သက်ပိုင်က အသားရောင်ရှပ်လက်ရှည်နှင့် ဂျင်းနက်ဘောင်းဘီရှည်ကိုဝတ်ပြီးနောက် ကျောပိုးအိတ်ကိုယူကာ အခန်းထဲမှအမြန်ထွက်ခဲ့သည်။ ဒီအချိန်ဆို အမေက မီးဖိုခန်းထဲ၌ ရှိနေတတ်သဖြင့် မီးဖိုခန်းထဲသို့ ပြေးဝင်ခဲ့ကာ မီးဖိုစင်ရှေ့၌ ဇွန်းတစ်ချောင်းဖြင့် အလုပ်ရှုပ်နေသည့်အမေ့ဆီသို့ အမြန်ပြေးသွားပြီး အမေ့အားနောက်ကနေဖက်လိုက်ကာ အမေ့ပါးပြင်ကိုနမ်းတော့ အမေက 'ပိုတယ်´လို့ဆိုကာ သူ့ပါးကိုလာဆွဲလေသည်။
"သား သွားပြီနော် အမေ"
သက်ပိုင်က အမေ့ကိုနှုတ်ဆက်ပြီး မီးဖိုခန်းထဲမှ ပြေးထွက်သွားလေသည်။
"သား သက်ပိုင် ထမင်းချိုင့်နဲ့ထောပတ်သီးဖျော်ရည်ဘူး ယူသွားဦးလေ"
သားဖြစ်သူက စားပွဲပေါ်တင်ထားတဲ့ ထမင်းချိုင့်နှင့်ဖျော်ရည်ဘူးကိုမေ့သွားသဖြင့် ဒေါ်သူက ထိုပစ္စည်းနှစ်ခုလုံးကိုယူ၍ သားနောက်သို့လိုက်ပေးရသည်။
"သား သက်ပိုင် ဪ ဒီကလေးနဲ့ မြန်လိုက်တာ၊ ဘာတွေဒီလောက်လောနေတာလဲ၊ သားရေ ထမင်းချိုင့်နဲ့ဖျော်ရည်ဘူးမေ့နေပြီ"
ခြံပြင်ရောက်နေသည့်သက်ပိုင်က အမေ့အော်သံကြောင့် ဆိုင်ကယ်ပေါ်ခွမလို့ပြင်ရာမှ ခြံထဲသို့ ပြန်ဝင်ခဲ့ကာ အမေ့လက်ထဲရှိ
ထမင်းချိုင့်နှင့်ဖျော်ရည်ဘူးကို ယူလိုက်ပြီး အမေ့အားမျက်နှာချိုသွေးရတော့သည်။"မေ့သွားလို့ ဟီး"
သက်ပိုင်က ဖျော်ရည်ဘူးကို ကျောပိုးဘေးအိတ်ထဲထည့်ကာ အမေ့အားပြုံးပြလိုက်သည်။
ဒေါ်သူက သားဖြစ်သူနဖူးပြင်ထက် လက်ဖဝါးအပ်ပြီး......
"မေ့ချင်ဦး၊ ကျောင်းမှာအရေးကြီးကိစ္စရှိလို့လား"
အမေက အလောတကြီးဖြစ်မှုကို မေးခွန်းထုတ်လာသည်။ သူကလည် ခေါင်းညိတ်ပြကာ....
YOU ARE READING
ကျွန်တော့်ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)
Romanceခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ ခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