6

907 80 6
                                    

မနက်စာစားပြီး‌ လို့ ပြန်မယ်လို့ပြောတော့

ငိုက်ကျသွားတဲ့ခေါင်းလေး
အေး လေ မပြန်ချင်သေးဘူးထင်ပါတယ်

Dormမှာဆိုပျင်းဖို့ကောင်းတာတော့အမှန် အထူးသဖြင့် တစ်ယောက်ထဲ ဆိုပိုဆိုး
အရင်ရက်တွေ ကဒီကောင်လေး ဘယ်လိုများသီးခံပြီးနေခဲ့ ပါလိမ့်
မိဘ အိမ် လည်းပြန်ချင်ရှာမှာပဲ ကို

" အဟမ်း...ပြီးရင် ပြန်လို့မရသေးဘူးပဲ မေ့နေတာ shoppingထွက်ဖို့ရှိတယ်"
လို့ ပြောတော့ ပြန်လည်တောက်ပ သွားတဲ့မျက်ဝန်းလေး

ဒီကောင်လေးရဲ့ မျက်နှာက သေချာကြည့်တော့ ချစ်ဖို့ကောင်းတယ်လို့ မြင်နေတာရယ် သူအတွေးထဲ မှာ ဒီကောင်လေးရဲ့မျက်နှာ အစိတ်အပိုင်းတွေ ကို ဘာလို့ အဲ့လောက် တင်စား နေမိ တယ်ဆိုတာကို သူစဉ်းစား လို့ မရတော့

"ဘာလဲ မလိုက်ချင်လို့လား" ဆိုပြီးရွဲ့ သလိုမေးလိုက်တော့

"မဟုတ်ဘူး မဟုတ်ဘူး ....ငါတစ်ကယ်လိုက်ချင်တာ တစ်ရက်တစ်ရက် dormမှာ ပျင်းဖို့ အရမ်းကောင်းတယ် " ဆိုပြီး အကြောက်အကန် ငြင်းတဲ့ကောင် လေး

အင်း...ချစ်ဖို့ကောင်းတယ် နည်းနည်း ပေါ့

.............

"ဆောင်းဟွန်း မင်းပြောတော့ shopping ထွက်ဖို့ဆို"

"အေးလေ"

"မင်းပြောတဲ့ shopping ကဒါလား"

"ဒါပေါ့"

သေချာကြည့်လိုက်တော့ လူတွေ ကအရမ်းရှုပ်ရှုက် ခတ် နေတဲ့ ဈေးတန်း တစ်ခု

ပတ်ဆောင်းဟွန်း သူကိုများ အသေသတ်ဖို့ တွေးထားတာ လား သူက လူအရမ်းများတဲ့ နေရာတွေ မသွားနိုင်ဘူး ဆိုတာ သိလို့

အမယ်လေး ပတ်ဆောင်းဟွန်း ကသူ့အပေါ်ကောင်းလှ ပါပြီ မှတ်တာ
ဘယ်ဟုတ်မလဲ သကောင့် သားက သူ့ ရောဂါ အကြောင်း သိလို့ လူများတဲ့ နေရာကို ခေါ် လာ တာ များလား မသိ။ခံပေတော့ ပေါ့ ရှင်းမ်ဂျယ်ယွန်းရေ

............

Shopping ဆိုတာက ကြားကောင်းအောင် ပြောပြီး ဒီတိုင်း သူ့ကို ပျင်းနေမှာဆိုး လို့ အကြောင်းပြ ချက်ရှာပြီး တွေ့တဲ့ တရုတ်တန်း တစ်ခု ကို ဝင်လိုက် တယ် ။

Shopping ထွက်လို့ မရတာတော့ မဟုတ် shopping ထွက်ရင် မွန်းကြပ်မှာစိုးလို့
ရော၊ လေကောင်းလေသန့်ရှု ချင်‌တာကြောင့် ရော၊ ပြီးတော့ Korea ကို သိပ် နှံ့နှံ့ စပ်စပ် သိပ်မရောက်ဖူး တဲ့ အော်ဇီသားပေါက်ကြောင့်ရော ဒီကိုပဲ လာလိုက်တော့တယ်

သူကို စိတ် ညစ်တာတွေ လျော့သွားစေချင်လို့ ဒီကို ခေါ်လာရုံပဲ
ခေါ်လာတဲ့ နေရာက လူ တော်တော် ကို ရှုပ်နေလို့ ထင်ပါတယ် တချက်မဲ့သွားတဲ့ မျက်နှာ လေး

"တော်ပြီ ကွာ တစ်ခြားတစ်နေရာ သွားမယ် ဒီနေ့မှ တရုတ်တန်းက လူ အရမ်းများနေတယ် "လို့ပြောတော့

မျက် လုံးလေးတွေ တဖန်တောက်ပလာပြန်တယ်
Puppy eyes လေးတွေနဲ့ ဒီကောင် လေး ကြောင့် ဒီနေ့တစ်နေ့လုံး တစ်ချက်တစ်ချက် ကြက်သီး ထ သလို ရင်ခုန်လာ သလို နဲ့ စကားတွေ လည်းထစ် ဘာတေ ဖြစ်ကုန် မှန်းတောင် မသိတော့ ။

_________________

ကျော် ညက အိပ်မပျော်လို့ ရေးဖြစ်သွားတာပါ
ပေါ့နေမယ် ဆိုတာ သိပါတယ်ဗျ👀
ဒါမဲ့လဲ ဖတ်ပေးတဲ့ သူလေးတွေ ကို လပ်ဖြူ<3

#mamo_9

Love=Sim JakeWhere stories live. Discover now