"ပြော...ဘာလဲ"
"ဖြေးဖြေးပေါ့ ဆောင်းဟွန်းရယ် မသိရင် ငါက နင်ရည်းစားနဲ့ကြည်နူးနေတာကို နှောက်ယှက်လို့ ဒေါသထွက်နေတဲ့အသံနဲ့..."
"အဲ့ဒါထက်ဆိုးတယ် ဟေး ရည်းစားတောင်မဖြစ်သေးတဲ့သူက နင်နဲ့ငါ့ကို အထင်လွဲနေတာလို့ ရှင်းပြ နေတာကိုဟာ...."
"ဟမ်.....ဘာကြီး ငါနားလည်အောင် ပြောစမ်းပါဟယ်...."
"ဝေး လိုက်တာ နင်ကလည်း တော်ပြီဟာ ပြော အခုက ဘာလုပ်မလို့ ဖုန်းဆက်တာလည်း...."
"အော်.....အိုမား မွေးနေ့ရောက်တော့မယ်လေအဲ့ဒါ အိုမားကို လက်ဆောင် ပေးမလို့ ငါ ဘာဝယ်ရမှန်း မသိလို့...အဲ့ဒါအကြံဆောင်းမလို့....."
" အော် ဟုတ်သား ငါမေ့နေတာ အန်တီ့မွေးနေ့ကို...."
"နင့်ကိုငါ အိုမားနဲ့တိုင်ပြောမှာ....နင်မေ့နေတယ်ဆိုပြီးတော့..."
"ဟဲ့...ရယ်ဂျီမ...နင်မချွန်နဲ့နော်..."
"စ တာပါဟယ်...ဒါနဲ့.အခု နင် အားလား အပြင်ထွက်လို့ရလား..."
"ဘာလုပ်မလို့လဲ..."
"အိုမားအတွက်လက်ဆောင်သွားဝယ်မှာ လို့ ပြောပြီးပြီပဲ...."
"အင်း....အင်းဟုတ်ပြီ...ဒါပေမဲ့ နင်ငါ့ကို တစ်ခုပြန်ကူညီ..."
"ဘာကူညီရမှာလဲ..."
"ရောက်မှ ပြောမယ် ငါအခုလာခဲ့မယ်.."
"အော်..အေး..အဲ့ဆိုလည်း...ဟဲ့ဟဲ့..yahhတကယ် စကားကိုဆုံးအောင်နားမထောင်...."
_______________
"ဆိုတော့ နင့်ရဲ့ မတော်ရသေးတဲ့ ရည်းစားက ငါတို့ဟိုနေ့က ခေါင်မိုးထပ်မှာအတူရှိနေတာကို တစ်မျိုးထင်သွားတယ်ပေါ့..."
"အင်း...."
"အဲ့ဆို သူက ငါတို့ ကုမ္မဏီကပဲပေါ့..."
"အင်း..."
"ဝါးးးမိုက်လိုက်တာ...."
ဆောင်းဟွန်းရဲ့အပြောကို တ ဝါးဝါးနဲ့ တုံပြန်နေတဲ့ရယ်ဂျီ"ဟဲ့ ဆောင်းဟွန်း အဲ့ဆို အဲ့ကောင်မလေးက stylist လား trainee လား...."
"တစ်ခုပြောမယ် သူက မိန်းကလေးမဟုတ်ဘူး..."