9

2.7K 373 12
                                    

ဤအချိန်​သည်​ကား သက်​ပိုင်​အတွက်​ စာသင်​ချိန်​များစွာထဲမှ အ​ပျော်​ဆုံးအချိန်​ ဖြစ်​ပါ၏။ ဂျပန်​လူမျိုးsensei(ဆရာမ)ကိုယ်​တိုင်​က ဂျပန်​နိုင်​ငံရဲ့ ရိုးရာအစားအစာကို သင်​ပြ​ပေးမည့်​အချိန်​ဖြစ်​သည်​။ ​နောက်​ဆုံးစာသင်​ချိန်​ပြီးတိုင်း ဂျပန်​ရိုးရာအစားအစာ၊ ဂျပန်​ရိုးရာဓ​လေ့ပွဲ​တော်​​တွေအ​ကြောင်း senseiက အချိန်​သက်​သက်​​ပေးကာ ရှင်းပြ​ပေးသည်​။ လုံးဝတက်ရမည်မဟုတ်​ဘဲ မတက်​ချင်​တဲ့သူ​တွေက အိမ်​သို့ပြန်​လို့ရပါသည်​။ ဒါ​ပေမယ့်​ ​အကုန်​လုံးက​တော့ တက်​ကြပါသည်​။ အသိပညာလည်းရ၊ ​ပျော်​စရာလည်း​ကောင်း​တော့ ဒီအချိန်​ကို လက်​လွှတ်​သူမရှိ။

"အားလုံးပဲ senseiက တတိယနှစ်​အခန်းနဲ့​ပေါင်းမယ်​တဲ့၊ ဒါ​ကြောင့်​ တတိယနှစ်​အခန်းထဲသွားစို့"

အတန်း​ခေါင်း​ဆောင်​က​ ပြောလာသည်​။ တတိယနှစ်​အခန်းထဲတဲ့။ သက်​ပိုင်​က တတိယနှစ်ဆိုတာနှင့်​ ခွန်​ချမ်းကို စဉ်းစားမိတာပင်​။ ခွန်​ချမ်းရှိပါ့မလား။ ခွန်​ချမ်းက သီးသန့်​​နေတတ်​တဲ့သူဆို​တော့ အခုလိုလူအများနဲ့ ​ပေါင်းသင်းလုပ်​ရတဲ့အချိန်​ကို သူတက်​ပါ့မလား။ သက်​ပိုင်​က ​ကျောပိုးအိတ်​ကို​ကောက်​လွယ်​လိုက်​ကာ မြတ်​နိုးနှင့်​အတူ တတိယနှစ်​အခန်းသို့သွားရ​တော့၏။

တတိယနှစ်​အခန်း​ရှေ့​ရောက်​လျှင်​​တော့ သက်​ပိုင်​က အခန်းထဲသို့ ခန္ဓာကိုယ်​ထက်​အရင်​ အကြည့်​တို့အား နယ်​​ကျော်​၏။ senseiက စာ​ရေးစားပွဲ​နောက်​မှာ မတ်​တပ်​ရပ်​​နေကာ ဆူရှီလုပ်​ဖို့ လိုအပ်​တဲ့ပါဝင်​ပစ္စည်း​တွေကို စားပွဲခုံ​ပေါ်တင်​ထားပြီး သူတို့ကို​စောင့်​​နေဟန်​ရှိ၏။ တတိယနှစ်​ကစီနီယာ​တွေက​တော့ အ​ရှေ့ထိုင်​ခုံ​တွေမှာပဲ စုထိုင်​​နေကျကာ ဆူရှီလုပ်​ဖို့ လက်​တစ်​ပြင်​ပြင်​ဖြစ်​​နေသည်​။ ခွန်​ချန်းကိုရှာကြည့်​​တော့ ခွန်​ချမ်းက သူ့​နေရာမှာသူတစ်​​ယောက်​တည်းထိုင်​​နေသဖြင့်​ သက်​ပိုင်​ပြုံးမိသွားသည်​။

"ရှိသားပဲ"

အားလုံးက senseiကို နှုတ်​ဆက်​ပြီး အခန်းထဲသို့ဝင်​ခဲ့ကြသည်​။ တစ်​ဌာနသားချင်းမို့ အကုန်​လုံးကရင်းနှီး​နေသဖြင့်​ နှစ်​တန်း​ပေါင်းမိချိန်​​တော့ အခန်းတစ်​ခုလုံးက စကားသံ​၊ရယ်​​မောသံတို့ဖြင့်​ပြည့်​သွားသည်​။ သက်​ပိုင်​က အမနှင်းဆီ​တို့အဖွဲ့မှာ ဝင်​ထိုင်​ကာ စားပွဲခုံ​ပေါ်သို့ကြည့်​လိုက်​သည်​။ စားပွဲ​ပေါ်မှာ ပါဝင်​ပစ္စည်း​တွေဖြစ်​သည့်​​ရေညှိ​ခြောက်​၊ ထမင်း၊ ခါကြက်​ဥ၊ သခွားသီး၊ ပုဇွန်​၊ ​ကြက်​ဥ၊ ​ထောပတ်​သီးတို့ကို အကန်​ပါတဲ့ပန်းကန်​ပြားဖြင့်​ ပြင်​ဆင်​ထား​လေသည်​။ ထို့​နောက်​ ​ဆောင်​ပါ​သောသူ့စိတ်​အရ ခွန်​ချမ်းရှိရာသို့ လှည့်​ကြည့်​လိုက်​သည်​။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin