7

902 79 2
                                    

မနက်စာစားပြီး ပြန်မယ်ဆိုပြီး တစ်နေ့ကုန် လျှောက်‌လည်နေတာ နဲ့ မှောင်တောင်မှောင်တော့မယ်

"ပြန်ကြအောင်လို့" ပြောတော့

"အင်းပြန်မယ်"လို့အေးစက်စက်ပြန်ပြောတဲ့ကောင်လေး

နေပါအုံးတစ်နေကုန်သူသွားချင်တဲ့နေရာတွေအကုန်သွားပြီးတာတောင် ဘာကိုအလိုမကျဖြစ်နေတာလဲဟ လို့ဆောင်းဟွန်းတွေးမိတယ်

"ဟျောင့် မင်းဘာဖြစ်နေတာ လဲ "
လို့မေးတော့ မှ ပြန်ကြည့်လာတဲ့ကောင်လေး

မျက်လုံးတစ်ဝိုက်မှာလဲ မျက်ရည်တွေ ဝေ့သီလို့

"ဘာ..ဘာ ဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား"

"တစ်နေရာကနာနေလို့လား"

"ဒါမှမဟုတ်မပြန်ချင်သေးလို့လား"

အခုလိုပြာယာ ခတ် နေတဲ့ပုံဟာပတ်ဆောင်းဟွန်းလို့ပြောရင် ဘယ်သူယုံမှာလဲ

ဒီကောင်လေး မျက်ရည်ဝဲတာကို သူဘာလို့ အဲ့လိုဖြစ်နေလဲ စဉ်းစားလို့မရ အရင်ကဆို မျက်ရည်ဝဲတာ မပြောနဲ့ က‌နေရင်း ခြေထောက်ခေါက်လို့ ဆေးရုံတတ်လိုက်ရ‌တာတောင် ဘယ်လိုမှမနေ။

🦁;(ကျော့် ရဲ့ဘစိက ဘစိဝက်ကာ အပေါ် အရမ်းရက်စက်တာပဲ ㅠㅠ
နေအုံးယွန်းရေ နောက်မှ ပေးစားပါ့မယ်)

"ဘာမှမဟုတ်ပါဘူး ...ဒီတိုင်းဖုန်ဝင်သွားလို့ ..အမယ်လေးစပ်လိုက်တာ"ဆိုပြီးလက်နဲ့ခတ် ကာ ရယ်ကျဲကျဲ‌နဲ့ပြောတဲ့ကောင်လေး

"လာ...မှုတ်ပေးမယ်" လို့ပြောတော့

"‌နေပါစေ မင်းက အဲ့လိုဂရုစိုက်ရတာမျိုးတွေမကြိုက်ဘူးမလား မလုပ်ပါနဲ့"တဲ့

"ရပါတယ် ငါတို့ကရှေ့ရှောက်လည်း အကြာ‌ကြီးနေရအုံးမှာပဲ ကို "ဆိုပြီး သူခေါင်းကို ဖြည်းဖြည်း ဆွဲလှည့်လိုက်မှ ငြိမ်ခံနေတဲ့ကောင်လေး

အင်း....ဘာရယ်မဟုတ်ဘူး

မွှေးတယ် သူဆွတ်နေကျ လာဗင်ဒါနံ့ ရေမွှေးသင်းသင်းလေး က ဒီနေ့မှ ပိုမွှေးနေတယ်လို့ ထင်မိတယ် ။

နေ့တိုင်း‌မြင်နေကျ မျက်နှာလေးက အနီးကပ်ကြည့်မှ ပိုချစ်ဖို့ကောင်းနေသယောင်

Love=Sim JakeWhere stories live. Discover now