11

795 64 9
                                    

မနက်ခင်းက နေရောင်ချည်က နွေးထွေး ပေမဲ့ ဂျယ်ယွန်း အတွက် ဒီနေ့ကတော့
အရင်နေ့ တွေက လောက် သာယာ မနေပါ....
ကိုယ် သဘောကျနေတဲ့ လူက တစ်ခြား ကောင်မ လေး တစ်ယောက်နဲ့ အခန်းတစ်ခန်း ထဲရောက်နေတယ် ဆို တဲ့ အတွေး က သူ့ကို ခြောက်လန့်နေသလို......

"ငါ ဆောင်းဟွန်းကို သွားနှိုး သင့်လား......."ဆိုပြီးတံခါးရှေ့မှာ ရပ်နေတာကို jay ကမြင်သွားပြီး...

"ဂျယ်ယွန်း......ဆောင်းဟွန်းတို့ ကိုနှိုးဖို့ လုပ်နေတာဆို ရင် မနှိုးနဲ့တော့....သူတို့က မနက်ကတည်းက သွားပြီ..... ရယ်ဂျီ က မိန်းကလေး ဆိုတော့ တစ်ယောက်တည်း ထားဖို့ စိတ်မချလို့တဲ့ ......သူ ကုမ္မဏီ မှာစောင့်နေမယ်တဲ့"

"အော် ....အဲ့လိုလား"လို့ပြောပြီးသာ အခန်းထဲ ပြန်ဝင်လာခဲ့တယ်

"အာ......ဒီမျက်ရည်တွေက ဘာလို့ ကျလာရပြန်ပြီလဲ...မင်းနဲ့ ပတ်သက် ရင် ဘာလို့ ငါမဟုတ်သလိုမျိုး ပျော့ညံ လာရတာလဲ...."

မျက်ရည်တွေကိုခက်ကြမ်းကြမ်း ဆွဲသုတ် ပြီး မီးဖိုခန်းဖက် ထွက်လာ တော့
member တွေအကုန် မနက်စာ စားဖို့လုပ်နေကြပြီ ပြန်မရောက်သေးတဲ့ သူ ကလွဲရင်ပေါ့......

ဂျယ်ယွန်းကိုမြင်တော့ ဆောနူက....

"ဂျယ်ယွန်း..ဟျောင်း လာလေ ဗျာ.....ဘာတွေရပ်ကြည့်နေတာလဲ... schedule ရှိတယ်လေ"

"လာပါပြီ ကွာ မင်းကလည်း "
လို့ ရယ်သံ စွတ်ပြီး ဖြေ လိုက်တယ် ငိုထားတာရိပ်မိသွားရင် ဖြေရမယ့် မေးခွန်း တွေက Oxford တက္ကသိုလ် ဝင်ခွင့်ထက်တောင် ပိုခက်သေးတယ်......

~~~~~~~~~~~~~

"ငါ မောင်နဲ့ လမ်းခွဲလိုက်ပြီ"

Dorm ကနေ ထွက်လာရင်း jino စီက ဖုန်းလာလို့ ဖုန်းခဏပြောအုံးမယ်ဆိုပြီး ထွက်သွားတဲ့ ရယ်ဂျီကို စောင့်နေရင်း ပြန်လာတဲ့အခါပြောတဲ့ စကားကြောင့် ဆောင်းဟွန်း ရေတောင် သီးသွားတယ်

"အဟွတ်..အဟွတ်... ဘာ..ဘာပြောတယ်"

"တကယ်....ငါမောင်နဲ့ လမ်းခွဲလိုက်ပြီ....."

"ဘာဖြစ်လို့ လဲ.....အရင်က ဆို နင့်ဖက်က စိတ်ကောက် နေရင်တောင် နင်က အရင်ခေါ် ရတာမလား..."

"သူ အသစ်တစ်ယောက်တွေနေပြီ လေ နင်သတင်းတွေ မမြင်ဘူးလား....hak"
အပြုံးတစ်ခု ဒါပေမဲ့ နာကျင်မှုတွေ ပြည့်နေတဲ့ အပြုံးတစ်ခု.......

"အဲ့တစ်ယောက်က stylist တစ်ယောက်ဆို ငါကြားသလောက်တော့"

"ဘယ်လို artist တစ်ယောက်က stylist နဲ့ လက်ထက်လက်စွပ် ရောင်းတဲ့ ဆိုင်ကို သွားမှာလဲ....ဆောင်ဟွန်း"

အမှန်ဖြစ်ဖြစ် အမှားဖြစ်ဖြစ် သူမ စိတ်သက်သာ အောင် တစ်ခုတော့ပြောပေး ရမယ် မလား..........

"အကြောင်းရှိမှာပါ နင်သူ့ကို သေချာမေးကြည့်သင့်တယ်နော်ရယ်ဂျီ
အခုလမ်းခွဲတဲ့ ကိစ္စလည်း သူ့ ဖက် က ဘာမှ မပြောရခင်မှာ နင်ပြောချင်တာအရင်ပြောပြီး လမ်းခွဲခဲ့ တာမလား.....နင့်အကြောင်း ငါသိပါတယ်"

"ဟုတ်တယ်....ငါပြောချင်တာပြောပြီး လမ်းခွဲ ခဲ့ပေမဲ့ သူပြောတာတွေ ငါနားထောင်ဖို့ အင်အားမရှိဘူး.....ဆက်နားထောင် ရင် ငါ အရင်လို အလျော့ပေးမိမှာ"

"အေးပါ......ဒီအကြောင်းကို တော် လိုက်ကြအောင် ငါ ကုမ္မဏီသွား ရဖို့ scheduleရှိတယ်"

"အဲ့ဆိုသွားမယ်လေ.....ငါလည်းကုမ္မဏီကို တိုက်ရိုက်သွားတော့မယ်..."

ဆိုပြီး နှစ်ယောက်သား ထွက်ခဲ့ကြတယ်..........

_________________

အပျင်းတစ်နေလို့ အားဆေး လေးတွေကျွေးကြပါ

အားဆေး မကျွေးရင် ပြန်မလာဘူး ဒါပဲ👊☹️

ခြိမ်း‌ခြောက်တာ😾👊

mamo_9

Love=Sim JakeWhere stories live. Discover now