12

651 54 6
                                    


ကျွန်တော်တို့ကုမ္မဏီရောက်တာတောင် ဆောင်ဟွန်းကမရောက်သေး

အရင်ဆုံးကုမ္မဏီသွားမယ်ဆိုပြီးကြာလိုက်တာ
ဒီမှာစိတ်ပူနေရတာအမော

"ဟျောင်းတစ်ချက်လောက်အငြိမ်နေပါလား"

လေ့ကျင့်ဖို့ အင်္ကျီ မလှယ် သေးပဲ ဟိုမျှော်ဒီမျှော်လုပ်နေတဲ့သူ့ကို ဆောနူတစ်ယောက်မျက်စိနောက်နေပြီ ဖြစ်၍ ပြောချင်း

"ဟင်...အေး အေး"

အေးအေး လို့ပြောပြီးသာထိုင်နေတာ
ခေါင်းက ဟိုမျှော်ကြည့် ဒီမျှော်ကြည့်နဲ့

ခဏကြာတော့ ဆောင်းဟွန်းရောက်လာတယ်

ဆောင်းဟွန်းဝင်လာတာနဲ့သန့်စင်ခန်း သွားလိုက်အုံးမယ်ဆိုပြီး ထွက်သွား တဲ့ဂျယ်ယွန်းကို ဆောနူကနားမလည်စွာကြည့်နေရဲ့

ဆောင်းဟွန်းကိုတွေ့တာနဲ့ဂျေးက

"ဟေ့ရောင် ဘယ်လိုလဲ မင်းသူငယ်ချင်းကိစ္စ"

"အင်း...အဆင်ပြေပါတယ် အစကကုမ္မဏီကို ဝင်မလို့ပဲ သတင်းထောက်တွေ အရမ်းများနေတော့အိမ်ပဲလိုက်ပို့လိုက်တယ်"

"အေးပါ ငါ့ကောင်ရာ "

"ဒါနဲ့ ဂျယ်ယွန်းရော...."

"သန့်စင်ခန်းသွားတယ်......"

"အော်..."
ခဏနေတော့ ဂျယ်ယွန်းရောက်လာတယ်

ဂျယ်ယွန်းနှာထိပ်လေးတွေရဲနေပါလား
ငိုထားတာများလား

"ဂျယ်ယွန်း memberတွေနဲ့တစ်ခုခုဖြစ်ထားတာလား"

"ဘာ..ဘာမှမဖြစ်ပါဘူး ဘာလို့လဲ"

"ငိုထားတဲ့ပုံပေါက်နေလို့"

"အဲ့ဒါက မျက်လုံးထဲအမှုန်ဝင်သွားလို့ပါ "
ဆိုပြီးmemberတွေဆီကိုသွားတဲ့ ဂျယ်ယွန်း

သချာပါတယ်တစ်ခုခုဖြစ်နေတာ ဒီကောင်လေးငါ့ကိုလိမ်နေတာ

"ကဲ ကလေးတို့ cb အတွက်လေ့ကျင့်ကြမယ် "
ဆိုတဲ့dance teacher ရဲ့အသံကိုကြားတော့ မှ အတွေးတွေကိုလက်စသတ်လိုက်ပြီး လေ့ကျင့်ဖို့အသင်ပြင်လိုက်တယ်

....................

"ဂျယ်ယွန်း အိပ်ပြီလား"

"မအိပ်သေးဘူး"

Love=Sim JakeWhere stories live. Discover now