20

415 26 8
                                    

"ငါပြန်လာချင်ရင် ဘယ်အချိန်ဖြစ်ဖြစ်ရတယ်ဆိုတာလေ...."

.
.
.
.
.
အရင်က ရယ်ဂျီ ဂျီနိုနဲ့ တွဲနေတုန်းက သူတို့ရန်ဖြစ်တော့ ဆောင်းဟွန်း စီကိုလာပြီး ငိုယို နေခဲ့တဲ့သူမကို ပြောခဲ့တဲ့စကားပင်

ရယ်ဂျီက အရင်က သွက်လက်ပြီး ပျော်ပျော်နေတတ်တဲ့မိန်းကလေးတစ်ယောက် ဒါပေမဲ့ ဂျီနိုနဲ့တွဲပြီးနောက်ပိုင်း သူမမှာဝမ်းနည်းစရာတွေအမြဲရှိလာတယ်..အထက်တန်းတုန်းက တစ်ဖက်သတ်သဘောကျခဲ့တဲ့ စိတ်လေးလည်း ရှိတော့
အဲ့တုန်းက ရယ်ဂျီ့ကို ပြောခဲ့မိတဲ့စကားပေ။

"သူကြောင့်နင်နာကြင်ရရင် ငါဆီကိုလာခဲ့ပါ ငါကသူ့ထက်ပိုဂရုစိုက်ပေးပါ့မယ်..."

"ရတယ် ဆောင်းဟွန်းငါ့အတွက်မလိုဘူး..."ဂျီနို့ကြောင့် သူမသေလောက်အောင်ဝမ်းနည်းနေရ‌တာတောင် သူမက ဂျီနို့အပေါ် လက်မလျှော့ပဲ ဆက်တွဲဖို့ဆုံးဖြတ်ထားစဲပါ။

"ဒါပေမဲ့ တစ်နေ့ တကယ့်ကိုတစ်နေ့ နင်ပြန်လာချင်ရင် ငါ့ဆီကို ပြန်လာခဲ့လို့ရတယ် ငါစောင့်နေမယ် လို့ဂတိပေးတယ်"

"အင်း.....ကျေးဇူးပဲဆောင်းဟွန်း...."
••••••••••••

"အဲ့...အဲ့..ဒါက...."

"ဖြေရခက်နေပုံပဲနော် ဆောင်းဟွန်း..."
သူမကရယ်သံစွတ်ကာဆိုလာသည်...

"အဲ့တုန်းကတော့ သူ့ကိုယ်သူ iron man လိုမျိုးကြီး အားကိုးချင်အောင်လာပြောပြီးတော့ အခုတော့ အပြောနဲ့အလုပ်နဲ့မညီတော့ဘူးပေါ့...."

"အဲ့...အဲ့ဒါက ငါ..ငါလည်း..‌မသေချာ.."

"ရပါတယ် လူတွေလည်းပြောင်းလဲတတ်တာပဲကို..."

"......."

ဆောင်းဟွန်း ရယ်ဂျီ့အပေါ်အားနာမိသည်။

"ဟဲ့...အဲ့လိုကြီးရှုံ့မဲ့မနေနဲ့လေ ငါကနင့်ကို ကြိုက်လွန်းလို့ပြောတာမဟုတ်ဘူး...မောင့်ကို နောင်တရစေချင်လို့ နင်နဲ့တွဲပြမလို့ စဉ်းစားထားတာ....."

"အော်...အဲ့လိုလား..."

"အင်း မောင်က ငါ့ကိုလာချော့ထားတယ် ဒါပေမဲ့ ငါဒီတိုင်းကျော်မသွားချင်ဘူး..နည်းနည်းတော့ ပညာပြချင်သေးတယ်"

(A/N:*ရယ်ဂျီ့ကို ယူမယ်ဆိုတဲ့‌တစ်ယောက် မရပါဘူးနော် ဂျီနိုရှိတယ် )

ရယ်ကြဲကြဲနဲ့ပြန်ပြောလာတဲ့ ရယ်ဂျီကြောင့် ဆောင်းဟွန်းစိတ်သက်သာရာ ရသွားမိတယ်

"ဆောရီး...ငါဂတိတစ်ခုကို လွယ်လွယ်ပေးခဲ့မိသလိုဖြစ်သွားတယ်...."

