25

1.9K 213 1
                                    

ဦးသန့်​စင်​က ခြံထဲမှာရှိသည့်​သားဖြစ်​သူရဲ့မျက်​နှာ​လေးကို လွမ်းဆွတ်​ဖွယ်​ ​ငေးကြည့်​​နေမိသည်​။ သားရဲ့ချစ်​သူလို့​ပြောရမည့်​ ​ကောင်​​လေးတစ်​ယောက်​နှင့်​ အတူရှိချိန်​က ​ပြုံး​ပျော်​​နေသည့်​သားသည်​ သူ့ကို​တွေ့ချိန်​​တော့ အမုန်းတရား​တွေနှင့်​ပြည့်​သွားကာ မပြုံးနိုင်​မ​ပျော်​နိုင်​​တော့​ချေ။ ဒီ​လောက်​ထိမုန်း​နေရတာလားဆိုတာ သားဆီသို့လာတိုင်း ခံစားရ​ပေမယ့်​ ထပ်​မံ၍မျက်​မြင်​ခံစားလာရသည့်​အခါ ရင်​နာရ၏။

သက်​ပိုင်​က ခြံ​ရှေ့မှာရှိ​နေသည့်​လူကြီးကိုတစ်​လှည့်​ ခွန်​ချမ်းကိုတစ်​လှည့်​ကြည့်​​နေသည်​။ ခြံ​ရှေ့မှာရပ်​​နေသည့်​လူကြီးရဲ့မျက်​နှာ၌ ဝမ်းနည်းမှု၊​ ​ပျော်​ရွှင်​မှု၊ ကြည်​နူးမှု၊ ချစ်​ခြင်းတရားတို့ ​ပေါ်လွင်​​​နေ​ပေမယ့်​ ခွန်​ချမ်းရဲ့မျက်​နှာထက်​၌ အမုန်းတရား​တွေသာ ​ထင်​ရှားစွာရှိ​နေ​လေသည်​။ သက်​ပိုင်​က ခွန်​ချမ်းရဲ့​ဒေါသအား အနည်းငယ်​မျှ ငြိမ်း​စေရန်​ ခွန်​ချမ်းလက်​ဖဝါးကိုဆုပ်​ကိုင်​ကာ အား​ပေးလိုက်​၏။

"ဘယ်​သူလဲချမ်းငြိမ်းရာ"

သက်​ပိုင်​ရဲ့အသံကြားမှ ခွန်​ချမ်းက မီး​တောက်​တစ်​ခုလို ​တောက်​​လောင်​​နေ​သေ ​ဒေါသ​တွေအား သက်​ပိုင်​ရဲ့အသံဖြင့်​ ငြိမ်း​စေသည်​။

"ဘယ်​သူလဲချမ်းငြိမ်းရာ"

သက်​ပိုင်​က ထပ်​၍​မေးလိုက်​သည်​။

ခွန်ချမ်းက သက်​ပိုင်​ဘက်​လှည့်​ကာ သက်​ပိုင်​မျက်​နှာကိုကြည့်​ပြီး ပြုံးလိုက်​မိပြီး....

"ကိုယ်လည်းမသိဘူး​လေ"

"သား ခွန်​ချမ်း"

ခွန်​ချမ်းရဲ့စကားအဆုံး ဦးသန့်​စင်​ရဲ့စကားသံ ထွက်​လာ​လေ၏။ သားဆိုတဲ့​ခေါ်သံ​ကြောင့်​ ခွန်​ချမ်းက စိတ်​တိုသွားကာ လက်​သီးဆုပ်​လျက်​သားဖြစ်​သွား၏။ သက်​ပိုင်​က​တော့ ခွန်​ချမ်းရဲ့​ဒေါသထွက်​​နေတဲ့မျက်​မှာကိုတစ်​လှည့်​ ခြံ​ရှေ့မှာရပ်​​နေသည့်​ခွန်​ချမ်းအ​ဖေရဲ့ ဝမ်းနည်း​နေသည့်​မျက်​နှာကိုတစ်​လှည့်​ကြည့်​ကာ ဤ​နေရာမှ ထွက်​သွား​ပေးဖို့လိုအပ်​​ကြောင်း သိလိုက်​​လေပြီ။

ကျွန်​​တော့်​ရဲ့ Artist san (ကျွန်တော့်ရဲ့ Artist san)(Completed)Where stories live. Discover now