10

758 71 26
                                    


*Ting...tong.....*
*Ting.....tong.....*
*Ting....tong...*

"‌ဟျောင့် တွေ ည ဖက်ကြီး.....ဘယ်သူလဲမသိ" လို့ jayကမေးတော့

ဟီဆွန်းက"ဂျာကြီး များလား" လို့ပြန်ပြောလိုက်တယ်

"ဂျာကြီး ဆိုရင် ဖုန်း ဆက်မှာပေါ့.........sasaeng တော့ မဟုတ်လောက်ပါဘူးနော်...."လို့ပြောတော့ jungwonက

"sasaeng ဆိုရင်တော့ ကြောက်တယ် နော် အရင်တစ်ခေါက် airport မှာ ကတည်းက sasaeng ဆို အသေကြောက်သွားတာ....."

"ဟုတ်တယ်ဟုတ်တယ်.....ကျနော် လည်း...အဲ့တုန်းက အရမ်းလန့်သွားတာ...."
လို့ sunoo ကပါ ဝင်ပြော တယ်။

*ဒုန်း..ဒုန်း..ဒုန်း..*

"ဟေး....ငါလန့်လာပြီနော်..တံခါးများ ဖျက်ဝင်လာမလားမသိ....."

"ဆောင်းဟွန်း.....ပတ်ဆောင်းဟွန်း..."
သူတို့တွေ တွေးပြီးလန့်နေ တုန်း တံခါး အပြင်က လာတဲ့ မိန်းကလေးအသံကြောင့် ဆောင်ဟွန်းကို အကုန် လှည့်ကြည့်ကြတော့........ဆောင်းဟွန်းက...

"မဖြစ်နိုင်ပါဘူး....သူလာစရာအကြောင်းမှမရှိတာ.." လို့ တီးတိုး သံကို သူတို့အားလုံး ကြားလိုက် ပါတယ်။

"‌ဆောင်းဟွန်း....ငါပါ...ရယ်ဂျီ...."
အပြင်ကနေ ထပ်ပြီး ပြောတဲ့ စကားကြောင့် အားလုံး ကြောင်သွားကြတယ်....

"ရယ်ဂျီ........"

ဆိုပြီး...တံခါးကိုအပြေးသွား ဖွင့် တဲ့ဆောင်းဟွန်း.......

တံခါးဖွင့်လိုက်တာနဲ့ ဆောင်းဟွန်း ကို အတင်းဆွဲဖက်လိုက်တဲ့ ရယ်ဂျီကြောင့်....
ဆောင်ဟွန်း တစ်ခဏတော့ ကြောင် အမ်း သွားတယ်........ပြီးမှ....

"ရယ်ဂျီ....နင်သောက်လာတာလား....."

"အင်း....နည်းနည်းပေါ့"

"ဘယ်လောက်ပဲ မူးမူး ယောင်္ကျားလေးတွေ ပဲ ရှိတဲ့ တိုက်ခန်းကို မိန်းကလေးတစ်ယောက် တည်း ရောက်လာ တာတော့ မဟုတ်သေး ဘူး လေ.......ဟာ"

"ငါက နင့်ဆီ ကိုလာတာ နင့်ကို သတိရလို့..အေ့.....ပြီးတော့...... "

"ဘာလဲ...jinoနဲ့ ရန်ဖြစ်လာတာလား...."လို့ မေးတော့မှ တစ်ရှုံ့ရှုံ့ နဲ့ငိုပါလေရော.

"ဆောင်းဟွန်း......မောင်က...ငါ့ကိုတကယ် မချစ်ဘူး..သိလား...ပြီးတော့လေ...တစ်ခြား ကောင်မလေး တစ်ယောက်နဲ့ ဖက်နေတဲ့ ပုံတွေ ရော....အဲ့ကောင်မလေးနဲ့ လက်စွပ်ဝယ်နေတဲ့ ပုံတွေရော.......အများကြီးပဲ...ငါခေါ်တဲ့ ဖုန်းတွေလည်းမကိုင်ဘူး...ဟာ"

"မဖြစ်နိုင်ပါဘူးဟာ....jinoနင်ကို ဘယ်လောက်တောင်ချစ်လဲ.....ပြီးတော့နင့် ဖုန်း မကိုင်တာလဲ....ဒီ နေ့ သူ့မှာ online concert ရှိလို့လေ ....နင်လည်း သိရဲ့သား နဲ့...."

"မသိဘူး...ဟာမသိဘူး.....ငါဒီနေ့ အိမ်မပြန်ဘူး...နင့်အိမ်မှာပဲ အိပ်တော့မယ်..."

"ဟဲ့....မရဘူလေ....အော်"စကားတောင်မဆုံးသေးလဲကျသွားတဲ့ ရယ်ဂျီကြောင့် ဘာလုပ်လို့ ဘာကိုင် ရမလဲ မသိတာကြောင့် members တွေကိုကြည့်တော့....

မင်းကိစ္စ မင်းရှင်းဆိုပြီး...သူတို့အခန်းတွေထဲကိုယ်စီ ဝင်သွားကြတယ်။

ကျန်ခဲ့တာဆိုလို့ ဂျယ်ယွန်းတစ်ယောက်တည်း....မျက်နှာလည်းမကောင်းဘူး...ဘာဖြစ်နေလို့လဲမသိ.....

"ဆောင်းဟွန်း....သူကို အခန်းထဲက ငါ့ကုတင် မှာအိပ်ခိုင်းလိုက်လေ.....ငါ ဆိုဖာ ပေါ်မှာအိပ်လိုက်မယ်....."

"အင်း...ကျေးဇူးပါ"

"သွားအိပ်တော့လေ.....ညဉ့်နက်နေပြီ..."

"အင်း..ဆောင်းဟွန်း... goodnight.."
သူလည်း စောင်တွေ ခေါင်းအုံးတွေ ယူပြီးပြန်ထွက်လာ လိုက်တယ်။

...............................

"ရယ်ဂျီ" ဆိုတဲ့ အသံလည်း ကြားရောတံခါကို အပြေးသွားဖွင့်ပေးတဲ့ဆောင်းဟွန်း.....ဘာ့ကြောင်မှန်းတော့မသိ ရင်ဘတ် ထဲက အောင့်လာသလိုပဲ........

ဆိုဖာပေါ်မှာ ထွက်အိပ်ပေးမယ်လို့ ပြောတော့...'အင်း..ကျေးဇူး' တဲ့လား
ဒီ တစ်ခွန်းပဲလာငါမျှော်လင့်တာက "မအိပ်ရပါဘူး.....မင်းအေးနေမှာပေါ့" ဆိုတဲ့ စကားဆိုတာ ကို မင်းမသိတာလား......

ခေါင်းအုံးတွေ ဘာတွေ ယူပြီးထွက်လာ လိုက်တယ် ......

အင်းမနက်‌ရောက်ရင် တော့ ....ငါအမုန်း ဆုံး မျက်ရည် တွေက ခေါင်းအုံးမှာ စိုရွှဲ နေအုံးမှာပဲ................

__________________

အိုင်နီး...ဘုတ်&ဖိဘတ် ပလိಥ‿ಥ
😖😖

mamo_9

Love=Sim JakeWhere stories live. Discover now