11

2.6K 349 16
                                    

ကြေးအိုးနံ့သင်းသင်းသည်​ကား မီးဖိုခန်းတစ်​ခုလုံးအနှံ့ ​ပျံ့နှံ့​နေ၏။ သားအမိနှစ်​​ယောက်​ ​ကြေးအိုးလက်​စုံစားရင်း စပ်​မိစပ်​ရာ စကား​ပြော​မိကြသည်​။ ယ​နေ့ အ​မေက ​ကြေးအိုးစားချင်​သည်​ဆိုကာ ကြေးအိုးချက်​သည်​။ ထို့​ကြောင့်​ ​ကြေးအိုးတစ်​ပွဲဖြင့်​ ခွန်​ချမ်းအိမ်​သို့သွား၍ စာအုပ်မျက်​နှာဖုံးကိစ္စ လက်​ခံ​ပေးဖို့ရာအတွက်​ ထပ်​ပြီးတိုက်တွန်းမလို့ စဉ်းစားမိသည်​။

"အ​မေ"

"​ဟေ သား"

အ​မေက ​ထူးပြီးတာနှင့်​ ​ကြေးအိုးတစ်​ဇွန်း​သောက်​​လေသည်​။

"ပြီးရင်​ ပါဆယ်​​လေးထုတ်​​ပေးပါလား၊ သား တစ်​​ယောက်​ကိုသွား​ကျွေးစရာရှိလို့"

"ဟုတ်​ပြီ အ​မေလုပ်​​​ပေးမယ်​၊ စာအုပ်​ကိစ္စ​တွေက​ကော အဆင်​​ရြေဲ့လား"

"​ပြေပါတယ်​ အ​မေ"

"အ​မေလည်း သားနှုတ်​ဖျားက​နေ ဒီစကား​လေး​တွေပဲ ထွက်​လာ​စေချင်​တာ"

အ​မေ့ရဲ့​မေတ္တာ​ကြောင့်​ သက်​ပိုင်​ကပြုံးလိုက်​မိသည်​။ ထို့​နောက်​ ကိုင်​ထားသည့်​ဇွန်းကို ခဏချပြီး ထိုင်​ရာမှထ၍ အ​မေ့အ​နောက်​သို့သွားရပ်လိုက်​ကာ အ​​မေ့အား​ဖက်​ထားပြီး အ​မေ့ပခုံး​ပေါ်​မေးတင်​ချွဲမိ၏။

"အ​မေကသားအတွက်​အားအင်​တစ်​ခုပဲ"

"သားကလည်း အ​မေကာကွယ်​​စောင့်​​ရှောင်​​ပေးရမယ့်​ အ​မေ့အားအင်​ငယ်​​လေးပါပဲ"

ဒေါ်သူက သားဖြစ်​သူပါး​လေးကို တစ်​ချက်​နမ်းလိုက်​သည်​။

"ဒါနဲ့ အ​မေ၊ သားမှာချစ်​ရတဲ့သူရှိပြီ"

"​ဟေ တကယ်​လား၊ အဲ့​ကောင်​​လေးက သားရဲ့စိတ်​ကိုလက်​ခံ​ပေးရဲ့လား"

သက်​ပိုင်​ကတစ်​ချက်​ပြုံးကာ....

"ဖွင့်​​တောင်​မ​ပြောရ​သေးပါဘူးအ​မေရယ်​"

"​သားရဲ့အကျင့်​စရိုက်​နဲ့ ကိုက်ညီမကိုက်​ညီ ​သေချာပိုင်းဖြတ်​ပြီးပြီလား"

"အွန်း အ​မေ၊ သူက ကျွန်​​တော်​နဲ့ အကိုက်​ညီဆုံးပဲ၊အခွင့်​ရှိရင်​ အ​မေ့ဆီ​ခေါ်လာခဲ့​ပေးပါ့မယ်​"

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Tahanan ng mga kuwento. Tumuklas ngayon