဒီလိုဆက်၍သာငြင်ခုန်နေလျှင် သူတို့နှစ်ယောက် အိမ်မပြန်‌ရပဲ ကုမ္မဏီ ကနားနေခန်း၌သာနှစ်ပါးသွားရမည်စိုး၍
ဂျယ်ယွန်းကပဲ အလျော့ပေးလိုက်ရတော့သည်
"အဲ့ဆိုလည်း လမ်းလျှောက်သွားကြတာပေါ့ လမ်းမှာtaxi ငှားလို့ရရင် တော့ ငှားစီးကြတာပေါ့...."

"အင်းအင်း.."

________________

"ဂျယ်ယွန်း ကိုယ်တို့ဒါမျိုး အပြင်ထွက်ဖူးတာ နှစ်ကြိမ်မြောက်ပဲနော်"

"အင်း..အင်းနော် "
အသက်ကသူ့ထက်ငယ်သည့် သကောင့်သားက သူ့ကိုယ်သူ ကိုယ် ဟုသုံးနှုန်း လာသောကြောင့် ဂျယ်ယွန်းမျက်နှာပေါ်မှာပန်းရောင်အရိပ်များသန်းသွားကာ ဆံပင်တွေတောင် ထောင်သွားသလိုခံစားမိသွားသည်....

"ပြီးတော့ မင်း အဲ့ ကိုယ် ဆိုတာကြီး မသုံးစမ်းနဲ့ ငါကြက်သီးထလို့...."

ဆိုပြီး သူနေရခက်သည်ကို ဆောင်ဟွန်းအား ခန္တာကိုယ်ပါအနည်းငယ် တွန့်ပြကာ ပြောလိုက်တယ်

ဂျယ်ယွန်းစကားအဆုံးဆောင်းဟွန်းရဲ့ တစ်ဟားဟား ရယ်သံဟာ ပျံ့လွင့်လာပြီး..
"အေးပါနောက်ဆိုမပြောတော့ပါဘူး..ဘာလဲမင်းရှက်နေတာလား..မျက်နှာကြီးရဲတွတ်နေတာပဲ" လို့ဆိုတော့

"မင်းကြီးတော်ကို ရှက် မျက်နှာက အေး..အေးလို့ နီသွားတာ "

"ဆောင်းဟွန်း ဘာလုပ်တာလဲ....." မပြောမဆိုနဲ့ဂျယ်ယွန်းလက်တစ်ဖက်အားယူကာ သူ့အိပ်ကပ်ထဲထည့်လိုက်တဲ့ဆောင်းဟွန်းကြောင့်ဂျယ်ယွန်းခဗျာ အူတူတူလေးဖြစ်သွားတယ်

"မင်းအေးနေတယ်ဆိုလို့လေ....."

နဂိုကမှ ရှက်လို့ပန်းရောင်သန်းနေတဲ့ပါးပြင်နုနုဟာ ယခုတော့ အနီရောင်အဖြစ်သို့ပြောင်းကာ ပေါက်ထွက်‌ေတာ့မည့် ခရမ်းချဉ်သီးတစ်လုံးနှင့်ပင်မခြားတော့ပေ ။

ဂျယ်ယွန်းလည်း ကိုယ့်မျက်နှာပြင်ဟာ အရမ်းကိုပူ‌နွေးနေသည်ကိုသတိထားမိသောကြောင့် ခေါင်းလေးကိုအနည်းငယ် ငိုက်က ဆက်လျှောက်ခဲ့တယ်

မျက်ထောင်နားကနေ ရှက်လို့ခေါင်းငုံ့သွားတဲ့ကောင်လေးကိုအသဲတယားယား နဲ့ကြည့်ကားပြုံးနေသော ကောင်လေးတစ်ဦးမှာ လည်း ဆွဲဖက်ချင်စိတ်ကို မနည်းထိန်းကာ လမ်းသာ‌ဆက်လျှောက်ခဲ့တော့တယ်....

နည်း"လောက်လျှောက်ပြီးတာနဲ့ taxi တွေ့တော့ taxi ငှား၍သာdorm ကိုပြန် လာခဲ့တော့တယ်......


________________

သေရာမှပြန်ရှင်လာခြင်း~🎉

Rl ထဲကတောင်ထုတ်ပစ်ကြပြီလား သဲလေးတို့ရေ..မာမို ငိုမှာနော်😭

Love=Sim JakeWhere stories live. Discover now