ခွန်ချမ်းက သူအော်လိုက်သဖြင့် လန့်သွားသည့်သက်ပိုင်ကြောင့် လွန်သွားသလားလို့တွေးမိကာ ဒေါသကိုလျော့လိုက်သည်။ သက်ပိုင်ကတော့ ခွန်ချမ်းမျက်နှာကိုပဲ မကြောက်မရွံ့ကြည့်နေသည်။ သက်ပိုင်မှာ ခွန်ချမ်းအား လန့်ပေမယ့်လည်း လှည့်ပြန်ဖို့အစီအစဉ်မရှိ။ ခွန်ချမ်းအား အထီးကျန်ခြင်းအရသာအား မခံစားစေချင်။ သူသာလှည့်ပြန်လိုက်ရင် ခွန်ချမ်းတစ်ယောက်တည်း အထီးကျန်နေမည်ဖြစ်သလို ခွန်ချမ်းစိတ်သောကရောက်ချိန် ခွန်ချမ်းဘေးမှာမရှိပေးနိုင်ရကောင်းလားဆိုပြီး နောင်တရနေလိမ့်မည်။
ခွန်ချမ်းက သက်ပိုင်အား တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူတို့နှစ်ယောက်လုံး ဘယ်သူကမှစကားမပြောဖြစ်သေး။ စိတ်တိုဒေါသဖြစ်ထွက်မှုကြောင့် အခုချိန်၌ ခွန်ချမ်းအနေဖြင့် တစ်ယောက်တည်းသာနေချင်သည်။
သက်ပိုင်က တိတ်ဆိတ်မှုကို ဖြိုခွင်းဖို့အတွက် ရှေ့သို့်ခြေတစ်လှမ်းတိုးခြင်းဖြင့် စတင်သည်။ ခွန်ချမ်းက မည်သူ့ကိုမှမလိုအပ်ဟန် မျက်နှာတည်ထားပေမယ့် မျက်ဝန်းထဲတွင် အထီးကျန်နေကြောင်း သူဖတ်မိသည်။ တစ်ယောက်ယောက်ကို သေချာပေါက် လိုအပ်နေသည်။ ထိုလိုအပ်မှုကို သူဖြည့်ဆည်းပေးချင်သည်။ ဘယ်လောက်စိတ်တိုတို သူ့အနေဖြင့် ခွန်ချန်းအနားမှ ထွက်သွားဖို့ အစီအစဉ်မရှိပါ။
"ကျွန်တော် artist sanအနားကနေ ထွက်သွားဖို့အစီအစဉ်မရှိပါဘူး"
ခွန်ချမ်းက သက်ပိုင်မျက်နှာကို ဒေါသဖြင့်စိုက်ကြည့်လိုက်သည်။ သက်ပိုင်က ကြောက်မသွားဘဲ ထိုဒေါသတွေအား သူ့နွေးထွေးတဲ့အကြည့်များဖြင့် စိုက်ကြည့်ကာ.....
"ကျွန်တော် artist sanအဖေနဲ့ ဖုန်းပြောနေတာကြားပါတယ်၊ ပြီးတော့ artist sanရဲ့မိသားစုဒဏ်ရာအချို့ကိုလည်း ကျွန်တော်သိထားပါတယ်"
BINABASA MO ANG
ကျွန်တော့်ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)
Romanceခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ ခွန်ချမ်းငြိမ်း နှင့် သက်ပိုင်သူ