12

2.7K 377 19
                                    

ခွန်​ချမ်းက ဆိုင်​ကယ်​​နောက်​ကြည့်​မှန်​က​နေတစ်​ဆင့်​ မြင်​​နေရသည့်​သက်​ပိုင်​ရဲ့ပုံစံ​ကြောင့်​ ဆိုင်​ကယ်​အရှိန်ကို တစ်​ဖြည်းဖြည်း​လျော့ကာ ​မြေပြင်​မှာ​ခြေ​ထောက်​​ထောက်​ ဆိုင်​ကယ်​ရပ်​၍ မှန်​ထဲမှာမြင်​​နေရသည့်​သက်​ပိုင်​အား ကြည့်​​နေမိ၏။ သူသာ ပြန်​မလှည့်ဘဲဆက်​သွားရင်​ သက်​ပိုင်​က သူ့ရဲ့သ​ဘောထားကိုသိ၍ ​တောင်း​​ဆိုမှာမဟုတ်​​တော့။ တကယ်​လို့ သူသာ သက်​ပိုင်​ဆီသို့ လှည့်​သွားလိုက်​ရင်​ သက်​ပိုင်​က ထပ်​​တောင်းဆို​နေဦးမှာပင်​။ မှန်​ထဲမှာ​ပေါ်​နေသည့်​ သက်​ပိုင်​ရဲ့ပုံရိပ်​​လေးအားကြည့်​ရင်း လှည့်​သွားခြင်းနှင့်​မသွားခြင်းကြား သူ့စိတ်​​​တွေက​ယောင်​​ချောက်​ခြားဖြစ်​​နေ၏။

"ကိုယ့်​လမ်းကိုယ်​သွားတာအ​ကောင်းဆုံးပါပဲ"

သေချာသည့်​ဆုံးဖြတ်​ချက်​ချပြီး​နောက်​ ဂရုမစိုက်​ဖို့ရွယ်​၍ ဆိုင်​ကယ်​ကိုအရှိန်​ပြန်​တင်​ကာ ​​မောင်းထွက်​သွားဖို့လုပ်​သည်​။ သို့​သော်​ငြား ​ရှေ့တည့်​တည့်​သို့ ဆိုင်​ကယ်​ဘီးနှစ်​လှိမ့်​​လောက်​ လှိမ့်​လိုက်​​ချိန်​မှာပဲ နှလုံးသားရဲ့​စေရာကို မလွန်​ဆန်​နိုင်​စွာ ​လက်​ကိုင်​အား ​နောက်​သို့ပြန်​လှည့်​ဦးတည်​လိုက်​ပါသည်​။ ​ခေါင်းကိုငုံ့၍ ​မြေပြင်​​ပေါ်​ခြေဆင်းထိုင်​​နေသည့်​သက်​ပိုင်​​ကြောင့်​ သူ့နှလုံးသားမှာ ဆစ်​ခနဲနာကျင်​လာကာ ဆိုင်​ကယ်​အရှိန်​အား ပို၍တင်​လိုက်​သည်​။ စိုးရိမ်​စိတ်​​တွေက ​မီးခဲပြင်းပြင်းဖြင့်​ အပူ​ပေးထား​သော ရေ​နွေးလို ပွက်​ပွက်​ဆူလာကာ ထားခဲ့ဖို့​တွေးမိတဲ့ကိုယ့်​ကိုယ်​ ​သွေးသံရဲရဲဖြစ်​သွား​အောင်​ထိ ထိုးလိုက်​ချင်​သည်​။ သက်​ပိုင်​အနား​ရောက်​တာနှင့်​ ဆိုင်​ကယ်​​သေချာရပ်​ ဦးထုပ်​ကိုချွတ်​ရင်း ဆိုင်​ကယ်​​ပေါ်ကအမြန်​ဆင်းကာ ဦးထုပ်​အားမှန်​မှာချိတ်​ပြီး သက်​ပိုင်​ဆီသို့အမြန်​​ပြေးသွားလိုက်​သည်​။  ထို့​နောက်​ သက်​ပိုင်​အနား၌ ဒူး​ထောက်​ထိုင်​ကာ သက်​ပိုင်​လက်​ဖဝါးကို ဆုပ်​ကိုင်​လိုက်​သည်​။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now