"အိုမားးး"
အိုမားနေတဲ့ Hotel ကိုရောက်တာနဲ့ အိုမားကို မြင်လိုက်
ဂျယ်ယွန်းဟာ အလွန်ပင်ပျော်နေသည်။ထို့နောက်ပြေးဖက်လိုက်၏
"အာအီဂူးးခွေးပေါက်လေး အခုလို ကျန်းကျန်းမာမာ နေတာမြင်ရတော့ အိုမားတို့ဝမ်းသာတာပေါ့...."
ထို့နောက်သူ့ဆံပင်တွေကိုဆွဲဖွလာတဲ့ အမေဖြစ်သူ။ဒါဟာ အမေ ဂျယ်ယွန်းကို အသည်းယားတိုင်း လုပ်နေကြ အပြုအမူတစ်ခု။"အိုမားကလည်း..."ဟုဆိုကာ နှုတ်ခမ်းဆူမိတော့
"အချွဲလေး အိုမားကိုချွဲနေပြန်ပြီ..."
စင်စစ်ဂျယ်ယွန်းဟာ မချွဲတာကြာပြီဖြစ်၍အတိုးချ၍ချွဲတော့မည်ဖြစ်သည်။ ဟိုတစ်ခေါက် ဩဇီမှာတုန်းကလည်း အိုမားကို တဝ မချွဲခဲ့ရပေ နည်းနည်း သက်သာသွားတာနဲ့ ပြန်လာလိုက်တာဆိုတော့။
ဂျယ်ယွန်းရဲ့ ဒီလိုလုံးဝချွဲတဲ့ပုံစံကို တစ်ခါမှ မြင်ဖူးတဲ့ မန်နေဂျာဖြစ်သူကတော့ ပြုံးလျက်သာကြည့်နေတော့သည်။
"အိုမား အာပါးက ဘာလို့ လိုက်မလာတာလဲ.."
"သားအာပါးက အလုပ်ရှုပ်တယ်လေ သိတယ်မလား အလုပ်သရဲကြီး...."
ထို့နောက်သားအမိနှစ်ယောက် အတူတူ ရယ်လိုက်ကြမိတယ်။
"လာ...လေလော့ လေးကစောင့်နေတာကြာပြီ..."
ဒီလိုနှင့် သူတို့လည်း လေလာ့ကို ခေါ်ရန် သွားကြသည်။
_______________
ဂျယ်ယွန်းလေလာ့ကို ကုမ္မဏီသို့ခေါ်လာပြီးသည်နှင့် members တွေရှိရာ practice room သို့ခေါ်လာခဲ့သည်။
"ဘယ်သူမှမရောက်သေးဘူးလား...."
Staffအနည်းငယ်နှင့် ဂျယ်ယွန်းသာ အခန်းထဲရှိနေလေသည်။ထို့နောက် ဟီဆွန်းဟျောင်း၊နီခီနဲ့ ဂျောင်ဝန်းတို့ ရောက်လာ၏
သူတို့အားလုံးလေလာ့ကို နှုတ်ဆက်ကြ၏။လေလာ့ကတော့ members တွေနဲ့ပထမဆုံးတွေ့ဖူးတာဖြစ်လို့ ပတ်ပြေးနေလေ၏။
မကြာမီ ဆောနူနှင့်ဂျေးတို့လည်း ရောက်လာကာ လေလာ့နှင့်ကစားနေကြ၏။