9

761 67 3
                                    

Dateမဟုတ်တဲ့ Date??

တစ်နေကုန်လျှောက် လည်ပြီး လို့ ပြန်ခါနီး ပင်လယ် ဖက် ခဏသွားချင်တယ်လို့ ပြောတဲ့ ကောင်လေးကြောင့် ဆောင်းဟွန်းတစ်ယောက် လိုက် ပို့ ရပြန်တယ်။

"ဆောင်းဟွန်း.. လာလေမြန်မြန်ဘာတွေကြောင် ကြည့်နေတာလဲ"

"ဖြေး‌ဖြေးသွားပါဟ....မသိရင်အိမ်ထဲ ကအိမ်ပြင် မထွက်ရတဲ့ ခွေးပေါက်လေး ကို ကြိုးလွှတ်ပေးလိုက်သလို ပဲ ပြေးနေလိုက်တာ "

ဆောင်းဟွန်းပြောလဲပြောချင်စရာ ပင်လယ်မြင်တာနဲ့ပြေးသွားလိုက်တာတကယ့် ကို အိမ်ပြင် မထွက်ရတဲ့ ခွေးလေး အတိုင်း ............

"မဟုတ်ပါဘူး...ကွာ ငါဒီလိုမသွား ရတာမနည်းကြာပြီ..."

"အင်းလေ...တစ်နှစ်တောင်ရှိပြီပဲ ...."

"ဟင့်အင်း.....တစ်နှစ်မက ဘူး သုံးနှစ်..."

"ဟင်.....ဘာလို့လဲ"

ရောဂါကြောင့်လို့ ပြောချင်ပေမဲ့ တကယ်တန်း ပါးစပ်က ထွက်သွားတာက
"ဘာမှ မဟုတ်ပါဘူး.....ဒီတိုင်းကိစ္စလေးတွေရှိလို့"

တောင်းပန်ပါတယ် ဆောင်းဟွန်း အခုအချိန်မှာ ငါဒီအကြောင်း တွေပြောဖို့ ခွန်အား မရှိသေးလို့ ။

ဝမ်းနည်းရိပ်ယောင် သန်း နေတဲ့ ကောင် လေးကြောင့် ဆောင်းဟွန်း အတင်းမမေးတော့ ။

"ပြန်ကြမယ်လေ...."

နှစ်ယောက်သားအတန်ကြာ တိတ်ဆိတ်နေပြီး ကာမှ ပြန်မယ် လို့ ပြောတဲ့ ခွေးပေါက်လေး.....

အေးနေပြီ ထင်ပါ့ နှာထိပ်လေးတွေ လည်း ရဲလို့

အသည်းယား လာလို့ နှာခေါင်း ခေါင်း ထိပ်လေးကို ဖွဖွလေးလိမ် ပြီး
‌"အေးနေပြီလား" လို့မေးတော့

"ရ..ရတယ်..မအေးပါဘူး"
ဆိုပြီးပြန်ပြောတဲ့ကောင်လေး ရှက်ပြီး စကားတွေတောင် ထစ်နေလိုက်တာ

သေချာ ကြည့်လိုက်တော့ ဒီကောင်လေး ကမြတ်နိုးဖွယ်ရာ အတိ အပြုအမူလေးတွေက အစ တကယ့်ခွေးပေါက်လေး အတိုင်း။
ဒီလောက် ချစ်စရာကောင်းတဲ့ ကောင်လေး ကို ဘေးမှာထားပြီး ဘာလို့ များ မမြင်ခဲ့ရပါလိမ့်နော် ။. (နင်ပဲ အမျိုးမျိုး..အစကတော့ကြည့်မရဘူးဆိုပြီး😒)

"ဆောင်းဟွန်း..ငါပြောနေတာကြားလား ...ပြန်..ပြန်မယ်လို့.."

"ဟမ်...အင်း ပြန်မယ်လေ"

....................

ပတ်ဆောင်းဟွန်း ဘယ်လိုကောင်ပါလိမ့် ပြောနေတာကို မကြားပဲ လူကိုပဲ စိုက်ကြည့် နေတယ်။ပြီး‌တော့ နှာထိပ်ကို လည်း လာပြီးလိမ်ဆွဲတော့ ရှက်ပြီး...အဲ ..မဟုတ်ပါဘူး.. နေ ရခက်ပြီးစကားတွေတောင် ထစ်ကုန်ပြီ ။
(အေးလေ ကလေးက နေရခက်သွားပြီပေါ့🙄)

ငါ့ကို စိတ်တိုနေတာလား ဘာလားတော့ မသိပေမဲ့ အဲ့ လို မျိုးဂရုစိုက်‌ပေးနေတော့ ပျော်မိတယ် .......ဒီလိုကိစ္စသေးသေး လေးလေး ကအစ ငါ့ကို ပျော်စေနိုင်ရင်
မင်းသာငါ့ ကိုပြန်ကြိုက် ရင်တော့ ငါ သေ သွား မလားတောင် မသိ......

______________

တိုတယ်ဆိုတာ သိတယ် 🙄

စိတ်ဆိုးနက် လက်ဆောင်ယူ😗

mamo_9

Dance jam live လွှင့်လွှင့် ချင်း ကိုယ့်otpလေးအရင်မြင်လိုက်ရလို့ ဝမ်းတေသာနေတာ🥺🥺

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Dance jam live လွှင့်လွှင့် ချင်း ကိုယ့်otpလေးအရင်မြင်လိုက်ရလို့ ဝမ်းတေသာနေတာ🥺🥺

Love=Sim JakeWhere stories live. Discover now