19

2.4K 288 5
                                    

နူးညံ့လွန်းသည်။ ဤ​မျှ​လောက်​နူးညံ့သည့်​ အထိအ​တွေ့​လေး ရှိပါဦးမည်​လား။ ထိကပ်​​နေရရုံပင်​ သူ့စိတ်​မှာ မတင်းတိမ်​နိုင်​။ ထို့​ကြောင့်​ သက်​ပိုင်​ပါးက​လေးအား​ပွေ့ကိုင်​ကာ ​နှုတ်​ခမ်းလွှာ​တွေအား ပို​၍ထိကပ်​​စေပါ၏။ ​လောဘကြီးစွာငြိတွယ်​မိလျှင်​လည်း မ​ကောင်း​သောအ​ခြေအ​နေက ကပ်​လိုက်​လာသဖြင့်​ အနမ်းအားရပ်​တန့်​ပြီး သက်​ပိုင်​မျက်​နှာ​လေးကိုပဲ ​ငေးကြည့်​​နေမိသည်​။ နမ်းခံရတာ​တောင်​ မနိုးတဲ့သက်​ပိုင်​​ကြောင့်​ ပြုံးလိုက်​မိ​သေးသည်​။ တကယ်အိပ်​ပုပ်​ပဲ။

အိမ်​​မောကျ​နေပါ​သော သက်​ပိုင်​ရဲ့မျက်​နှာ​လေးအား ဘယ်​​လောက်​​ကြာကြာ ​ငေးကြည့်​​နေမိလဲ သူမသိပါ။ ​လေ​ပြေ​လေး​တွေ တစ်​​ဝှေ့ပြီးတစ်​​ဝှေ့ တိုက်​ခိုက်​သွားသည်​။ သင်းပျံ့လာ​သောပန်းရနံ့​လေး​တွေအား ခဏခဏ ရှူ ရှိုက်​ရင်း သက်​ပိုင်​ရဲ့မျက်​နှာ​လေးကိုသာ အကြည့်​မလွှဲစတမ်း ​ငေးကြည့်​​နေမိ​သည်​။ ယခုလည်း ​ငေးကြည့်​​နေဆဲဖြစ်​ပါ၏။ သူကြည့်​​နေတုန်း သက်​ပိုင်​ရဲ့မျက်​ခွံ​လေး​တွေ လှုပ်​ရှားလာသဖြင့်​ သက်​ပိုင်​နိုးလာ​ပေ​တော့မည်​။ ခွန်​ချမ်းက ပြုံးရင်းသာ သက်​ပိုင်​ရဲ့နိုးထလာပုံကို ​ငေးကြည့်​​နေမိ၏။။

အိပ်​စက်​ခြင်းဆီမှကင်းလွတ်​သည့်​အခါ ပစ္စုပ္ပန်​ကာလဆီသို့ ပြန်​၍အသက်​ဝင်​လာခဲ့သည်​။ သက်​ပိုင်​က လက်​နှစ်​ဖက်​ကို​မြောက်​ အကျောဆန့်​၍ မျက်​ခွံလွှာတံခါးကိုဖွင့်​​တော့ မြင်​လိုက်​ရတာက သူ့​ဘေးမှာလှဲအိပ်​​နေကာ သူ့ကိုပြုံးကြည့်​နေသည့်​ ခွန်​ချမ်းမျက်​နှာကို။

"မင်းအိပ်​ပုပ်​ကြီးတယ်​"

ခွန်​ချမ်းရဲ့စကား​ကြောင့်​ သက်​ပိုင်​က ဟီးခနဲရယ်​လိုက်​မိကာ......

"ခဏ​လေးပဲအိပ်​တာပါ"

"မင်းရဲ့ခဏ​လေးက နာရီချီကြာတယ်​​နော်​"

သက်​ပိုင်​က ခွန်​ချမ်းအား အ​ဖြေမ​ပေးဘဲ ပြုံးကြည့်​​နေမိသည်​။ တစ်​​မွေ့ရာခင်းထဲ အတူ​ကျောချအနားယူရခြင်းသည်​ကား သူ့အတွက်​ကြည်​နူးစရာဖြစ်​၏။ ခွန်​ချမ်းရဲ့​နွေး​ထွေးတဲ့အကြည့်​​တွေအား သူ့ဘဝ​နောက်​ဆုံးထွက်​သက်​ထိ မှတ်​မိ​နေ​အောင်​ သူ့နှလုံးသားထဲမှတ်​သားလိုက်​ပါသည်​။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now