5

3.1K 402 12
                                    

သက်​ပိုင်​က ​သူ့​ရှေ့တည့်​တည့်​ရှိ ခွန်​ချမ်းကို အ​ပျော်​လွန်​စွာစိုက်​ကြည့်​​နေမိသည်​။ ခွန်​ချမ်းငြိမ်းက သူသ​ဘောကျနှစ်​သက်​ရပါ​သော KCတဲ့လား။ ဟုတ်​သားပဲ။ KCဆိုတာ ခွန်ချမ်းရဲ့​ အင်္ဂလိပ်​​ရှေ့အက္ခရာနှစ်​လုံးပဲ​​။ ဒါဆို သူနှင့်​KCနဲ့က နီးရက်​နှင့်​ ​ဝေးခဲ့ကျတာ​ပေါ့။ သူမ​​တွေးမိခဲ့တာ​ပေါ့။ KCနှင့်​ ချက်​ချင်းကြီး​တွေ့ရပြန်​​တော့ သူ့မှာ မယုံနိုင်​။ အိပ်​မက်​များမက်​​နေသလားလို့ ​တွေးမိသည်​။ အိပ်​မက်​မဟုတ်​မှန်း သိသည့်​အချိန်​​တော့ ခွန်​ချမ်းအားလက်​ညိုးထိုးကာ KCလားဆိုတာ အတည်​ပြု​မေးရ​တော့သည်​။

"KC Artist Sanမလား K..အွန်း"

ခွန်​ချမ်းက စာ​ရေးစားပွဲတစ်​ဖက်​မှာရှိ​နေသည့်​ သက်​ပိုင်​အား လက်​ဖဝါးတစ်​ဖက်​ဖြင့်​ ​ခေါင်း​နောက်​က​နေသူ့ဘက်​ဆွဲကာ သက်​ပိုင်​နှုတ်​ခမ်းထက်​ ​နောက်​လက်​ဖဝါးတစ်​ဖက်​ဖြင့်​ ခပ်​တင်းတင်းဖိလိုက်​သည်​။ သက်​ပိုင်​က ​ခွန်​ချမ်းရဲ့လုပ်​ရပ်​ကို လန့်​သွားတာ​ကြောင့်​ ခွန်​ချမ်းရဲ့ပခုံးနှစ်​ဖက်​ကို ဆုပ်​ကိုင်လိုက်​သည်​။

"တိုးတိုး​နေ"

သက်​ပိုင်​က နားမလည်​သလို ကြည့်​လာ​လေ​တော့ ခွန်​ချမ်းက သက်​ပြင်းချကာ.....

"တိုးတိုး​နေ အဲ့နာမည်​နှုတ်​ဖျားကမထွက်​လာ​စေနဲ့"

သက်​ပိုင်​က ခွန်​ချမ်းရဲ့ KCဆိုတာမည်​သူလဲ အသိမခံချင်​သည့်​စိတ်​ကိုရိပ်​မိကာ ​ခွန်​ချမ်းသ​ဘောအတိုင်း ခေါင်းညိတ်​ပြလိုက်​သည်​။ သက်​ပိုင်​​ခေါင်းညိတ်​ပြမှ ခွန်​ချမ်းလည်းသက်​ပြင်းချကာ သက်​ပိုင်​နှုတ်​ခမ်းအား ဖိကပ်​ထားသည့်​လက်​ဖဝါးကို ခွာဖို့ပြင်​လိုက်​သည်​။ သို့​သော်​လည်း သူ့ကိုနှစ်​သက်​တဲ့အ​ငွေ့အသက်​​တွေပြည့်​​နေ​သော သက်​ပိုင်​ရဲ့မျက်​ဝန်းတစ်​စုံနှင့်​ ပက်​ပင်းတိုးသည့်​အခါ ထိုအကြည့်​မှ သူ့အကြည့်​​တွေအားမလွှဲနိုင်​ခဲ့။ သူ့လက်​ဖဝါးဖြင့်​ထိကပ်​​နေ​သော နှုတ်​ခမ်းနု​လေးရဲ့ လှုပ်​ရှားမှုက သူ့ရင်​​တွေကိုအဆမတန်​ခုန်​​စေသည်​။ သူ့လက်​ဖဝါး​အောက်​ရှိ ပြုံး​လာတဲ့နှုတ်​ခမ်း​လေးရဲ့အထိအ​တွေကို သူလက်​မလွတ်​ချင်​။ ​မှေးကျသွားသည့်​မျက်​လုံးဝိုင်း​လေးကိုကြည့်​​နေရင်း သူ တံ​တွေးမျိုချမိသည်​။ ဘယ်​လို​ခံစားချက်​မျိုးကို သူခံစား​နေရတာလဲ။ ​ဆုံ​နေသည့်​အကြည့်​​တွေအား သူ့ဘက်​မှအရင်​လွှဲ၍ လွတ်​သွားသည့်​သူ့စိတ်အား သတိ​ဆောင်ထိန်းက သက်​ပိုင်​အား တစ်​​နေရာသို့​ခေါ်သွားဖို့ ကြံရ​တော့သည်​။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now