8

815 75 16
                                    

"ဆောင်းဟွန်း.....မင်းဘာဖြစ်နေတာလဲ"

ဟိုဖက်လျှောက်လိုက် ဒီဖက်လျှောက်လိုက်နဲ့ သူကို ‌jay တစ်ယောက်မျက်စိနောက်လာပြီဖြစ်သည်

"ဟင်..ဘာကိုလဲ"

"မင်းခုဏကတည်းက ဂနာမငြိမ် ဘူးဘာတွေဖြစ်နေတာလဲ"

"ဘာ..ဘာ..မှမဖြစ်ပါဘူး"

"အော်..ဂျယ်ယွန်းလာပြီလား "

"ဂျယ်ယွန်း..."

"အင်း..jayမင်းတစ်ယောက်တည်း..............အာ..jay..sorryကွာ.... scheduleရှိသေးတာ...မေ့နေလို့...ခုမှသတိရတယ် ..သွားပြီ"

ဆိုပြီး အမြန်ပြေးထွက်သွားတဲ့ဂျယ်ယွန်း နဲ့ ဂျယ်ယွန်းရဲ့နောက်ကပြေးလိုက်သွားတဲ့ ဆောင်းဟွန်း....

ဒီနှစ်ကောင်ထူးဆန်း တယ် မနက်ကတည်းက မျက်လုံးချင်းတောင်သေချာမဆုံ ကြဘူး

နဂိုက mini-Mart သွားမယ်ဆိုရင် ပျင်းတယ်ဆိုပြီး တစ်ခါမှ မလိုက်တဲ့ ဆောင်းဟွန်းက ဂျယ်ယွန်း ပါတယ်ဆိုတော့ ချက်ချင်းလိုက် လာတယ်။
ပြီးတော့ ဒီနေ့ solo-scheduleမရှိဘူး ဆိုပြီး mini-Mart လိုက်ချင်တယ်လို့ အတင်းပူဆာတဲ့ ဂျယ်ယွန်းက ချက်ချင်းကြီး schedule ရှိတယ်တဲ့။

ဒီနှစ်ကောင် ကွာ 02"liner ဆိုပြီး 3ယောက်တည်းရှိတာမှာ ငါ့ကို လျှို ထားကြတယ် မကောင်းတဲ့ကောင်တွေ။အင်း...နောက်မှ ပတ်ဆောင်းဟွန်းကို အစ် မေးရမယ်။

................

"ဂျယ်ယွန်း..."

"........."

"ဂျယ်ယွန်း....ခဏနေပါအုံးကွာ.."

"ဟင်..ဘာလို့လဲ.."

"မင်းငါ့ကို ရှောင်နေတာလား??"

"မ...မရှောင် ပါဘူး"

"မရှောင်ရင် ဘာလို့ ငါ့ကိုတွေ့တာနဲ့ထွက်ပြေးနေ ရတာလဲ မနက်ကလည်း ငါ့ကို စကားလည်းသေချာမပြောဘူး"

"အေး..ဟုတ်တယ်ရှောင်နေတယ်..ဘာဖြစ်လဲ"

"ဘာလို့ရှောင်တာလဲ..အကြောင်းပြချက်ပေးလေ"

ဟ့....ဒီကောင်ရူးသွားတာလား ငါ့မှာတော့မျက်နှာပူ လို့သေတော့မှာကို သူကတော့ ဘာမှမဖြစ်သလိုနဲ့

"မင်းညက ကိစ္စကို မမှတ်မိတာလား.....နှစ်ယောက်လုံးမူးနေတာလဲ မဟုတ်ပဲနဲ့ အကုန်လုံးကို ထင်ထင်ရှားရှား မှတ်မိနေတာပဲကို......"

"ဘာလဲ..အဲ့ဒါကြောင့်ငါ့ကိုရှောင်နေတာလား.."

"အေး"

"အဲ့ဆိုရင်တော့ ရှောင်စရာမလိုဘူး...ငါကဘယ်လိုမှမနေလို့"

"မင်းဘယ်လိုမှ မနေပေမဲ့ငါက......."

"ဘာလဲ.......ရှက်နေတာလား"

"မ....မရှက်ပါဘူး"

"ဟ့..ပြောင်လိမ်ချင်သေးတယ်နော် အော်ဇီသား"

"အေး....ဟုတ်တယ်ဟာ..ရှက်တယ်ငါ့ first kissကို ပရမ်းပတာ အခြေ‌အနေကြီးနဲ့ ပေးလိုက်ရမယ်လို့ မထင်လို့...ပြီးတော့ ...မင်းဖြစ်နေမယ်လို့လည်းမထင်လို့......"

"အင်းပါ ရှက်သင့်ပါတယ်.....ငါကတော့မင်းနှုတ်ခမ်း တွေက တော်တော်ချိုတယ်လို့ ထင်တယ်"

ဘာမဆိုင်ညာမဆိုင် ဆောင်းဟွန်းပြောလိုက်တဲ့စကားကြောင့် ဂျယ်ယွန်းပါးပြင်ပေါ်မှာ အနီလှိုင်းရေးရေးလေး ဖြတ် သွားတာကိုတော့ ပတ်ဆောင်းဟွန်း တစ်ယောက် မြင်ဖြစ်အောင်မြင်လိုက်ပါသေးတယ်......

"ရပြီဆို...သွား..သွားတော့မယ်"

"အဲ့ဒါဘယ်ကိုလဲ...jayက မင်းကို မစောင့်တော့ဘူး သူ့ဟာသူသွားပြီ"

"အာ....မေ့သွားတယ်.. dormကိုပဲပြန်တော့မယ်..သွားပြီ.."

ရှက်ကိုးရှက်ကန်း နဲ့ သွားတော့မယ် လို့ ပြောတဲ့ကောင်လေးကြောင့် ဆောင်းဟွန်းတစ်ယောက် အသည်းယားနေယားနေမိ တယ်။

"နေအုံး....."

"ထပ်ပြီးဘာလဲ"

"ငါနဲ့ လျှောက်လည် မလား!"

_____________________

အင်း...သိတယ် ကျော့်ကို ရိုက်သတ်ချင်နေတယ် ဆိုတာ ☹️

mamo_9



Love=Sim JakeWhere stories live. Discover now