14

2.7K 355 18
                                    

အတန်းဆင်းပြီဖြစ်​သဖြင့်​ သက်​ပိုင်​က စာအုပ်​​တွေကို လွယ်​အိတ်​ထဲ အမြန်​ထည့်​​သိမ်းနေသည်​။ မြတ်​နိုးက​တော့ သက်​ပိုင်​ရဲ့ပုံစံကိုကြည့်​ကာ ပြုံးလိုက်​​ပေမယ့်​လည်း သူတို့နဲ့​တောင်​အချိန်​မ​ပေးနိုင်​တော့ဘဲ ခွန်​ချမ်းအနားသို့သာ သွား​နေသည့်​သက်​ပိုင်​​ကြောင့်​ စချင်​စိတ်​က​လေး​တော့ဖြစ်​မိ၏။ စချင်​တယ်​လို့​တွေးလိုက်​မိ​လျှင်​ အ​ကြွေးမထားပါဘဲ မျက်​နှာငယ်​​လေးကိုလုပ်​ယူ၍ သက်​ပိုင်​ဘက်​သို့လှည့်​ကြည့်​လိုက်​သည်​။

"နင်​လည်း​နော်​ ချစ်​တဲ့သူ​တွေ့​တော့ ငါတို့ကိုစိမ်းသွားလိုက်​တာ သူစိမ်း​တွေအတိုင်းပဲ"

မြတ်​နိုးစကား​ကြောင့်​ သက်​ပိုင်​ရဲ့စာအုပ်​သိမ်း​နေတဲ့လက်​​တွေ ရပ်​တန့်​သွားကာ မြတ်​နိုးကိုလှည့်​ကြည့်​​လေသည်​။ မြတ်​နိုးက မျက်​နှာငယ်​​လေးနဲ့ သူ့ကိုကြည့်​​နေသည်​။ သူငယ်​ချင်းဖြစ်​သူအား တမင်​သက်​သက်​ အချိန်​မ​ပေးဖြစ်​တာလားဆို​တော့ မဟုတ်​ပါ။ ခွန်​ချမ်းမှာ အ​ဖော်​မရှိ။ ထို့​ကြောင့်​ တစ်​ရက်​နှစ်​ဆယ့်​​လေးနာရီ၌ ပန်းချီဆွဲချိန်​မှလွဲလျှင်​ အထီးကျန်​နေမှာ ​သေချာ​ပေါက်​ပင်​။ သူချစ်​ရ​သော ခွန်​ချမ်းရဲ့စိတ်​၌ ထိုအထီးကျန်​စိတ်​ နည်းနည်း​လေးမှ မကိန်းဝပ်​​စေချင်​တာ သူ့ဆန္ဒဖြစ်​ပါသည်​။ ဒါ​ကြောင့်​ ခွန်​ချမ်းဆီသို့ ခဏခဏ သွား​​နေရခြင်းဖြစ်​သည်​။ ချစ်​ရတဲ့သူကိုဂရုစိုက်​မိ​တော့ သူငယ်​ချင်း​တွေအား ဂရုစိုက်​ဖို့​လျော့နည်းသွားပုံ​ပေ။

"စိမ်းတာမဟုတ်​ပါဘူးကွာ၊ ခွန်​ချမ်းမှာ သူငယ်​ချင်းအ​ပေါင်းအ​ဖော်​မရှိဘူး​လေ၊ အဲ့ဒါ​ကြောင့်​ ခွန်​ချမ်း​ဘေးမှာ ရှိချင်​ရုံပါ"

သက်​ပိုင်​က သူ့​နေရာသူ ပြန်​ထိုင်​ဖို့လုပ်​​တော့ မြတ်​နိုးကလက်​ယမ်းပြကာ....

"ငါကစတာပါ စ​နေတာ၊ ငါနှင်းဆီနဲ့ သွားစရာရှိတယ်​၊ ​ဖြောင့်​​ဖြောင့်​တန်းတန်းသွား၊ အမယ်​​လေး ငါ့​ကြောင့်​နဲ့လူတစ်​​ယောက်​ကို အသဲကွဲမခံပါဘူး"

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now