"ဟာ....အဲ့လိုကြီးမပြောနဲ့လေ ဆောင်းဟွန်းရအဲ့ဂတိကို နင် တည်လို့ရနိုင်တဲ့ နည်းလမ်းရှိတယ်...."

ပြုံးပြုံးကြီးနဲ့ ပြောတဲ့ ရယ်ဂျီကြောင့် ဆောင်းဟွန်း ကြက်သီးတောင်ထသွားမိတယ်

"လန့်လိုက်တာ နင် အဲ့လိုကြီးမပြောစမ်းနဲ့...."

"နင်...ငါနဲ့ ဟန်ဆောင်တွဲပြရမယ်..."

"ဘာ!!!!"

"ဟဲ့ဖြေးဖြေးအော်ပါ "ဆိုပြီးသူ့ နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ ပြန်ပြောတဲ့ ရယ်ဂျီ......

"Yah အဲ့တာကအဲ့လောက်မလွယ်ဖူးနော် idol တွေဆိုတော့ ပိုတောင်မလွယ်သေး..."

"နေစမ်းပါ နင်ကလည်း ပတ်ရယ်ဂျီတစ်ယောက်လုံးရှိတာ
နင်သာ ကူညီမှာလား မကူညီဘူးလားတစ်ခုပဲပြော..."

"အင်...အင်းးကူညီမယ် ဒါက ဂတိပေးထားလို့နော် ငါအခုနင့်အပေါ်မှာဘာစိတ်မှမရှိတော့ဘူး... "

"အေးပါ နင်ကအခုတော့ ငါ့ကို move onနိုင်သွားပြီပေါ့.."

"ဒီလိုပါပဲ...."

" ဒီနှစ်တွေမှာ နင့်ကိုအားနာနေခဲ့တာ ဘာပဲဖြစ်ဖြစ် နင်လည်း move on နိုင်သွားပြီဆိုတော့ တော်သေးပါရဲ့ နေပါအု ငါ့ကို move on နိုင်တယ်ဆိုတော့ အသစ်တွေ့နေပြီပေါ့အခု ပြောစမ်း နင်...."

"မသိဘူး ထင်တာပဲ..ခံစားချက်ကသိပ်မသေချာသေးဘူး.."

"ဝိုးးးး မိုက်တယ်ဟ အခုအစီစဉ်က တစ်ချက်ခုတ်နှစ်ချက်ပြတ်နိုင်တယ် ကံကောင်းရင် ငါတို့နှစ်ယောက်လုံးအဆင်ပြေနိုင်တယ်...."

"အင်းပါ...ဟုတ်ပြီ.."

"အဲ့ဆို ဒီနေ့ကစပြီး ငါတို့တစ်ရက်နော် ဆောင်းဟွန်း..."

*ဘုတ်*

စကားပြောနေတုန်းမှာ ဘုတ်ကနဲ အသံကြားလို့ ကြည့်လိုက်မိတော့ ပွင့်နေတဲ့တံခါးနဲ့ ကျကျန်ခဲ့တဲ့ ရေဗူး တစ်ဘူး....

"တစ်ယောက်ယောက်လာသွားတယ် ထင်တယ် ငါတို့လည်း ပြန်သွားကြအောင်" ဆိုတဲ့ဆောင်းဟွန်းအပြောကို ရယ်ဂျီလည်း လက်ခံပြီး နှစ်ယောက်သား ဆင်းလာခဲ့တော့တယ်......

____________________

စိတ်မကောင်းဖြစ်နေကြမှာစိုးလို့ တင်ပေးတာ

Vote and feedback please 🥺

mamo

Love=Sim JakeWhere stories live. Discover now