၅ရက် ၅ရက်ရှိပြီ ဂျယ်ယွန်းသူ့ကိုရှောင်နေတာ
အမြဲတမ်းဟီဆွန်းဟျောင်းအနားမှာချည်းပဲ
.
.
.
.
.
"ဟီဆွန်းဟျောင်း..ရာမြောင်စားးကြအောင်"
.
"ဟီဆွန်းဟျောင်း ကျနော့်ကို ဒီအပိုင်းလေးတစ်ချက်ပြန်ပြပေးပါလား..."
.
"ဟီဆွန်းဟျောင်း..ဒီအပိုင်းမှာကျနော် အသံကို နှိမ့်ဆိုလိုက်သင့်လား..."
.
"ဟီဆွန်းဟျောင်းကျနော့်ကိုလေ...."
.
"ဟီဆွန်းဟျောင်း......"
"ဟီဆွန်းဟျောင်း..."
"ဟီဆွန်းဟျောင်း....ဒါလေး......""ရှင်းမ်ဂျယ်ယွန်း!!!!!"
ညစာစားနေရင်း ထအော်တဲ့ဆောင်းဟွန်းကြောင့် အကုန်လူ ကြောင်သွားတာတော့အမှန်....."ငါနဲ့ စကားနည်းနည်းလောက်ပြောကြအောင် ပြီးရင် အခန်းထဲလာခဲ့......"
ဟုဆိုပြီး တစ်ခုမှမစားပဲ ထထွက်သွားတဲ့ဆောင်းဟွန်းဂျေးကတော့ပုံမှန်အတိုင်း သူပြင်ပေးထားတာကို မစားလို့ဆိုပြီးပွစိပွစိလုပ်နေလေရဲ့...
"ဆောင်းဟွန်း ဟျောင်းတစ်ခုခု ဖြစ်နေတာလား"
နီခီလို စကားနည်းတဲ့ သူကတောင် ဝင်ပြောတာဆိုတော့ ဆောင်းဟွန်းရဲ့ အလိုမကျမှုတွေဟာ သိသာလွန်းနေပါတယ်
"ဟုတ်တယ် ဒီရက်ပိုင်း စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ ဆောင်းဟွန်းနီးဟျောင်းက....ဂျိတ်အိခု ဟျောင်းရောသိလား သူဘာဖြစ်နေတယ်ဆိုတာ...."
ဂျောင်ဝန်းကတော့လီဒါ ပီပီ roommate ဖြစ်သူ ဂျယ်ယွန်းကိုမေးလိုက်သည်။"မသိဘူး ငါလည်း ဒီရက်ပိုင်း စကားသိပ်မပြောဖြစ်လို့"
"ဒါနဲ့ ဟျောင်းတို့ ရန်ဖြစ်ထားတာတော့ မဟုတ်ဘူးမလား..."
ဆက်၍မေးလာသူက ဆောနူ"မဖြစ်ပါဘူး ဘာလို့လဲ..."
"မသိပါဘူး ဟျောင်းကလည်း ဒီရက်ပိုင်း ဟီဆွန်းဟျောင်းနဲ့ တစ်တွဲတွဲကြောင့် မေးကြည့်တာ"
"အော်..."
ထို့နောက် ဂျယ်ယွန်းဟီဆွန်းကို ကြည့်မိသည်။ဟျောင်းကတော့ အဆင်ပြေသွားမှာပါဆိုတဲ့ မျက်ဝန်းတွေနဲ့သာ တုန့်ပြန်သည်။"အဲ့ဆိုငါ သွားတော့ မယ်နော်"
"ဟေ့ကောင် ကုန်အောင်စားသွား ငါ့မှာတော့အချိန်ကုန်ခံ.....ဟေ့ ဟေ့ကောင်...."