26

2K 190 4
                                    

မ​ကျေနပ်​နိုင်​ပါ။ ​မ​ကျေနပ်​​တော့ ဘာဖြစ်​ချင်​လဲဆို ဘာမှလည်းမဖြစ်​ချင်​။ ​ဒေါသထွက်​​ခြင်းနှင့်​အတူ ပါလာသည့်​ စိတ်​ဆိုး​ဒေါသထွက်​ခြင်းသည်သာ စိတ်​​၌ ဖြစ်​တည်​​နေ​လေသည်​။ သက်​ပိုင်​က ပက်​လက်​လှန်​လှဲ​နေရာမှ ​ခြေ​ထောက်​နှစ်​ဖက်​အား ​မွေ့ရာဖြင့်​ရိုက်​၍ ​ဒေါသ​ဖြေ​နေမိ၏။ ထင်​ချင်​ရာထင်​ ​ပြောချင်​ရာ​ပြောခဲ့ပါ​သော ခွန်​ချမ်း​ကြောင့်​ သူ့စိတ်​၌ ​ဒေါသတည်​သည်​။

"ငါကပဲ သူ့ကို သစ္စာ​ဖောက်​ပြီးထားသွားမယ့်​အတိုင်းပဲ၊ ငါက သူများ​ပြောတိုင်း လုပ်​မယ့်​သူလား၊ ဇာတ်​လမ်းအကြည့်​များပြီး ရူးများသွားသလား ​ရေခဲတုံး တကယ်​​ရေခဲတုံး"

ပို၍​ဒေါသထွက်​လာတာ​ကြောင့်​ သက်​ပိုင်​က ​မွေ့ရာကို ​ခြေ​ထောက်ဖြင့်​ ကန်​​နေလိုက်​၏။ လူအများ​ရှေ့မှာ သူ့ကို​အော်​ခဲ့သည်​ကို ပြန်​၍​တွေးမိ​တော့ ပိုလို့​တောင်​ ​ဒေါသထွက်​လာကာ ​မွေ့ရာကိုကန်​ရုံပါမက တစ်​ကိုယ်​လုံးအား လူးလှိမ့်​လိုက်​သည်​။

"စိတ်​တိုလိုက်​တာကွာ စိတ်​တိုတယ်​ ​ရေခဲတုံးကို ချစ်​သူ​တော်​ထားရတာပဲ "

သက်​ပိုင်​က ခန္ဓာကိုယ်​လှိမ့်​​နေခြင်းအားရပ်​ပြီး မျက်​နှာကြက်​ကိုသာ ​ငေးကြည့်​နေမိသည်​။ စိတ်​တို​ဒေါသထွက်​ခြင်းမှ ဝမ်းနည်းသည့်​ဘက်​သို့ ကူး​ပြောင်းလာသည့်အခါ မျက်​ဝန်းထဲမျက်​ရည်​တို့ ပြည့်​လာ​လေသည်​။ သို့​သော်​လည်း ထိုမျက်​ရည်​​တွေအား ကျခွင့်​မ​ပေးဘဲ မျက်​​တောင်​ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ကာ ထိန်းထားရသည်​။

"​ရေခဲတုံးလိုလူမျိုး"

ပါး​ပေါ်ကျလာသည့်​ မျက်​ရည်​စက်​​တွေအား လက်​ဖဝါးဖြင့်​ပွတ်​ဆွဲလိုက်​၏။ အ​တွေး​တွေကို ​ခေါက်​သိမ်းပြီး အိပ်စက်​ဖို့ရာအတွက်​ မျက်​ခွံ​တွေကိုမှိတ်​လိုက်​​တော့ သူ့နားစည်​သို့ရိုက်​ခတ်​လာပါ​သော ဖုန်းသံ။ သက်​ပြင်းချကာ ထထိုင်​လိုက်​ပြီး​နောက်​ စားပွဲ​ပေါ်ရှိဖုန်းကိုယူကာကြည့်​တော့ ခွန်​ချမ်းဆက်​တာပင်​။ မကိုင်​ဖို့ရွယ်​​ပေမယ့်​လည်း မကိုင်​ပါက ထပ်​​ခေါ်ဦးမည်​ဆိုတာ ​သေချာသည်​​ကြောင့်​ ဖုန်းကိုင်​လိုက်​ပါ​တော့သည်​။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Tahanan ng mga kuwento. Tumuklas ngayon