ဆောင်းဟွန်းတစ်ယောက်ဖင်တကြွကြွဖြစ်နေလေသည်။
"ပတ်ဆောင်းဟွန်း!!!ငါမျက်စိနောက်လာပြီ..မင်ဘာပြောစရာရှိလို့ငါတို့ကိုခေါ်ထားတာလဲ....."
ဂျေးစိတ်မရှည်၍အော်လိုက်ခြင်းပင်။ဂျယ်ယွန်းရေသွားချိုးနေစဉ် ဆောင်းဟွန်း members တွေကို
ခေါ်ရင်း ဂျယ်ယွန်းကိုဖွင့်ပြောမဲ့ကိစ္စကို သူအရင် တိုင်ပင်ကြည့်ရန် ခေါ်ထားခြင်းပင်။"ဟိုလေ..အဲ့ဒါက..ပြောစရာဆိုတာထက် ရင်ဖွင့်ချင်တာ..."
"ဝိုးးး"ဟူသည့်အငယ်ကောင်နီခီရဲ့အသံသည် ဟိန်းကနဲထွက်လာ၏။
"ဟိုလေ ငါ..ငါ.."
ဆောင်းဟွန်း ခင်မျာပြောချင်နေပေမဲ့ စိတ်သွားတိုင်း ပါးစပ်မပါဖြစ်နေလေပြီ။"မြန်မြန်ပြောလေ ဟျောင်းရာ.."
ဟူ၍ ယန်းလီဒါကပါ စိတ်မရှည်ကြောင်း ဆန္ဒပြလာလေသည်။"ငါဂျယ်ယွန်းကိုသဘောကျနေပြီ အဲ့ဒါဒီညဖွင့်ပြောမလို့!!!!"
မျက်လုံးအစုံကို အတင်မှိတ်ကာ ခပ်မြန်မြန် ပြောလိုက်တဲ့ဆောင်းဟွန်းဟာ members တွေရဲ့ reaction ကို သိလိုသိငြားမျက်လုံးအနည်းငယ်ဖွင့်ကြည့်လိုက်တော့နည်းနည်းလေးတောင် အံ့ဩမှုမပြတဲ့အပြင် ဦးစွာထွက်ပေါ်လာသည့်
"ဂုဏ်ပြုပါတယ်ဟျောင်း နောက်ဆုံးတော့သိသွားပြီပဲ"ဟူသည့် နီခီစကားကြောင့် ဆောင်ဟွန်းကပင် တပြန်ကြီး ပြန်အံ့ဩသွားရသည်။
"အမ်......မင်းတို့ကမအံ့ဩကြဘူးလား...ဟျောင်းရော.."
"ဒီကိစ္စကို ငါတို့အကုန်လူတောင်သတိထားမိတယ် မသိသေးတာ မင်းနဲ့ဂျယ်ယွန်းကိုယ်တိုင်ပဲ..."ဟု ဟီဆွန်းကပြောလာသည်။
"ဟုတ်တယ်လေ နီခီလေးတောင် သတိထားမိနေတာ..."
ဟု ဆောနူကဘေးက နီခီ့ရဲ့ခေါင်းကို ဆွဲဖွလျက်ပြောလေသည်။"အဲ့ဒါဆိုပေမဲ့လည်း ဘယ်လိုမှမနေဘူးလား ယောင်္ကျားလေးအချင်းချင်းလေ ပြီးတော့ members တွေထဲကပဲကို...."
ဆောင်ဟွန်းစီက ဒီလိုပြောလာတော့ ဂျယ်ယွန်းပြောခဲ့တာကိုတောင် သတိရမိသွားသေးသည်။အော် ခံစားချက်တွေမသေချာခဲ့မှာ စိုးရိမ်နေခဲ့ကြတာပဲ....