18

2.5K 292 6
                                    

မနက်​စာစားပြီး​နောက်​ သက်​ပိုင်​နှင့်​ခွန်​ချမ်းသည်​ အိမ်​ထဲမှထွက်​ခဲ့ကြသည်​။ ​​ဒေါ်သူက အပြင်​သွားပြီဖြစ်​သဖြင့်​ အိမ်​တွင်​ သက်​ပိုင်​နှင့်​ခွန်​ချမ်းသာ ရှိ​တော့သည်​။ ခွန်​ချမ်းက သက်​ပိုင်​​ဘေးမှ အတူယှဉ်​တွဲလမ်း​လျှောက်​​နေရင်း သက်​ပိုင်​အား လှည့်​ကြည့်​လိုက်​သည်​။ သက်​ပိုင်​သည်​ကား ကြည်​ကြည်​လင်​လင်​ ​ပျော်​ရွှင်​​သောမျက်​နှာလေးဖြင့်​ သူ့​ဘေးမှာယှဉ်​​လျှောက်​​နေ​လေသည်​။ ခွန်​ချမ်းက တစ်​ချက်​ပြုံးလိုက်​ပြီး သက်​ပိုင်​ရဲ့လက်​ဖဝါး​လေးကို ဆုပ်​ကိုင်​ကာ ​နေပျောက်​က​လေး​တွေဖြင့်​ မှုံစီခြယ်​ထား​သော မြက်​ခင်းပြင်​ထက်​ ​သက်​ပိုင်​နှင့်​အတူ​ တူညီ​သောခြေလှမ်းအား ချမိသည်​။ နှစ်​​ယောက်​သား တစ်​​ယောက်​ကိုယ်​တစ်​​ယောက်​ အကြည့်​ချင်းဆုံးကြည့်​မိရင်းမှ သ​ဘောကျကာ ရယ်​မိလိုက်​ကြသည်​။

"ကျွန်​​တော်​​နေရာပြင်​​ပေးထားတယ်​"

သက်​ပိုင်​က ပန်းများအလယ်​ သူပြင်​​ပေးထားတဲ့​နေရာကို လက်​ညိုးထိုးပြလိုက်​သည်​။ ခွန်​ချမ်းက ​ခေါင်းညိတ်​ကာ သက်​ပိုင်​ရဲ့စိတ်​ကူးဥာဏ်​သန်​ပုံကို သ​ဘောကျမိသည်​။ အ​ရောင်​စုံ​သောနှင်းဆီရုံ၊ ဖြူလွလွ စံပယ်​ရုံအပြင်​ အခြား​သောပန်း​​ရောင်​စုံတို့ ဝိုင်းဝန်းတည်​ရှိ​နေ​သော အ​ရောင်​စုံစက္ကူပန်းပင်​​​တွေအောက်​ဝယ်​ တည်​ခင်းထား​သော စားပွဲဝိုင်း​လေသည်​ နိဗ္ဗာန်​ဘုံ​လေးနှယ်​။

ထို​လှပ​သော​နေရာသို့ ​ပျော်​ရွှင်​မှုများ​ပွေ့ဖက်​ကာသွားပြီး​နောက်​ မွေ့ရာခင်း​ပေါ်၌ မျက်​နှာချင်းဆိုင်​ထိုင်​လိုက်​ကြသည်​။ ထိုင်​ပြီးချင်း ​လေ​ပြေတစ်​ချက်​သည်​ကား သူတို့ကို​ကျော်​ဖြတ်​တိုက်​ခိုက်​သွား​​လေသဖြင့်​ သူတို့ကိုအုပ်​မိုးထား​သော စက္ကူပန်းပင်​များဆီမှ အဖြူ အနီအပန်း​အ​ရောင်​စုံ​သော စက္ကူ ပန်းပွင့်​​လေး​တွေက ပန်းမိုးသဖွယ်​​​ကြွေကျလာ​လေသည်​။ 

သက်​ပိုင်​က စက္ကူပန်းပင်​အား ​မော့ကြည့်​လိုက်​ပြီး ​ကြွေကျလာပါ​သော စက္ကူပန်းက​လေး​တွေကို သူ့လက်​ဖဝါးဖြန့်​ခံလိုက်​ပြီး သူ့လက်​ဖဝါး​ပေါ် နားခိုလာပါ​သော ပန်းပွင့်​ဖက်​တို့်အား ပြုံးကြည့်​​နေမိသည်​။ ခွန်​ချမ်းကလည်း လေ​ပြေအ​ဝှေ့ မွှေးကြိုင်​လာပါ​သော ပန်း​ပေါင်းစုံရနံ့​​လေးရှူရှိုက်​ရင်း သက်​ပိုင်​ရဲ့ပုံစံ​လေးအား ပြုံးကြည့်​​နေ၏။ သက်​ပိုင်​ရဲ့အပြုံး​လေးသည်​ အ​ရောင်​အ​သွေးစုံ​သောပန်း​ပေါင်းစုံထက်​ လှပလွန်းသည်​။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now