3

3.7K 438 8
                                    

ခွန်​ချမ်းက ​ကျောင်းကအပြန်​၌ လမ်းကြုံသည့်​mini martဆိုင်​သို့ဝင်​ကာ ​ဈေးဝယ်​ရသည်​။ သူ့အိမ်​ရှိရေခဲ​သေတ္တာထဲ၌ စားစရာဟူ၍ တစ်​ခုတစ်​​လေမှမရှိ​တော့​ပေ။ ထို့​ကြောင့်​ လိုအပ်​တဲ့စားစရာ​တွေကိုဝယ်​ဖို့ ​ဈေးဝယ်​ထွက်​လာခဲ့တာဖြစ်​၏။ ခြင်းကို ကိုင်​ထားလျှက်​ စားစရာ​တွေကိုသာ အဓိကထားထည့်​​နေရသည်​။ ​ပေါင်​မုန့်​၊ ​အချိုရည်​၊ ​ခြောက်​ဆွဲ​ခြောက်​ဘူး စသည်​ဖြင့်စသည်​ဖြင့်​ ဝယ်​ရပြီး​နောက်​ အပြန်​၌ ကြုံရာထမင်းဆိုင်​သို့ဝင်​၍ ထမင်းနှင့်​ဟင်းဝယ်​စားရဦးမည်​ဖြစ်​​ကြောင်း သတိရလိုက်​မိ​သေးသည်​။ အ​မေဆုံးပါးသွားပြီးကတည်းက ဆိုင်​ထမင်းဟင်းဖြင့်​ ဗိုက်​ဖြည့်​ခဲ့တာ ယခုအချိန်​ထိပင်​။ ချက်​မစားတတ်​တာ​တော့မဟုတ်​။ ချက်တတ်ပာသည်။ သို့​သော်​ ​​​ကိုယ်​တိုင်​ထမင်းဟင်းချက်​ရပါက အ​မေမရှိ​တော့သည်​ကို ခဏခဏ​တွေးမိကာ ဝမ်းနည်းမိသဖြင့်​ ချက်​မစား​တော့တာဖြစ်​သည်​။

ခွန်​ချမ်းက ​ခြောက်​ဆွဲ​ခြောက်​ဘူးတန်း​ရောက်​​တော့ ​ခြေလှမ်း​တွေအား ခဏရပ်​ကာ တစ်​မျိုးကိုငါးဘူးဆီ​ ခြင်းထဲထည့်​လိုက်​သည်​။

"KCက အ​ကြောင်းမပြန်​သေးဘူးလား"

စင်​တစ်​ဖက်​ရှိလူတစ်​​ယောက်​က KCလို့​ပြောလိုက်​သည်​​ကြောင့်​ ​ခေါက်​ဆွဲ​ခြောက်​ဘူးယူ​နေတဲ့ ခွန်​ချမ်းလက်​​တွေရပ်​တန့်​သွားသည်​။ KCတဲ့ သူ့အ​ကြောင်းကို​ပြော​နေကျတာပဲ။ ဘာ​ပြောလဲသိချင်​သဖြင့်​ ​နေရာမှတစ်​ဖွားမှမခွာ​သေးဘဲ ​ပြောလာမည့်​စကား​တွေကို နား​ထောင်​ဖို့ရွယ်​လိုက်​၏။

"ငါ့artist sanက အလုပ်​များတယ်​​လေ၊ အဲ့ဒါ​ကြောင့်​ အ​ကြောင်းမပြန်​​သေးတာ​နေမှာ​ပေါ့"

ဆက်​ကြားလိုက်​ရတဲ့အသံသည်​ကား သက်​ပိုင်​သူရဲ့အသံဖြစ်​သည်​။ ဒီအသံကို ​ခွေးချီသွား​တောင်​သူမှတ်​မိပါသည်​။ ငါ့artist sanတဲ့။ KCသာ သူမှန်းသိရင်​ သက်​ပိုင်​သူတစ်​​ယောက်​ ငါ့artist sanလို့​ပြောနိုင်​ပါဦးမလား။ သက်​ပိုင်​က သူ့ဆီသို့ mailထပ်​ပို့ထားတာမြင်​​ပေမယ့်​ အ​ဖြေ​ပေးပြီးသားမို့ ထပ်​ပို့ထတဲ့mail​တွေကို ဥ​ပေက္ခာပြုထားတာပင်​​​။ ထို့​နောက်​ သူတို့ကို​လည်းမျက်​ကွယ်​ပြု၍ ​ အခြားမုန့်​စင်​ဘက်​သို့်​ကူးလိုက်​သည်​။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now