"ဘာဖြစ်တယ် ဂျယ်ယွန်းက ခွဲစိတ်ရတယ် ငါ့ကိုနားလည်အောင်ရှင်းပြပါအုံး ဆောနူ"
"ကျနော်လည်းသေချာမသိဘူး ခုဏကမှ ဟီဆွန်းဟျောင်းပြောလို့သိတာ"
"ဟုတ်တယ် ဂျယ်ယွန်းက member တွေကို မသိစေချင်လို့ ဆောင်းဟွန်း " ဟီဆွန်း ဟျောင်းကဝင်ပြောတယ်
"ဂျယ်ယွန်း ကငယ်ငယ်ကတည်းက နှလုံးအားနည်း တတ်တယ် "
"ပြီးတော့ သူ ဒီမှာရှိနေတဲ့တောက်လျှောက်လဲ ရောဂါက ပြန်ထ လာတတ်တယ် အသက်ရှုကျပ်တာမျိုးပေါ့.....အခုနောက်ပိုင်းမှာ ပိုစိုးလာတယ်"
"သူက memberတွေကိုမသိစေချင်ဘူးတဲ့ အထူးသဖြင့် မင်းကို ......."
"ဟျောင်းတောင် သူညဖက်တွေ လာအိပ်နေ လို့သိတာ မဟုတ်ရင် ဟျောင်းကိုတောင်ပြောမှာမဟုတ်ဘူး "
"ဆောင်းဟွန်း......"
ဟျောင်းပြောတာတွေကို နားထောင်နိုင်ဖို့အင်အားမရှိတော့ဘူး ထင်ပါ့ရဲ့ အဲ့နေရာကနေပြေးထွက်ခဲ့ရတယ်
ဘယ်ကတည်းကဒီကောင်လေးအပေါ် ခံစားရလွယ်သွားတာလဲ ဆောင်းဟွန်းရာ လို့ လဲကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိသေးသည်
"အော် ဒီကလေးတွေနဲ့မပွင့်မလင်းကြပါလား"
"လူကြီးမင်းခေါ် ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း................."
ဂျယ်ယွန်းရာ ဘာလို့ ဖုန်းမကိုင်တာလဲ
"ring........"
ဆောင်းဟွန်းတစ်ယောက်စိတ်ဓာတ်ကျနေတုန်း
ဝင်လာတဲ့ဖုန်းက *sim jake* contact name လေးကြောင့် ဖုန်းကိုအပြေးကိုင်လိုက်တယ်"ဟယ်လို"
"..........."
15စက္ကန့် လောက် ဟိုဖက်ကဘာသံမှာမလာ"ဂျယ်ယွန်း..မင်းဘာလို့ငါ့ကိုမပြော......"
"တောင်းပန်ပါတယ်......."
ဂျယ်ယွန်းရဲ့ အက်ကွဲကွဲအသံကြောင့် ဆောင်းဟွန်းမေးမဲ့မေးခွန်းတွေ လေထဲမှာ ကြက်ပျောက် ငှက်ပျောက်"တူ.....တူ....တူ..."
"ဂျယ်ယွန်း ဂျယ်ယွန်း"
သူဖုန်းချသွားပြီပဲနောက်တစ်ခါထပ် ဆက်ကြည့်တော့ စက်ပါပိတ်သွားတာ ဒီကောင်လေး လူကို စိတ်ပူအောင် အမျိုးမျိုး လုပ်နေတာပဲ